၇၊၀၅၊၁၉၈၈
စနေနေ့
ဒီနေ့ လှိုင်မျိုး နဲ့
လျှောက်လည်ဖို့ ချိန်းထား တယ်။ ရွှေတိဂုံ ဘုရား မှာ ဆုံဖို့ ပြောထား တယ်။
ကိုဌေးလှိုင် တော့ မပါဘူး။
အိမ်ကနေ မနက်စောစော ၅ နာရီ ၄၅ မှာ
ထွက်လာတယ်။ သိမ်ကြီးဈေး မှာ ဆင်းပြီး ဗိုလ်ချုပ်ဈေး ရှေ့ ကနေ ဘုရားကား လို့
ခေါ်တဲ့ ကာလေးတွေ ကို စီးတယ်။
တောင်ဖက်မုခ် မှာ ဆင်းတယ်။
ဓါတ်လှေခါး မစီး ဘဲ စောင်းတန်း ကနေ လမ်းလျှောက် တက်လာတယ်။ စောသေးလို့ ထင်ရဲ့။
ဈေးဆိုင်တွေ မဖွင့်သေး ဘူး။ ဆိုင် ရှေ့ က ပစ္စည်း တွေ ကို အဝတ်နဲ့ ကာပြီး အစောင့်
တွေ က ဆိုင် ရှေ့ မှာ ပိုးလိုးပက်လက် အိပ်နေ ကြတယ်။
စောင်းတန်း အတိုင်း မနား ဘဲ
ဆက်တိုက် တက်လာ လိုက်တာ ရင်ပြင်တော် ပေါ် ရောက်တော့ မော နေ ပြီ။ အသက် ပြင်းပြင်း
ရှု နေရ တယ်။ ရင်ပြင်တော် ပေါ်မှာ
ဘုရားဖူး တွေ တော်တော် ရောက်နေ ပြီ။
နံနက်စောစော။ အမှောင်ပြို စ။ ရောင်နီ
ပျိုးစ အချိန်။ ရင်ပြင်တော် ပေါ်မှာ လတ်ဆတ် အေးမြ တဲ့ လေကို ရှုရှိုက် ရတာ ရင်ထဲ
အေးမြ ပြီး အမောပြေ သွားတယ်။ ကြေးစည် သံ၊ ခေါင်လောင်း သံ၊ ဆည်းလည်း သံ တွေ လည်း
ကြည်နူး ဖွယ် ကြားနေရတယ်။ လူတိုင်း လူတိုင်း အေးချမ်း သန့်စင် တဲ့ မျက်နှာ၊ အပူ
အပင် ကင်း တဲ့ မျက်ဝန်း တွေ နဲ့၊ ငြိမ်းချမ်း လိုက်ပါဘိ။ မကောင်းတဲ့ စိတ်တွေ၊
စိတ်ညစ် စရာတွေ၊ အညစ်အကြေး တွေ ကိုယ်ထဲ ခေါင်းထဲ စိတ်ထဲ က ထွက်သွား သလိုပဲ။
ငြိမ်းချမ်း ကြည်နူး ပေါ့ပါး နေတယ်။
ပြာညို့ညို့ ကောင်းကင် ထဲမှာ
ရွှေရောင် တဝင်းဝင်း နဲ့ ထိုးတက်လွင့်ပျံ နေတဲ့ ရွှေတိဂုံ စေတီတော် ကြီး ကို
မော်ဖူးမိတယ်။ ငြိမ်းချမ်း လိုက်တာ။ အေးမြလိုက်တာ။ တကိုယ်လုံး ပေါ့ပါး သွားတယ်။
ရင်ထဲ မှာ ဘာအပူ အပင် မှ မကျန်တော့ သလိုပဲ။
တောင်ဖက် မုခ် တန်ဆောင်းထဲ ဝင်ခဲ့
