Monday 30 June 2014

နေ့စဉ် မှတ်တမ်း-၆-၈၈

၁၊၀၅၊၁၉၈၈

     မနက် အိပ်ရာ ထ ကတည်းက စိတ်ထဲ ရှင်းနေတယ်။ ရာသီ ဥတုကလည်း အေးအေးချမ်းချမ်း၊ ရင်ထဲမှာ လည်း အေးအေး ချမ်းချမ်း၊ စိတ်ညစ် စရာ မရှိဘူး။

     လစာ မထုတ်ခင် ရက်တွေ က စိတ်ညစ် နေရတယ်။ စိတ်ထဲ အလို မကျ သလို၊ အားငယ် သလို ဖြစ်နေ ခဲ့တယ်။ ငွေစုငွေချေး လျှောက်ထားတယ်။ ရပါ့မလားပေါ့။ အရင် ချေးငွေ လက်ကျန် ကို ဧပြီလ ၁၀ ရက်နေ့ ကတည်း က ထိုးဆပ်ပြီးပြီ။ ဒါတောင် ဧပြီလ လဝက် လစာ ထုတ်တော့ ထပ်ဖြတ်သေးတယ်။ သွားပြောမှ ပြန်ပေးတယ်။ ဒီလ ကုန်ရင် ၁၅၀၀ ချေးပေးဖို့ လျှောက်လွှာ တင်ထားတယ်။ ဧပြီလ လကုန် လစာ ထုတ်တော့ ချေးငွေ မဖြတ်တော့ဘူး။ ဒါဆို မေလ မှာ ချေးငွေ ရဖို့ သေချာပြီ။ သက်သာ အမှုဆောင် ဦးတင်သိန်း ကို ပြောထားတယ်။ ချေးငွေ ရရင် သူ့ကို လက်ဖက်ရည် တိုက်ရမယ်။

     အခုမှ ပတ်ဝန်းကျင် က အလှအပ တွေကို သတိပြုမိ တော့တယ်။ တဖွဲဖွဲ ကျနေတဲ့ မိုးစက်တွေ၊ စိန်ပန်းပွင့် နီနီတွေ၊ မြက်ခင်း စိမ်းစိမ်းတွေ ကိုကြည့် ပြီး ပျော်နေတယ်။ မိုးသည်းသည်း မည်းမည်း ရွာ ပြီး လေပြင်းတွေ တိုက်ရင် ရေစီးကြောင်းထဲ မျော ပါ သွားတဲ့ စိန်ပန်းပွင့် နီနီတွေ ကို မျက်စေ့ တစ်ဆုံး လိုက်ကြည့် နေမိတယ်။ မိုးရေစက်တွေ ထဲ ပျံသန်း နေတဲ့ ပျံလွှားလေး တွေ ကို လည်း အားကျ နေမိတယ်။ ရေတွေ ဖုံး ပြီး အဖျားပိုင်းလေးတွေပဲ ပေါ်နေတဲ့ ကွင်းပြင် ထဲ က မြက်ပင်လေးတွေ ကို လည်း ငေးနေမိတယ်။ သူတို့ တွေလို အပူအပင် ကင်းချင် လိုက်တာ။

     ဒီနေ့ ( တနင်္ဂနွေနေ့ ) မှာ ကိုချစ်စမ်း က ရဟန်းခံ ရှင်ပြု ဖိတ်ထားတယ်။ ကိုဌေးလှိုင်၊ လှိုင်မျိုး တို့နဲ့ ဆင်မင်း ဈေး ရှေ့မှာ ချိန်းထားတယ်။ ၈နာရီခွဲ မှာ ဆုံဖို့ မှာထားတယ်။

