Wednesday 12 March 2014

နေ့စဉ် မှတ်တမ်း-၃-၈၈

၁၄၊၄၊၁၉၈၈

     ဒီနေ့ သင်္ကြန် အတက်နေ့။ မေမေ နဲ့ မမ က ဥပုသ်စောင့် သွားကြတယ်။ ဒီနေ့ တော့ လမ်းထဲ က အပျို အအို တွေ ငြိမ် နေ ကြတယ်။ မနေ့ ကတော့ သောင်းကျန်း လိုက်ကြတာ။ အမျိုးသမီး တွေ နဲ့ အမျိုးသား တွေ တစ်ဖက် နဲ့ တစ်ဖက် အိုးမည်း သုတ်ကြတယ်။ အပျို လူပျို တင်မကဘဲ အအို တွေ ပါ ဝင်ကစား ကြတယ်။ ကလေးတွေ ဆော့ရင် ဆူတတ်တဲ့ မိဘတွေ လည်း ဒီတစ်ခါ တော့ သူတို့ ကိုယ်တိုင် မျောက်ရှုံး အောင် ဆော့ကြ လေရဲ့။   တစ်နှစ် တစ်ခါ ပျော်ကြ ရ တာ။ အားလုံး စိတ်လွတ် ကိုယ်လွတ် သောကတွေ မေ့ထားပြီး ပျော်ကြတာ။ ကျွန်တော် က အိမ် အပေါ်ထပ် ခေါင်းရင်း ပြူတင်းပေါက် နားမှာ ထိုင် စာဖတ်ရင်း အပြင် ကို ငေး နေမိတယ်။

     ရာသီဥတု က တော်တော် ပူတယ်။ တပေါင်း တန်ခူး ရဲ့ နွေသရုပ် ပေါ့။ ခြံဝန်း ထဲ က သစ်ပင် တွေ ခြေရင်းမှာ ရွက်ခြောက် တွေ ပုံနေတယ်။ သစ်ကိုင်းတွေမှာ နီဖျော့ဖျော့ ပုရစ်ဖူး လေးတွေ ထွက်နေတယ်။ မြေပြင် လည်း သွေ့ခြောက်ပြီး မိုးတွင်းရေဝပ် ခဲ့တဲ့ နေရာ တွေမှာ ပပ်ကြားအက် တွေ က အကွက် အကွက် ထနေတယ်။ လေငြိမ် နေ တယ်။ ကောင်းကင် ပြင် ကလည်း ပြာပြီး တောက်ပနေတယ်။ တိမ်တွေ ကင်းလို့ နေရောင် ဟာ မြေပြင် ပေါ်ကို အကာအကွယ် မဲ့ ထိုးကျနေတယ်။ ပတ်ဝန်းကျင် တစ်ခု လုံး လင်းထိန်တောက် ပပြီး ဟာလာ ဟင်းလင်း ပွင့်နေ သလိုပဲ။

     ရင်ထဲမှာ ဟာနေတယ်။ မောနေတယ်။ စိတ်အစဉ် ကလည်း ပျံ့နေတယ်။ လွင့်မျော နေတယ်။ တစ်ခါ တစ်ခါ အသက်ကို တအား ရှိုက်ရှု ပြီး သက်ပြင်း အရှည်ကြီး ချနေ မိတယ်။ တစ်ခါ တစ်ခါ လည်း အသက် ရှု မှန်း မသိလောက် အောင် မျှဉ်း မျှဉ်း လေး ရှု နေမိတယ်။ မျက်တောင် မခတ်ဘဲ တစ်နေရာတည်း ကို စိုက် ကြည့် နေ ပေ မဲ့ အရာ ဝတ္ထု တွေ က မသဲကွဲ ဘူး။ တစ်ချက် တစ်ချက် ခေါင်းထဲမှာ ရိပ်ခနဲ ရိပ်ခနဲ ဖြစ် ပြီး ဟင်းလင်းပြင် ထဲ မျော သွားတယ်။

