Tuesday 25 February 2014
နေ့စဉ် မှတ်တမ်း-၁-၈၈
၁၁၊ ၀၄၊ ၁၉၈၈
တနင်္လာနေ့
     ဒီနေ့ လှိုင်မျိုး အလုပ်ပြန်ဆင်းတယ်။ သူတို့ ETEC စာမေးပွဲ ပြီးသွားပြီ။ သူ ခွင့်ယူ ထားတုန်း က ပျင်းစရာ ကောင်းလိုက်တာ။ လှိုင်မျိုး နဲ့ ငါ က ညီအကို လို ခင်ကြတာ။ သက်တူ ရွယ်တူပဲ။ အမြင်ချင်းတူ၊ သဘောချင်း တိုက်ဆိုင်တာ များတယ်။ တစ်ယောက် သဘော တစ်ယောက် နားလည်ကြ တယ်။ 
     သူခွင့်ယူ ထားတုန်း က ငါ့ မှာ ဦးနှောက် ခြောက်စရာ တွေ တော်တော် ကြုံရတယ်။ ကို ဌေးလှိုင် ကတော့ သူ့ကိစ္စသူရှင်းတယ်။ သူများကိစ္စ ကိုဝင် မပါဘူး။ တစ်ခါ တစ်လေ စိုးရိမ်လွန် တတ်တယ်။ တစ်ခါ တစ်လေ တော့လည်း သူ က အစွန်းရောက် အောင် တွေး တတ်တယ်။ ဒါပေမဲ့ စိတ်ချရတဲ့သူ။ အားကိုးရတဲ့ သူပါ။
     အခုတစ်လော ငါလည်း အလုပ်တွေ ရှုပ်၊ ကိုဌေးလှိုင်လည်း အလုပ်တွေရှုပ်နေ ကြတယ်။ နှစ်ယောက်သား စိတ်ချ လက်ချ တိုင်ပင်လို့ ရမယ့် သူ မရှိတော့ စိတ်ညစ်နေ ကြတယ်။ အလုပ် ထဲ မှာ စိတ်ချ လက်ချ တိုင်ပင် လို့ ရတာ ဆို လှိုင်မျိုး တစ် ယောက်ပဲ ရှိတာလေ။
     ဒီနေ့ အလုပ်ပြန်ဆင်း တော့ ငါတို့ နဲ့ အလုပ် ကူလုပ်တယ်။ နေ့ခင်း ငါ စာမေးပွဲ အောင်လို့ သူတို့ ကို အအေးတိုက် တယ်။
     လူ့ဘဝ မှာ တွေ့ကြ ဆုံကြ ခွဲခွါကြ ရတာ ဖြစ်ရိုးဖြစ်စဉ် တွေပဲ။ တွေ့ဆုံခြင်းဟာ ခွဲခွါခြင်းရဲ့ အစပဲ။ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ကြ ပေမဲ့လည်း ကိုယ်ဘဝ ဇာတ်ကြောင်းနဲ့ ကိုယ် ဆိုတော့ စိတ်အလို အတိုင်း မလိုက် နိုင်ကြဘူး။ အခု ငါကဘွဲ့ရပြီ ဆိုတော့ တစ်ခြားအလုပ်ရှာတော့မယ်။ ခင်ပေမယ့် အတူ အလုပ်လုပ်ချင် ပေမယ့် မဖြစ်နိုင်တော့ဘူး။ ကိုယ့်ခရီး ကိုယ်လျောက် ရတော့မယ်။ ကိုယ့်လမ်း ကိုယ်လျောက် ပြီး ကိုယ့် ဘဝ ကိုယ်ကျောင်း ရတော့မယ်။ ခွဲခွာ ကြရတော့မယ့် အချိန် တဖြည်းဖြည်း နီးလာပြီပေါ့။ နောက်ဆို ပြန်တွေ့ ကြမလား မတွေ့ကြဘူး လား ဆိုတာ သေသေချာချာ မပြောနိုင်ဘူး။ ကံမကုန်သေးရင် ရေစက်ရှိသေးရင် တော့ ပြန်တွေ့ကြရမှာပေါ့။ ငါကသာ ကြိုတွေးနေတာ သူတို့တွေက စဉ်းတောင် စဉ်းစား ကြမှာ မဟုတ်ဘူး။