တယ်။ အထဲမှာ ဘုရား ရှိခိုး ပုတီး စိပ် နေတဲ့သူ ၁၀ ယောက် လောက် ရှိတယ်။ ထောင့်စွန်း
တစ်နေရာ မှာ ထိုင်ပြီး ဆင်းတုတော် ကြီး ကို ဖူးမျှော် တယ်။ ဘုရားရှေ့က ပန်းအိုးတွေ
ထဲမှာ လတ်ဆတ်တဲ့ သပြေညွန့်တွေ ကြာပွင့်တွေ နှင်းဆီတွေ စံပယ်တွေ ဝေနေတယ်။ ရေစက်လေး
တွေ တင်နေတဲ့ နှင်းဆီတွေ ကြာပွင့်တွေ က အေးချမ်းမှု ကို ဆောင်နေတယ်။ စံပယ် ရနံ့
တွေ လည်း သင်းနေတယ်။ အမွေးတိုင် မီးခိုးငွေ့ တွေ က မျက်နှာကြက် ဆီကို
လွင့်ပျံတက်နေတယ်။ မီးခိုးငွေ့တွေ နောက်က မြတ်စွာဘုရား မျက်နှာတော် ကို ဖူးမျှော်ရင်း
ရှိခိုး ဦးချတယ်။ ရွတ်ဖတ် ပူဇော် ပြီးတော့ မျက်လုံး မှိတ် ထား လိုက် တယ်။
ဂွမ်းစလေး တစ်ခုလို ပေါ့ပါး နေတယ်။ လေထဲ မျောသွားသလိုလို တိမ်တွေ ပေါ် ရောက်နေ
သလိုလို ခံစား ရတယ်။ ဘုရားရိပ် တရားရိပ် ဟာ အေးချမ်း လိုက်တာ။
လှိုင်မျိုး နဲ့ ၇ နာရီခွဲ မှာ တွေ့ဖို့
ချိန်းထားတယ်။ ၆ နာရီ ၄၅ ပဲ ရှိသေးတော့ စောင်းတန်းထဲ မှာ ပဲ ထိုင် စောင့် နေ
လိုက်တယ်။
မနက် စောစော ပေမယ့် ဘုရားပေါ်မှာ
လူတွေ တော်တော် များနေပြီ။ ပါတိမောက္ခ ကျောက်စာ တော် ရှေ့နား မှာ ထိုင်း ခရီးသည်
တွေ စုနေကြ တယ်။ ဓါတ်ပုံ တွေ ရိုက် နေကြတယ်။ ရွှေထီး တွေ တလက်လက် နဲ့
မောင်ရင်လောင်း တွေ စောင်းတန်း လှေကား အတိုင်း တက်လာ ကြ တယ်။ ရင်ပြင် တော် ပေါ်မှာ
လည်း ရှင်လောင်း လှည့် နေကြတယ်။ မောင်ရင်လောင်း တစ်ဖွဲ့ က ရွဲ လိုက် တဲ့ သူတောင်
ပါ သေး တယ်။ ရှင်လောင်းတွေ ကို ငေးနေ တုန်း ကိုကျော်ဆင့် ကို တွေ့ တယ်။ သူ့အဖိုး
ကို ဘုရား လိုက် ပို့တာတဲ့။
၇ နာရီ ခွဲ တော့ လှိုင်မျိုး
ရောက်လာတယ်။ စပယ်ပန်း ကန်စွန်းရွက် ပေါက်ပေါက် ပဲကြီးလှော် နဲ့ ဘိုကိတ်ပဲ တွေ
ဝယ်လာတယ်။ စပယ်ပန်းတွေ ကို ရေ ဆေးကြတယ်။ တစ်ယောက် ပန်း ဆယ် ကုံး စီ ယူပြီး ကိုယ့်