     ရင်ထဲ ဟာနေတယ်။

     စိတ်က မျောလွင့်နေတယ်။

     တစ်ခုခု ကို လွမ်းနေတယ်။

     ဘာကို လွမ်း နေမိ မှန်းလည်း မသိ။

     ခနနေတော့ ပတ်ဝန်း ကျင် အခြေ အနေ ဟာ ပြောင်း သွားပြန်တယ်။ လေခပ် ကြမ်းကြမ်း တိုက် လာတယ်။ စာရွက် တွေ တဖျပ်ဖျပ် လန်ကုန် တယ်။ ဆံပင် တွေ မျက်နှာ ပေါ် ကျလာတယ်။ ကြည်ပြာ ရောင် တောက် နေတဲ့ ကောင်းကင် ပြင် ဟာ မှိုင်းလာတယ်။ မိုးကုပ် စက်ဝိုင်း အစွန်း နား မှာ မိုးသားတွေ ညို့လာတယ်။ လေထဲမှာ မိုးနံ့ လေး ရလိုက်တယ်။ သင်္ကြန်မိုး ရွာတော့ မယ် ထင်ရဲ့။

     လေက တဖြည်းဖြည်း ထန်လာ တယ်။ သစ်ပင် သစ်ကိုင်း သစ်ခက် တွေ လေ ကြောင့် ယိမ်ထိုး နေတယ်။ ပင်ခြေ က သစ်ရွက် ခြောက် တွေ လေကြမ်းနဲ့ လိမ့် ပါသွား ပြီး အပင် ခြေရင်း မှာ ရှင်း သွားတယ်။

     မိုးငွေ့ လေး ပါလာတော့ သစ်ရွက်လေး တွေ စိမ်းလာ သလို ပဲ။ ပုရစ်ဖူး တွေ လည်း ရဲရဲ နီ လာတယ်။ မြက်ပင် လေး တွေ လည်း ခေါင်း ထောင်လာ တယ်။ ပတ်ဝန်းကျင် တစ်ခွင်လုံး မှိုင်းနေ ပေမဲ့ အရာ ဝတ္ထု တွေ က သစ်လွင် နေတယ်။ ကျွန်တော် တို့ အိမ် ကနေ မြင် နေ ရ တဲ့ အမက ကျောင်းဝန်းထဲ လှမ်း ကြည့် မိ တယ်။ ငွေရောင် ငန်း တစ်အုပ် က လည် ကို ဆန့် အတောင် ကို ဖြန့် ပြီး ကျောင်းရှေ့ က မြက်ခင်း ပြင် ထဲ ပြေးဝင် သွားတယ်။ နွားမ ကြီး နဲ့ နွားပေါက်လေး တစ်ကောင် က ကွင်းပြင် ကို ပတ် ပြီး ကဆုန် ပေါက် ပြေး နေတယ်။ ပျံလွှား လေး တစ်အုပ် ကလည်း လေ ကို စုန် ဆန် ပျံ ဝဲ နေ တယ်။ မိုးဦး ကျ ချိန် လေး နဲ့ တူ လိုက်တာ။

 

     အခု လေထဲ မှာ မိုးစက် တွေ ပါ လာတယ်။ မိုးခြိမ်း သံတွေ က ဟိုး အဝေး ကနေ နီး လာ သလို ကြားရတယ်။ အပူရှိန် ရှိ နေတဲ့ မြေပြင် ပေါ် ကို မိုးစက် တွေ ကျ ပြီး မြေသင်းနံ့ ပျံ့လာတယ်။ ကျောင်း ခြံ စည်းရိုး နား က ရေ အိုင် ထဲ ကို မိုး စက် တွေ ကျ ပြီး ရေပြင် ပေါ် မှာ စက် ဝိုင်း အထပ်ထပ် ပေါ်လာတယ်။ ပြူတင်း ပေါက် နား ထိုင် နေတဲ့ ကျွန်တော့် မျက်နှာ ကို မိုးစက် တွေ လာ မှန်တယ်။ ပါးစပ် ဟပြီး မိုးစက် တွေ ရဲ့ အရသာ မြည်း ကြည့် မိ တယ်။ လေထုထဲ က မိုးနံ့ နဲ့ မြေသင်းနံ့ ကို တဝကြီး ရှိုက်ရှု လိုက် မိ တယ်။