     အိမ်က ရ နာရီခွဲ မှာ ထွက်လာတယ်။ ဂိတ် ဆုံး ကနေ ရိန်းဂျား သွားစီးတယ်။ ကားတော်တော် ကျပ်တယ်။ ဒါပေမဲ့ မြန်တယ်။ မဆလာ စက် မှတ်တိုင်မှာ ဆင်းပြီး ၃၂ ပြောင်းစီးတယ်။ ၃၂ ကား ကတော့ ချောင်ပါတယ်။ ဒါပေမဲ့ အိပဲ့ အိပဲ့ နဲ့ တစ်ဘီးချင်း လှိမ့်နေတယ်။ ထရော်လီကွေ့ ရောက်တော့ မောင်မောင် နဲ့ ခင်မောင်ကြည် တက်လာတယ်။ ဆင်မင်းဈေး ရောက်တော့ ၈နာရီ ၄၀ ဖြစ်နေပြီ။ ကိုဌေးလှိုင် နဲ့ လှိုင်မျိုး ကို မတွေ့တော့ဘူး။ မလာဘူး ထင်ပြီး သွားကြပြီ ထင်ရဲ့။ ဘုန်းကြီးကျောင်း ထဲ ဝင်သွားတော့ ကိုချစ်စန်း နဲ့ တွေ့တယ်။ သူ က ရဟန်းဝတ် ပြီးပြီ။ ကိုဌေးလှိုင် ကို အလုပ်ထဲက သူငယ်ချင်းတွေနဲ့ ထိုင် စားနေတာ တွေ့တယ်။ လှိုင်မျိုး မလာဘူးတဲ့။ ကျွန်တော် လည်း သူတို့ ဝိုင်းမှာ ဝင်စား လိုက်တယ်။ အုန်းနို့ ခေါက်ဆွဲ က တော်တော် စားကောင်း တယ်။ စားပြီးတော့ သိမ်ထဲမှာ ထိုင်ပြီး စကား ပြောကြတယ်။

 

     မိုးအုံ့ ပြီး ရွာမလိုဖြစ်နေတာ နဲ့ အားလုံး နှုတ်ဆက်ပြီး ပြန်ကြတယ်။ ပန်းဆိုးတန်း က စာအုပ် အဟောင်း ဆိုင် တွေ ဆီ ဝင်မွှေ ချင်သေး ပေမဲ့ ပိုက်ဆံ နည်း နေလို့ မဝင် တော့ဘူး။ အပြန်လမ်း တစ်ဝက် မှာ ပဲ မိုးရွာတယ်။ ကားပေါ်မှာ ဆိုတော့ ကိုယ် တစ်ခြမ်း ရွှဲ သွားတယ်။ အိမ်ရောက်တော့ ထမင်းပြန်ဆာ ပြန်ရော။