မွေးနံ ထောင့် တွေမှာ ပန်းကပ် ရေသပ္ပာယ် ဘုရား ရှိခိုး ကြတယ်။ ဗဟန်း စောင်းတန်း က
ဆင်းပြီး ငါးကန်မှာ ငါးစာ ကျွေး တယ်။ ငါးကျည်း တွေ အများ ကြီး ပဲ၊ ကန်စွန်း ရွက်
ချ ပေးလိုက် ရင် ဝိုင်း တွတ် လိုက် ကြတာ ခနလေး နဲ့ ကုန်ရော။ လိပ်တွေ လည်း ရှိတယ်။
လိပ်ကြီး တွေ က ပေါက်ပေါက် ဆုပ် အလုံး ကြီး တွေ မှ စားတယ်။
ဘုရား ကနေ ကန်တော်ကြီး ဖက် ကို
လျှောက် လာ ကြ တယ်။ မနက် စောစော ဆို တော့ လမ်းမှာ လူ ရှင်းနေ တယ်။ ခေါက်ဆွဲ ဆိုင်
တွေ့ လို့ ဆီချက် ခေါက်ဆွဲ ဝယ်တာ စောသေး လို့ မရဘူး။ ကန်တော်ကြီး ဟော်တယ် ရှေ့ ကနေ
တိရစ္ဆာန် ရုံ ကို သွားကြ တယ်။ တိရစ္ဆာန် ရုံ ဖွင့် နေပြီ။ စားဖို့ ဘာမှ မရှိ သေး
လို့ တိရစ္ဆာန် ရုံ ထဲ မဝင် သေးဘဲ ရန်ကုန် ဘူတာ ကြီး ကို ဆက်လျှောက် ကြတယ်။
ဘူတာကြီး မှာတော့ လူတွေ ပျားပန်းခပ်
နေတယ်။ လူအုပ် ထဲ တော်တော် တိုး သွား ရတယ်။ ပန်းဆိုးတန်း လမ်း အတိုင်း အလယ် ဘလောက်
ကို ဆင်း လာပြီး ရွှေမန်း ဒန်ပေါက် ဆိုင်မှာ ဒန်ပေါက် နှစ် ထုပ် ဝယ်တယ်။ တစ်ထုပ်
ကို ၁၂ ကျပ် ပေးရတယ်။ ဒန်ပေါက် ဝယ်ပြီး လက်ကျန် ပိုက်ဆံ စစ် ကြည့်တော့ နှစ်ယောက်
ပေါင်းမှ ၈ ကျပ် ပဲ ကျန် တော့ တယ်။ အပြန် လမ်းစရိတ် တစ်ယောက် ၂ ကျပ် စီ ဖယ် လိုက်
တော့ သုံး ဖို့ ၄ ကျပ် ပဲ ကျန် တော့တယ်။ ဆူးလေ ကို ဆက် လျှောက် ကြ တယ်။ ဆူးလေ
မှတ်တိုင် ကနေ ၄၄ ကားစီး ပြီး တိရစ္ဆာန် ရုံ ကို ပြန် သွား တယ်။ ကားခ နှစ် ယောက်
စာ ၁ ကျပ် ပေးရတယ်။ တိရစ္ဆာန် ရုံ ဝင်ကြေး က တစ်ယောက် ၁ ကျပ် ဆိုတော့ သုံး ဖို့
လက် ကျန် ၁ ကျပ် ပဲ ကျန်တော့ တယ်။ ရေသောက် ချင် တာ ရေခဲရေ ဝယ် မသောက် နိုင် ဘူး။
မြက်ခင်း စပ် က ရေဘုံပိုင် မှာ သောက်ကြ တယ်။
အထဲ ကို ဝင်ခဲ့ ကြတယ်။ မရောက် တာ
တော်တော် ကြာပြီ။ သစ်ပင် စုစု မြက်ခင်း စိမ်းစိမ်း စိုစို မြင် ရတော့ ရင်ထဲ