၁၄၊၄၊၁၉၈၈
     ဒီေန႔ သၾကၤန္ အတက္ေန႔။ ေမေမ နဲ႔ မမ က ဥပုသ္ေစာင့္ သြားၾကတယ္။ ဒီေန႔ ေတာ့ လမ္းထဲ က အပ်ိဳ အအို ေတြ ျငိမ္ ေန ၾကတယ္။ မေန႔ ကေတာ့ ေသာင္းက်န္း လိုက္ၾကတာ။ အမ်ိဳးသမီး ေတြ နဲ႔ အမ်ိဳးသား ေတြ တစ္ဖက္ နဲ႔ တစ္ဖက္ အိုးမည္း သုတ္ၾကတယ္။ အပ်ိဳ လူပ်ိဳ တင္မကဘဲ အအို ေတြ ပါ ဝင္ကစား ၾကတယ္။ ကေလးေတြ ေဆာ့ရင္ ဆူတတ္တဲ့ မိဘေတြ လည္း ဒီတစ္ခါ ေတာ့ သူတို႔ ကိုယ္တိုင္ ေမ်ာက္ရႈံး ေအာင္ ေဆာ့ၾက ေလရဲ႕။   တစ္ႏွစ္ တစ္ခါ ေပ်ာ္ၾက ရ တာ။ အားလံုး စိတ္လြတ္ ကိုယ္လြတ္ ေသာကေတြ ေမ့ထားၿပီး ေပ်ာ္ၾကတာ။ ကြ်န္ေတာ္ က အိမ္ အေပၚထပ္ ေခါင္းရင္း ျပဴတင္းေပါက္ နားမွာ ထိုင္ စာဖတ္ရင္း အျပင္ ကို ေငး ေနမိတယ္။
     ရာသီဥတု က ေတာ္ေတာ္ ပူတယ္။ တေပါင္း တန္ခူး ရဲ႕ ေႏြသရုပ္ ေပါ့။ ျခံဝန္း ထဲ က သစ္ပင္ ေတြ ေျခရင္းမွာ ရြက္ေျခာက္ ေတြ ပံုေနတယ္။ သစ္ကိုင္းေတြမွာ နီေဖ်ာ့ေဖ်ာ့ ပုရစ္ဖူး ေလးေတြ ထြက္ေနတယ္။ ေျမျပင္ လည္း ေသြ႕ေျခာက္ၿပီး မိုးတြင္းေရဝပ္ ခဲ့တဲ့ ေနရာ ေတြမွာ ပပ္ၾကားအက္ ေတြ က အကြက္ အကြက္ ထေနတယ္။ ေလၿငိမ္ ေန တယ္။ ေကာင္းကင္ ျပင္ ကလည္း ျပာၿပီး ေတာက္ပေနတယ္။ တိမ္ေတြ ကင္းလို႔ ေနေရာင္ ဟာ ေျမျပင္ ေပၚကို အကာအကြယ္ မဲ့ ထိုးက်ေနတယ္။ ပတ္ဝန္းက်င္ တစ္ခု လံုး လင္းထိန္ေတာက္ ပၿပီး ဟာလာ ဟင္းလင္း ပြင့္ေန သလိုပဲ။
     ရင္ထဲမွာ ဟာေနတယ္။ ေမာေနတယ္။ စိတ္အစဥ္ ကလည္း ပ်ံ႕ေနတယ္။ လြင့္ေမ်ာ ေနတယ္။ တစ္ခါ တစ္ခါ အသက္ကို တအား ရႈိက္ရႈ ၿပီး သက္ျပင္း အရွည္ႀကီး ခ်ေန မိတယ္။ တစ္ခါ တစ္ခါ လည္း အသက္ ရႈ မွန္း မသိေလာက္ ေအာင္ မွ်ဥ္း မွ်ဥ္း ေလး ရႈ ေနမိတယ္။ မ်က္ေတာင္ မခတ္ဘဲ တစ္ေနရာတည္း ကို စိုက္ ၾကည့္ ေန ေပ မဲ့ အရာ ဝတၳဳ ေတြ က မသဲကြဲ ဘူး။ တစ္ခ်က္ တစ္ခ်က္ ေခါင္းထဲမွာ ရိပ္ခနဲ ရိပ္ခနဲ ျဖစ္ ၿပီး ဟင္းလင္းျပင္ ထဲ ေမ်ာ သြားတယ္။
     ရင္ထဲ ဟာေနတယ္။
     စိတ္က ေမ်ာလြင့္ေနတယ္။
     တစ္ခုခု ကို လြမ္းေနတယ္။
     ဘာကို လြမ္း ေနမိ မွန္းလည္း မသိ။
     ခနေနေတာ့ ပတ္ဝန္း က်င္ အေျခ အေန ဟာ ေျပာင္း သြားျပန္တယ္။ ေလခပ္ ၾကမ္းၾကမ္း တိုက္ လာတယ္။ စာရြက္ ေတြ တဖ်ပ္ဖ်ပ္ လန္ကုန္ တယ္။ ဆံပင္ ေတြ မ်က္ႏွာ ေပၚ က်လာတယ္။ ၾကည္ျပာ ေရာင္ ေတာက္ ေနတဲ့ ေကာင္းကင္ ျပင္ ဟာ မႈိင္းလာတယ္။ မိုးကုပ္ စက္ဝိုင္း အစြန္း နား မွာ မိုးသားေတြ ညို႔လာတယ္။ ေလထဲမွာ မိုးနံ႔ ေလး ရလိုက္တယ္။ သၾကၤန္မိုး ရြာေတာ့ မယ္ ထင္ရဲ႕။
     ေလက တျဖည္းျဖည္း ထန္လာ တယ္။ သစ္ပင္ သစ္ကိုင္း သစ္ခက္ ေတြ ေလ ေၾကာင့္ ယိမ္ထိုး ေနတယ္။ ပင္ေျခ က သစ္ရြက္ ေျခာက္ ေတြ ေလၾကမ္းနဲ႔ လိမ့္ ပါသြား ၿပီး အပင္ ေျခရင္း မွာ ရွင္း သြားတယ္။
     မိုးေငြ႔ ေလး ပါလာေတာ့ သစ္ရြက္ေလး ေတြ စိမ္းလာ သလို ပဲ။ ပုရစ္ဖူး ေတြ လည္း ရဲရဲ နီ လာတယ္။ ျမက္ပင္ ေလး ေတြ လည္း ေခါင္း ေထာင္လာ တယ္။ ပတ္ဝန္းက်င္ တစ္ခြင္လံုး မႈိင္းေန ေပမဲ့ အရာ ဝတၳဳ ေတြ က သစ္လြင္ ေနတယ္။ ကြ်န္ေတာ္ တို႔ အိမ္ ကေန ျမင္ ေန ရ တဲ့ အမက ေက်ာင္းဝန္းထဲ လွမ္း ၾကည့္ မိ တယ္။ ေငြေရာင္ ငန္း တစ္အုပ္ က လည္ ကို ဆန္႔ အေတာင္ ကို ျဖန္႕ ၿပီး ေက်ာင္းေရွ႕ က ျမက္ခင္း ျပင္ ထဲ ေျပးဝင္ သြားတယ္။ ႏြားမ ႀကီး နဲ႔ ႏြားေပါက္ေလး တစ္ေကာင္ က ကြင္းျပင္ ကို ပတ္ ၿပီး ကဆုန္ ေပါက္ ေျပး ေနတယ္။ ပ်ံလႊား ေလး တစ္အုပ္ ကလည္း ေလ ကို စုန္ ဆန္ ပ်ံ ဝဲ ေန တယ္။ မိုးဦး က် ခ်ိန္ ေလး နဲ႔ တူ လိုက္တာ။