၁၊၀၅၊၁၉၈၈
     မနက္ အိပ္ရာ ထ ကတည္းက စိတ္ထဲ ရွင္းေနတယ္။ ရာသီ ဥတုကလည္း ေအးေအးခ်မ္းခ်မ္း၊ ရင္ထဲမွာ လည္း ေအးေအး ခ်မ္းခ်မ္း၊ စိတ္ညစ္ စရာ မရွိဘူး။
     လစာ မထုတ္ခင္ ရက္ေတြ က စိတ္ညစ္ ေနရတယ္။ စိတ္ထဲ အလို မက် သလို၊ အားငယ္ သလို ျဖစ္ေန ခဲ့တယ္။ ေငြစုေငြေခ်း ေလွ်ာက္ထားတယ္။ ရပါ့မလားေပါ့။ အရင္ ေခ်းေငြ လက္က်န္ ကို ဧၿပီလ ၁၀ ရက္ေန႔ ကတည္း က ထိုးဆပ္ၿပီးၿပီ။ ဒါေတာင္ ဧၿပီလ လဝက္ လစာ ထုတ္ေတာ့ ထပ္ျဖတ္ေသးတယ္။ သြားေျပာမွ ျပန္ေပးတယ္။ ဒီလ ကုန္ရင္ ၁၅၀၀ ေခ်းေပးဖို႔ ေလွ်ာက္လႊာ တင္ထားတယ္။ ဧၿပီလ လကုန္ လစာ ထုတ္ေတာ့ ေခ်းေငြ မျဖတ္ေတာ့ဘူး။ ဒါဆို ေမလ မွာ ေခ်းေငြ ရဖို႔ ေသခ်ာၿပီ။ သက္သာ အမႈေဆာင္ ဦးတင္သိန္း ကို ေျပာထားတယ္။ ေခ်းေငြ ရရင္ သူ႔ကို လက္ဖက္ရည္ တိုက္ရမယ္။
     အခုမွ ပတ္ဝန္းက်င္ က အလွအပ ေတြကို သတိျပဳမိ ေတာ့တယ္။ တဖြဲဖြဲ က်ေနတဲ့ မိုးစက္ေတြ၊ စိန္ပန္းပြင့္ နီနီေတြ၊ ျမက္ခင္း စိမ္းစိမ္းေတြ ကိုၾကည့္ ၿပီး ေပ်ာ္ေနတယ္။ မိုးသည္းသည္း မည္းမည္း ရြာ ၿပီး ေလျပင္းေတြ တိုက္ရင္ ေရစီးေၾကာင္းထဲ ေမ်ာ ပါ သြားတဲ့ စိန္ပန္းပြင့္ နီနီေတြ ကို မ်က္ေစ့ တစ္ဆံုး လိုက္ၾကည့္ ေနမိတယ္။ မိုးေရစက္ေတြ ထဲ ပ်ံသန္း ေနတဲ့ ပ်ံလႊားေလး ေတြ ကို လည္း အားက် ေနမိတယ္။ ေရေတြ ဖံုး ၿပီး အဖ်ားပိုင္းေလးေတြပဲ ေပၚေနတဲ့ ကြင္းျပင္ ထဲ က ျမက္ပင္ေလးေတြ ကို လည္း ေငးေနမိတယ္။ သူတို႔ ေတြလို အပူအပင္ ကင္းခ်င္ လိုက္တာ။
     ဒီေန႔ ( တနဂၤေႏြေန႔ ) မွာ ကိုခ်စ္စမ္း က ရဟန္းခံ ရွင္ျပဳ ဖိတ္ထားတယ္။ ကိုေဌးလိႈင္၊ လိႈင္မ်ိဳး တို႔နဲ႔ ဆင္မင္း ေဈး ေရွ႕မွာ ခ်ိန္းထားတယ္။ ၈နာရီခြဲ မွာ ဆံုဖို႔ မွာထားတယ္။
     အိမ္က ရ နာရီခြဲ မွာ ထြက္လာတယ္။ ဂိတ္ ဆံုး ကေန ရိန္းဂ်ား သြားစီးတယ္။ ကားေတာ္ေတာ္ က်ပ္တယ္။ ဒါေပမဲ့ ျမန္တယ္။ မဆလာ စက္ မွတ္တိုင္မွာ ဆင္းၿပီး ၃၂ ေျပာင္းစီးတယ္။ ၃၂ ကား ကေတာ့ ေခ်ာင္ပါတယ္။ ဒါေပမဲ့ အိပဲ့ အိပဲ့ နဲ႔ တစ္ဘီးခ်င္း လွိမ့္ေနတယ္။ ထေရာ္လီေကြ႔ ေရာက္ေတာ့ ေမာင္ေမာင္ နဲ႔ ခင္ေမာင္ၾကည္ တက္လာတယ္။ ဆင္မင္းေဈး ေရာက္ေတာ့ ၈နာရီ ၄၀ ျဖစ္ေနၿပီ။ ကိုေဌးလိႈင္ နဲ႔ လိႈင္မ်ိဳး ကို မေတြ႔ေတာ့ဘူး။ မလာဘူး ထင္ၿပီး သြားၾကၿပီ ထင္ရဲ႕။ ဘုန္းႀကီးေက်ာင္း ထဲ ဝင္သြားေတာ့ ကိုခ်စ္စန္း နဲ႔ ေတြ႔တယ္။ သူ က ရဟန္းဝတ္ ၿပီးၿပီ။ ကိုေဌးလိႈင္ ကို အလုပ္ထဲက သူငယ္ခ်င္းေတြနဲ႔ ထိုင္ စားေနတာ ေတြ႔တယ္။ လိႈင္မ်ိဳး မလာဘူးတဲ့။ ကၽြန္ေတာ္ လည္း သူတို႔ ဝိုင္းမွာ ဝင္စား လိုက္တယ္။ အုန္းႏုိ႔ ေခါက္ဆြဲ က ေတာ္ေတာ္ စားေကာင္း တယ္။ စားၿပီးေတာ့ သိမ္ထဲမွာ ထိုင္ၿပီး စကား ေျပာၾကတယ္။

     မိုးအံု႔ ၿပီး ရြာမလိုျဖစ္ေနတာ နဲ႔ အားလံုး ႏႈတ္ဆက္ၿပီး ျပန္ၾကတယ္။ ပန္းဆိုးတန္း က စာအုပ္ အေဟာင္း ဆိုင္ ေတြ ဆီ ဝင္ေမႊ ခ်င္ေသး ေပမဲ့ ပိုက္ဆံ နည္း ေနလို႔ မဝင္ ေတာ့ဘူး။ အျပန္လမ္း တစ္ဝက္ မွာ ပဲ မိုးရြာတယ္။ ကားေပၚမွာ ဆိုေတာ့ ကိုယ္ တစ္ျခမ္း ရႊဲ သြားတယ္။ အိမ္ေရာက္ေတာ့ ထမင္းျပန္ဆာ ျပန္ေရာ။