ပျော်လာတယ်။ ပါလာတဲ့ ပဲကြီးလှော် ကို မျောက် ယုန် နဲ့ ပူး လေး တွေ ကို ကျွေး တယ်။
တိရစ္ဆာန် တွေ တော်တော် စုံအောင် လျှောက် ကြည့် ပြီး မှ သဘာဝ သမိုင်း ပြတိုက် ဘက်
သွားကြ တယ်။ ပြတိုက် ထဲမှာ နှံ့ အောင် ကြည့် ကြတယ်။ ၁ နာရီ ထိုးခါ နီး မှ ပြတိုက်
ထဲ က ထွက် ပြီး အနားက သစ်ပင် ကြီး အောက် မှာ ဒန်ပေါက် စားကြတယ်။ စား လို့ ကောင်း
လိုက်တာ။ သိပ်တောင် မဝချင်ဘူး။ စားနေရင်း ကိုဌေးလှိုင် ပါလာရင် ကောင်းမှာပဲ လို့
ပြောမိသေးတယ်။
စားပြီးတော့ ဆင် ရုံ နဲ့ လူဝံ ရုံ
ဘက် လျှောက် ကြည့် တယ်။ ၂ နာရီ ခွဲ မှာ ဆင်လိမ္မာ နဲ့ မြွေ အလမ္မာယ် ရှိ တယ်
ဆိုလို့ ဆင်ရုံသစ် နားမှာ လူတွေ ထိုင် စောင့် နေကြ တယ်။ ကျွန်တော် တို့ ၂ ယောက်
လည်း မြက်ခင်း ပေါ် ထိုင် ရင်း စောင့် ကြတယ်။ ကြာတော့ ညောင်းလာ တာနဲ့ မြက်ခင်းပေါ်
လှဲ လိုက် ကြ တယ်။ မကြာ ဘူး ၂ ယောက် သား အိပ်ပျော် သွား ပါလေ ရော။ နိုးတော့ ၂ နာရီ
ခွဲ ကျော် နေပြီ။ ပွဲ မပြဖြစ် ဘူး ဆိုလို့ ထလာ ကြတယ်။ နေကလည်း ပူနေပြီ၊ ကြည့်စရာ
လဲ ကုန်ပြီ၊ ပိုက်ဆံလည်း မကျန် တော့ ဘူး။ တိရစ္ဆာန် ရုံ ထဲ ကနေ ပြန်ထွက် ခဲ့
ကြတယ်။
အလံပြ ဘုရား လမ်း အတိုင်း မြို့ ထဲ
ကို လမ်း လျှောက် တယ်။ ကျန်နေသေး တဲ့ ပဲစေ့ တွေ ကို ဆူးလေ ဘုရား နား က ခို တွေ ကို
ကျွေး လိုက်တယ်။ ၂ ယောက်သား နှုတ်ဆက် ပြီး အိမ်ပြန် ဖို့ လမ်းခွဲ ကြတယ်။ ပိုက်ဆံ
သာ လောက်ရင် ရုပ်ရှင် ဝင်ကြည့် ကြ ဦး မှာ။
အိမ်ရောက်တော့ ၄ နာရီ ထိုး နေ ပြီ။
နေ့ခင်း ကျွန်တော် မရှိတုန်း ခိုဝိ လာသွားတယ်တဲ့။ စာရေး ထားခဲ့ တယ်။ ခိုဝိ က
မွမ်မံ တက်နေတာ။ နောက် လာမယ့် စနေ နေ့ (၁၄.၅.၁၉၈၈) မှာ ရန်ကင်း ရဲ့ အိမ်မှာ ဆုံ
ပြီး ဗ.န.တ ကို သွား ကြမလို့ တဲ့။ ကိုခင်ဇော် က သေသေချာချာ မှာ လိုက် တယ် တဲ့။