     အခု ေလထဲ မွာ မိုးစက္ ေတြ ပါ လာတယ္။ မိုးၿခိမ္း သံေတြ က ဟိုး အေဝး ကေန နီး လာ သလို ၾကားရတယ္။ အပူရွိန္ ရွိ ေနတဲ့ ေျမျပင္ ေပၚ ကို မိုးစက္ ေတြ က် ၿပီး ေျမသင္းနံ႔ ပ်ံ႕လာတယ္။ ေက်ာင္း ျခံ စည္းရိုး နား က ေရ အိုင္ ထဲ ကို မိုး စက္ ေတြ က် ၿပီး ေရျပင္ ေပၚ မွာ စက္ ဝိုင္း အထပ္ထပ္ ေပၚလာတယ္။ ျပဴတင္း ေပါက္ နား ထိုင္ ေနတဲ့ ကြ်န္ေတာ့္ မ်က္ႏွာ ကို မိုးစက္ ေတြ လာ မွန္တယ္။ ပါးစပ္ ဟၿပီး မိုးစက္ ေတြ ရဲ႕ အရသာ ျမည္း ၾကည့္ မိ တယ္။ ေလထုထဲ က မိုးနံ႔ နဲ႔ ေျမသင္းနံ႔ ကို တဝႀကီး ရိႈက္ရႈ လိုက္ မိ တယ္။ 

