၁၁၊၀၅၊၁၉၈၈
ဗုဒ္ဓဟူးနေ့
ဒီနေ့ ငွေစုငွေချေး ထုတ်ရတယ်။ ၁၅၀၀
ကျပ် ချေးတယ်။ တစ်လ တစ်ရာ နဲ့ ၁၅ လ ဆပ်ရမယ်။ လှိုင်မျိုး နဲ့ ကိုကျော်မြင့် က
အာမခံ လက်မှတ် ထိုးပေး တယ်။ နက်ဖြန် ဦးတင်သိန်း၊ ကိုဌေးလှိုင်၊ လှိုင်မျိုး နဲ့
ကိုကျော်မြင့် ကို အအေးတိုက် ရမယ်။
ငွေ ၁၅၀၀ သာ ချေး လိုက်တာ၊ အကြွေး
ဆပ်ပြီး ရင် လက်ထဲမှာ ဘယ်လောက် မှ မကျန် တော့ ဘူး။ မေမေ့ ကို မျက်မှန်
လုပ်ပေးဖို့၊ အိမ်မိုးဖို့ ရှိသေးတယ်။ လောက်ပါ့ မလား။ ဘာပဲ ဖြစ်ဖြစ် သူများ အကြွေး
ကျေ သွား ရင် တော်ပါပြီ။ လကုန်ရင် တော့ လစာ နည်းနည်း ပဲ ထွက် တော့မှာ။ ၁၅ လ
လုံးလုံး တစ်လ ကို ၅၀ ကျပ် လောက်ပဲ ကျန်တော့ မယ်။
ဒီလိုပဲ ငွေချေးလိုက်၊ ကျေအောင်
ဆပ်လိုက်၊ ကျေ ရင် ပြန် ချေး လိုက်၊ နဲ့ သံသရာ လည် နေတာပဲ။
ဒီနေ့ မောင်လတ် တို့ အမေ ဆုံး တယ်။
ဒေါ်အုံး လေ။ မျက်စေ့ ထဲမှာ မြင်နေ တယ်။ မောင်လတ် နဲ့ကျွန် တော် က အတန်းတူ၊
မောင်လတ် အစ်မ ခင်ဆွေဦး နဲ့ မမ က အတန်းတူ၊ မောင်လတ် ညီမ စိုးစိုး နဲ့ ဂျိုး က
အတန်းတူ၊ စိုးစိုး အောက် က ညီမ နဲ့ ဗျိုင်း က အတန်းတူ။ အားလုံး သူငယ်ချင်းတွေပဲ။
ဒေါ်အုံး နဲ့ မောင်နှမ တော် တဲ့ ဆရာ ဦးအုံးသွင် နဲ့ ဆရာမ ဒေါ်မြင့်မြင့် တို့
ဆီမှာ ကျွန်တော် တို့ မောင်နှမ တွေ အားလုံး ကျူရှင် ယူ ကြတယ်။ ကျူရှင် ကျောင်း က
ဒေါ်အုံး တို့ အိမ် မှာ ပဲ ဆိုတော့ ကျူရှင် သွားတက်တိုင်း တွေ့ နေရတာ။ မေမေ နဲ့
လည်း ခင်တယ်။ကြားရတာ စိတ် မကောင်းပါဘူး။