သွားချင်တယ်။ သွား နိုင် ပါ့ မလား။ ။
၇၊၀၅၊၁၉၈၈
စေနေန႔
ဒီေန႔ လိႈင္မ်ိဳး
နဲ႔ ေလွ်ာက္လည္ဖို႔ ခ်ိန္းထား တယ္။ ေရႊတိဂံု ဘုရား မွာ ဆံုဖို႔ ေျပာထား တယ္။ ကိုေဌးလႈိင္
ေတာ့ မပါဘူး။
အိမ္ကေန မနက္ေစာေစာ
၅ နာရီ ၄၅ မွာ ထြက္လာတယ္။ သိမ္ႀကီးေဈး မွာ ဆင္းၿပီး ဗိုလ္ခ်ဳပ္ေဈး ေရွ႕ ကေန ဘုရားကား
လို႔ ေခၚတဲ့ ကာေလးေတြ ကို စီးတယ္။
ေတာင္ဖက္မုခ္ မွာ
ဆင္းတယ္။ ဓါတ္ေလွခါး မစီး ဘဲ ေစာင္းတန္း ကေန လမ္းေလွ်ာက္ တက္လာတယ္။ ေစာေသးလို႔ ထင္ရဲ႕။
ေဈးဆိုင္ေတြ မဖြင့္ေသး ဘူး။ ဆိုင္ ေရွ႕ က ပစၥည္း ေတြ ကို အဝတ္နဲ႔ ကာၿပီး အေစာင့္ ေတြ
က ဆိုင္ ေရွ႕ မွာ ပိုးလိုးပက္လက္ အိပ္ေန ၾကတယ္။
ေစာင္းတန္း အတိုင္း
မနား ဘဲ ဆက္တိုက္ တက္လာ လိုက္တာ ရင္ျပင္ေတာ္ ေပၚ ေရာက္ေတာ့ ေမာ ေန ၿပီ။ အသက္ ျပင္းျပင္း
ရႈ ေနရ တယ္။ ရင္ျပင္ေတာ္ ေပၚမွာ ဘုရားဖူး ေတြ ေတာ္ေတာ္ ေရာက္ေန ၿပီ။
နံနက္ေစာေစာ။ အေမွာင္ၿပိဳ
စ။ ေရာင္နီ ပ်ိဳးစ အခ်ိန္။ ရင္ျပင္ေတာ္ ေပၚမွာ လတ္ဆတ္ ေအးျမ တဲ့ ေလကို ရႈရႈိက္ ရတာ
ရင္ထဲ ေအးျမ ၿပီး အေမာေျပ သြားတယ္။ ေၾကးစည္ သံ၊ ေခါင္ေလာင္း သံ၊ ဆည္းလည္း သံ ေတြ လည္း
ၾကည္ႏူး ဖြယ္ ၾကားေနရတယ္။ လူတိုင္း လူတိုင္း ေအးခ်မ္း သန္႔စင္ တဲ့ မ်က္ႏွာ၊ အပူ အပင္
ကင္း တဲ့ မ်က္ဝန္း ေတြ နဲ႔၊ ၿငိမ္းခ်မ္း လိုက္ပါဘိ။ မေကာင္းတဲ့ စိတ္ေတြ၊ စိတ္ညစ္ စရာေတြ၊
အညစ္အေၾကး ေတြ ကိုယ္ထဲ ေခါင္းထဲ စိတ္ထဲ က ထြက္သြား သလိုပဲ။ ၿငိမ္းခ်မ္း ၾကည္ႏူး ေပါ့ပါး
ေနတယ္။
ျပာညို႔ညို႔ ေကာင္းကင္
ထဲမွာ ေရႊေရာင္ တဝင္းဝင္း နဲ႔ ထိုးတက္လြင့္ပ်ံ ေနတဲ့ ေရႊတိဂံု ေစတီေတာ္ ႀကီး ကို ေမာ္ဖူးမိတယ္။
ၿငိမ္းခ်မ္း လိုက္တာ။ ေအးျမလိုက္တာ။ တကိုယ္လံုး ေပါ့ပါး သြားတယ္။ ရင္ထဲ မွာ ဘာအပူ အပင္
မွ မက်န္ေတာ့ သလိုပဲ။
ေတာင္ဖက္ မုခ္ တန္ေဆာင္းထဲ