နေ့စဉ် မှတ်တမ်း-၂-၈၈

၁၂၊၀၄၊၁၉၈၈

အင်္ဂါနေ့

     သင်္ကြန် အကြိုနေ့။ ထုံးစံ အတိုင်း ပဲပေါ့။ အလုပ်ထဲမှာ သောင်းကျန်းကြတယ်။ အများစု က မူးနေကြ တယ်။ ငါတို့ စက်ရုံက မုန့်လက်ဆောင်း တိုက် တယ်။

     ငါတို့ သုံးယောက် ကြိုဝယ်ထား တဲ့ Rasp Berry သောက် ကြည့် တယ်။ ဘယ်သူမှ မကြိုက် ဘူး။ ကောင်းလည်း မကောင်းဘူး။ တစ်ယောက် တစ်ငုံ လောက်ပဲ စမ်း သောက် ကြ ပြီး ကျန်တဲ့ တစ်ပုလင်း လုံး ကို ဦးတင်ကြည် ကို ပေးလိုက် တယ်။ ဦးတင်ကြည် ကတော့ ပျော် လို့ ပေါ့။

     အလုပ်သမားတွေ အားလုံး ပြန် တော့ စက်ရုံ တံခါး ပိတ် ပြီး ငါတို့ သုံး ယောက် ရုပ်ရှင် ကြည့်ဖို့ ထွက်လာ ကြတယ်။ စောနေ သေးလို့ ဆူးလေ ဘုရား ဖူးကြတယ်။ ပြီးတော့ မှ ဘုရင့် ရုံ က The Big Red One ကြည့် ကြတယ်။

  ရုပ်ရှင် ပြီးတော့ ပန်းဆိုးတန်း ဘက် က စာအုပ် အဟောင်း ဆိုင်တွေ ဆီ သွားကြတယ်။ ငါ က စာအုပ် ၃ အုပ် ဝယ်ခဲ့ တယ်။ အပြန် ကား ကြပ် လိုက် တာ။ မျက် မှန် က ဆေး တွေ တောင် ကွာ ကုန်တယ်။


၁၂၊၀၄၊၁၉၈၈
အဂၤါေန႔
     သၾကၤန္ အႀကိဳေန႔။ ထံုးစံ အတိုင္း ပဲေပါ႔။ အလုပ္ထဲမွာ ေသာင္းက်န္းၾကတယ္။ အမ်ားစု က မူးေနၾက တယ္။ ငါတို႔ စက္ရံုက မုန္႔လက္ေဆာင္း တိုက္ တယ္။
     ငါတို႔ သံုးေယာက္ ႀကိဳဝယ္ထား တဲ့ Rasp Berry ေသာက္ ၾကည့္ တယ္။ ဘယ္သူမွ မႀကိဳက္ ဘူး။ ေကာင္းလည္း မေကာင္းဘူး။ တစ္ေယာက္ တစ္ငုံ ေလာက္ပဲ စမ္း ေသာက္ ၾက ၿပီး က်န္တဲ့ တစ္ပုလင္း လံုး ကို ဦးတင္ၾကည္ ကို ေပးလိုက္ တယ္။ ဦးတင္ၾကည္ ကေတာ့ ေပ်ာ္ လို႔ ေပါ့။
     အလုပ္သမားေတြ အားလံုး ျပန္ ေတာ့ စက္ရံု တံခါး ပိတ္ ၿပီး ငါတို႔ သံုး ေယာက္ ရုပ္ရွင္ ၾကည့္ဖို႔ ထြက္လာ ၾကတယ္။ ေစာေန ေသးလို႔ ဆူးေလ ဘုရား ဖူးၾကတယ္။ ၿပီးေတာ့ မွ ဘုရင့္ ရံု က The Big Red One ၾကည့္ ၾကတယ္။
  ရုပ္ရွင္ ၿပီးေတာ့ ပန္းဆိုးတန္း ဘက္ က စာအုပ္ အေဟာင္း ဆိုင္ေတြ ဆီ သြားၾကတယ္။ ငါ က စာအုပ္ ၃ အုပ္ ဝယ္ခဲ့ တယ္။ အျပန္ ကား ၾကပ္ လိုက္ တာ။ မ်က္ မွန္ က ေဆး ေတြ ေတာင္ ကြာ ကုန္တယ္။