ဝင္ခဲ့ တယ္။ အထဲမွာ ဘုရား ရွိခိုး ပုတီး စိပ္ ေနတဲ့သူ ၁၀ ေယာက္ ေလာက္ ရွိတယ္။ ေထာင့္စြန္း
တစ္ေနရာ မွာ ထိုင္ၿပီး ဆင္းတုေတာ္ ႀကီး ကို ဖူးေမွ်ာ္ တယ္။ ဘုရားေရွ႕က ပန္းအိုးေတြ
ထဲမွာ လတ္ဆတ္တဲ့ သေျပညြန္႔ေတြ ၾကာပြင့္ေတြ ႏွင္းဆီေတြ စံပယ္ေတြ ေဝေနတယ္။ ေရစက္ေလး ေတြ
တင္ေနတဲ့ ႏွင္းဆီေတြ ၾကာပြင့္ေတြ က ေအးခ်မ္းမႈ ကို ေဆာင္ေနတယ္။ စံပယ္ ရနံ႔ ေတြ လည္း
သင္းေနတယ္။ အေမြးတိုင္ မီးခိုးေငြ႔ ေတြ က မ်က္ႏွာၾကက္ ဆီကို လြင့္ပ်ံတက္ေနတယ္။ မီးခိုးေငြ႔ေတြ
ေနာက္က ျမတ္စြာဘုရား မ်က္ႏွာေတာ္ ကို ဖူးေမွ်ာ္ရင္း ရွိခိုး ဦးခ်တယ္။ ရြတ္ဖတ္ ပူေဇာ္
ၿပီးေတာ့ မ်က္လံုး မွိတ္ ထား လိုက္ တယ္။ ဂြမ္းစေလး တစ္ခုလို ေပါ့ပါး ေနတယ္။ ေလထဲ ေမ်ာသြားသလိုလို
တိမ္ေတြ ေပၚ ေရာက္ေန သလိုလို ခံစား ရတယ္။ ဘုရားရိပ္ တရားရိပ္ ဟာ ေအးခ်မ္း လိုက္တာ။
လႈိင္မ်ိဳး နဲ႔
၇ နာရီခြဲ မွာ ေတြ႕ဖို႔ ခ်ိန္းထားတယ္။ ၆ နာရီ ၄၅ ပဲ ရွိေသးေတာ့ ေစာင္းတန္းထဲ မွာ ပဲ
ထိုင္ ေစာင့္ ေန လိုက္တယ္။
မနက္ ေစာေစာ ေပမယ့္
ဘုရားေပၚမွာ လူေတြ ေတာ္ေတာ္ မ်ားေနၿပီ။ ပါတိေမာကၡ ေက်ာက္စာ ေတာ္ ေရွ႕နား မွာ ထိုင္း
ခရီးသည္ ေတြ စုေနၾက တယ္။ ဓါတ္ပံု ေတြ ရိုက္ ေနၾကတယ္။ ေရႊထီး ေတြ တလက္လက္ နဲ႔ ေမာင္ရင္ေလာင္း
ေတြ ေစာင္းတန္း ေလွကား အတိုင္း တက္လာ ၾက တယ္။ ရင္ျပင္ ေတာ္ ေပၚမွာ လည္း ရွင္ေလာင္း
လွည့္ ေနၾကတယ္။ ေမာင္ရင္ေလာင္း တစ္ဖြဲ႔ က ရြဲ လိုက္ တဲ့ သူေတာင္ ပါ ေသး တယ္။ ရွင္ေလာင္းေတြ
ကို ေငးေန တုန္း ကိုေက်ာ္ဆင့္ ကို ေတြ႔ တယ္။ သူ႔အဖိုး ကို ဘုရား လိုက္ ပို႔တာတဲ့။
၇ နာရီ ခြဲ ေတာ့
လႈိင္မ်ိဳး ေရာက္လာတယ္။ စပယ္ပန္း ကန္စြန္းရြက္ ေပါက္ေပါက္ ပဲႀကီးေလွာ္ နဲ႔ ဘိုကိတ္ပဲ
ေတြ ဝယ္လာတယ္။ စပယ္ပန္းေတြ ကို ေရ ေဆးၾကတယ္။ တစ္ေယာက္ ပန္း ဆယ္ ကံုး စီ ယူၿပီး ကိုယ့္
ေမြးနံ ေထာင့္ ေတြမွာ ပန္းကပ္ ေရသပၸာယ္ ဘုရား ရွိခိုး ၾကတယ္။ ဗဟန္း ေစာင္းတန္း က ဆင္းၿပီး
ငါးကန္မွာ ငါးစာ ေကၽြး တယ္။ ငါးက်ည္း ေတြ အမ်ား ႀကီး ပဲ၊ ကန္စြန္း ရြက္ ခ် ေပးလိုက္
ရင္ ဝိုင္း တြတ္ လိုက္ ၾကတာ ခနေလး နဲ႔ ကုန္ေရာ။ လိပ္ေတြ လည္း ရွိတယ္။ လိပ္ႀကီး ေတြ
က ေပါက္ေပါက္ ဆုပ္ အလံုး ႀကီး ေတြ မွ စားတယ္။
ဘုရား ကေန ကန္ေတာ္ႀကီး
ဖက္ ကို ေလွ်ာက္ လာ ၾက တယ္။ မနက္ ေစာေစာ ဆို ေတာ့ လမ္းမွာ လူ ရွင္းေန တယ္။ ေခါက္ဆြဲ
ဆိုင္ ေတြ႔ လို႔ ဆီခ်က္ ေခါက္ဆြဲ ဝယ္တာ ေစာေသး လို႔ မရဘူး။ ကန္ေတာ္ႀကီး ေဟာ္တယ္ ေရွ႕
ကေန တိရစၧာန္ ရံု ကို သြားၾက တယ္။ တိရစၧာန္ ရံု ဖြင့္ ေနၿပီ။ စားဖို႔ ဘာမွ မရွိ ေသး
လို႔ တိရစၧာန္ ရံု ထဲ မဝင္ ေသးဘဲ ရန္ကုန္ ဘူတာ ႀကီး ကို ဆက္ေလွ်ာက္ ၾကတယ္။
ဘူတာႀကီး မွာေတာ့
လူေတြ ပ်ားပန္းခပ္ ေနတယ္။ လူအုပ္ ထဲ ေတာ္ေတာ္ တိုး သြား ရတယ္။ ပန္းဆိုးတန္း လမ္း အတိုင္း
အလယ္ ဘေလာက္ ကို ဆင္း လာၿပီး ေရႊမန္း ဒန္ေပါက္ ဆိုင္မွာ ဒန္ေပါက္ ႏွစ္ ထုပ္ ဝယ္တယ္။
တစ္ထုပ္ ကို ၁၂ က်ပ္ ေပးရတယ္။ ဒန္ေပါက္ ဝယ္ၿပီး လက္က်န္ ပိုက္ဆံ စစ္ ၾကည့္ေတာ့ ႏွစ္ေယာက္
ေပါင္းမွ ၈ က်ပ္ ပဲ က်န္ ေတာ့ တယ္။ အျပန္ လမ္းစရိတ္ တစ္ေယာက္ ၂ က်ပ္ စီ ဖယ္ လိုက္ ေတာ့
သံုး ဖို႔ ၄ က်ပ္ ပဲ က်န္ ေတာ့တယ္။ ဆူးေလ ကို ဆက္ ေလွ်ာက္ ၾက တယ္။ ဆူးေလ မွတ္တိုင္
ကေန ၄၄ ကားစီး ၿပီး တိရစၧာန္ ရုံ ကို ျပန္ သြား တယ္။ ကားခ ႏွစ္ ေယာက္ စာ ၁ က်ပ္ ေပးရတယ္။
တိရစၧာန္ ရံု ဝင္ေၾကး က တစ္ေယာက္ ၁ က်ပ္ ဆုိေတာ့ သံုး ဖို႔ လက္ က်န္ ၁ က်ပ္ ပဲ က်န္ေတာ့
တယ္။ ေရေသာက္ ခ်င္ တာ ေရခဲေရ ဝယ္ မေသာက္ ႏုိင္ ဘူး။ ျမက္ခင္း စပ္ က ေရဘံုပိုင္ မွာ
ေသာက္ၾက တယ္။
အထဲ ကို ဝင္ခဲ့
ၾကတယ္။ မေရာက္ တာ ေတာ္ေတာ္ ၾကာၿပီ။ သစ္ပင္ စုစု ျမက္ခင္း စိမ္းစိမ္း စိုစို ျမင္ ရေတာ့
ရင္ထဲ ေပ်ာ္လာတယ္။ ပါလာတဲ့ ပဲႀကီးေလွာ္ ကို ေမ်ာက္ ယုန္ နဲ႔ ပူး ေလး ေတြ ကို ေကၽြး
တယ္။ တိရစၧာန္ ေတြ ေတာ္ေတာ္ စံုေအာင္ ေလွ်ာက္ ၾကည့္ ၿပီး မွ သဘာဝ သမိုင္း ျပတိုက္ ဘက္
သြားၾက တယ္။ ျပတိုက္ ထဲမွာ ႏွံ႔ ေအာင္ ၾကည့္ ၾကတယ္။ ၁ နာရီ ထိုးခါ နီး မွ ျပတုိက္ ထဲ
က ထြက္ ၿပီး အနားက သစ္ပင္ ႀကီး ေအာက္ မွာ ဒန္ေပါက္ စားၾကတယ္။ စား လို႔ ေကာင္း လိုက္တာ။
သိပ္ေတာင္ မဝခ်င္ဘူး။ စားေနရင္း ကိုေဌးလိႈင္ ပါလာရင္ ေကာင္းမွာပဲ လို႔ ေျပာမိေသးတယ္။
စားၿပီးေတာ့ ဆင္
ရံု နဲ႔ လူဝံ ရံု ဘက္ ေလွ်ာက္ ၾကည့္ တယ္။ ၂ နာရီ ခြဲ မွာ ဆင္လိမၼာ နဲ႔ ေျမြ အလမၼာယ္
ရိွ တယ္ ဆိုလို႔ ဆင္ရံုသစ္ နားမွာ လူေတြ ထိုင္ ေစာင့္ ေနၾက တယ္။ ကၽြန္ေတာ္ တို႔ ၂ ေယာက္
လည္း ျမက္ခင္း ေပၚ ထိုင္ ရင္း ေစာင့္ ၾကတယ္။ ၾကာေတာ့ ေညာင္းလာ တာနဲ႔ ျမက္ခင္းေပၚ လွဲ
လိုက္ ၾက တယ္။ မၾကာ ဘူး ၂ ေယာက္ သား အိပ္ေပ်ာ္ သြား ပါေလ ေရာ။ ႏိုးေတာ့ ၂ နာရီ ခြဲ
ေက်ာ္ ေနၿပီ။ ပြဲ မျပျဖစ္ ဘူး ဆိုလို႔ ထလာ ၾကတယ္။ ေနကလည္း ပူေနၿပီ၊ ၾကည့္စရာ လဲ ကုန္ၿပီ၊
ပိုက္ဆံလည္း မက်န္ ေတာ့ ဘူး။ တိရစၧာန္ ရံု ထဲ ကေန ျပန္ထြက္ ခဲ့ ၾကတယ္။
အလံျပ ဘုရား လမ္း
အတိုင္း ၿမိဳ႕ ထဲ ကို လမ္း ေလွ်ာက္ တယ္။ က်န္ေနေသး တဲ့ ပဲေစ့ ေတြ ကို ဆူးေလ ဘုရား နား
က ခို ေတြ ကို ေကၽြး လိုက္တယ္။ ၂ ေယာက္သား ႏႈတ္ဆက္ ၿပီး အိမ္ျပန္ ဖို႔ လမ္းခြဲ ၾကတယ္။
ပိုက္ဆံ သာ ေလာက္ရင္ ရုပ္ရွင္ ဝင္ၾကည့္ ၾက ဦး မွာ။
အိမ္ေရာက္ေတာ့ ၄ နာရီ ထိုး ေန ၿပီ။ ေန႔ခင္း ကၽြန္ေတာ္
မရွိတုန္း ခိုဝိ လာသြားတယ္တဲ့။ စာေရး ထားခဲ့ တယ္။ ခိုဝိ က မြမ္မံ တက္ေနတာ။ ေနာက္ လာမယ့္
စေန ေန႔ (၁၄.၅.၁၉၈၈) မွာ ရန္ကင္း ရဲ႕ အိမ္မွာ ဆံု ၿပီး ဗ.န.တ ကို သြား ၾကမလို႔ တဲ့။
ကိုခင္ေဇာ္ က ေသေသခ်ာခ်ာ မွာ လိုက္ တယ္ တဲ့။ သြားခ်င္တယ္။ သြား ႏိုင္ ပါ့ မလား။ ။