     နေ့လည် ၁၂နာရီခွဲ လောက်မှာ ကိုကျော်ဆင့် စက်ရုံထဲ ကိုလာတယ်။ ငါ့ အတွက် ပုဆိုး တစ်ထည် အကျႌ တစ်ထည် စွပ်ကျယ် တစ်ထည် လာပေးတယ်။ (၁၊၀၄၊၁၉၈၈ - ရက်နေ့ ညက အိမ် မှာ သူခိုး ခိုး ခံရ တယ်။ မေမေ နဲ့ ငါတို့ မောင်နှမ တွေရဲ့ ရှိစု မဲ့စု အဝတ်အစား တွေ အကုန်ပါသွားတယ်။ ငါ့ အကျႌ တစ်ထည် ပဲ ကျန်ခဲ့တယ်။ ၂၊၀၄၊၁၉၈၈ - မနက် ကျောင်းမှာ အောင်စာရင်း သွားကြည့် တော့ ကိုကျော်ဆင့် နဲ့ တွေ့ ပြီး သူသိသွားတာ။ သူလည်း စာမေးပွဲ အောင်တယ်။) ငါက မယူဘူး လို့ အတန်တန် ငြင်းပါတယ်။ မရဘူး။ အတင်းပေးသွားတယ်။ ခုကာလ မှာ ပုဆိုး အကျႌ တစ်ထည်ရဲ့ တန်ဘိုးက နည်းတာ မဟုတ်ဘူး။ သူ့အလှည့် ကိုယ့် အလှည့် ရှိမြဲပဲလေ။ တစ်နေ့တော့ ပြန်ဆပ်ခွင့် ကြုံဦး မှာပါ။
     ဒီနေ့ ငွေစုငွေ ချေး ပေးတော့ ထင်တဲ့ အတိုင်းပဲ ငါ မရဘူး။ အိမ်မှာ ငွေလိုနေတယ်။ မေမေ့ ကို ဘယ်လို ပြောရ မှန်းတောင် မသိဘူး။ ဒီငွေလေး ကို မျှော်နေ ကြတာ။ ဘယ်သူ့မှလည်း အပြစ် မတင် ချင်တော့ပါဘူး။ ငွေစုငွေချေး ကိုင်တဲ့ သူတွေ ကလည်း လက်သင့် ရာပဲ ဦးစားပေး ချပေး နေကြတာ။
စိတ်ပင်ပန်း တာ တော်တော် ဆိုးတယ်။ ခေါင်းမူးနောက် ပြီး ကိုက်ခဲနေတယ်။ ရင်ထဲ မရှင်းဘူး။ ထမင်းစား လို့လဲ မရဘူး။ အိပ်ချင်စိတ် လည်း မရှိဘူး။ စိတ်ရှုပ်ထွေး ပြီး လွင့်နေတယ်။ စိတ်လိုက် မာန်ပါ တစ်ခုခု လုပ်ပစ် ချင်စိတ် တွေ ပေါ် နေတယ်။ ဒါပေမယ့် အဓိပ္ပါယ် မရှိတဲ့ ပရမ်း ပတာ တွေ ပဲ ဖြစ်သွား မယ်ဆို တာ သိလို့ ထိန်းချုပ်ထားရတယ်။ စိတ်ကျဉ်း ကျပ်ပြီး ပင် ပန်း လိုက်တာ။
၁၁၊ ၀၄၊ ၁၉၈၈
တနင်္လာနေ့
Wednesday 19 February 2014
အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၇)
အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၇)
 (RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)
Dr. Nancy Jaax (Photo from Kansas State University)
အိမ်ရှင်မ  သို့မဟုတ်  စစ်သည် တစ်ဦး
၁၉၈၃ စက်တင်ဘာ ၂၅ ရက် ၊ ၁၈း၀၀ နာရီ
ချားမိုနက် သေဆုံး ပြီး လေးနှစ် ခန့် အကြာ။
     အမေရိကန် ပြည်​​ထောင်စု မေယာလန်း ပြည်နယ် သာမောင့်မြို့ ၏ ညနေချမ်း အချိန်။ ကက်အိုတင်တောင်​​ကြော ပေါ်ရှိ သစ်ပင်များမှာ ရွှေဝါရောင် အဆင်း ဖြင့် အစွမ်းကုန် တောက်နေသည်။ လူငယ်များ မှာ မြို့လမ်း တစ်​​လျောက် ကားကို ဖြည်းဖြည်မောင်းနှင် ရင်နွေဦးရာသီ မကုန်ဆုံး စေရန် ဆုတောင် နေကြသည်ရင့်မှည်နေသည့် ပန်းသီး ရနံ့ ၊ သစ်ရွက် ဆွေး တို့၏ ချဉ်စူးစူး ရနံ့ ၊ လယ်ကွင်းတွင်း မှ သွေ့ခြောက်​​နေသည်ပြောင်းရိုး ရနံ့  တို့လွှမ်နေသည်ဆောင်းဦး အငွေ့အသက် တို့က လေထဲ ပျံ့နေပေပြီ။ မြို့စွန် ရှိ ပန်းသီးပင် စုစု တွင် သာလိကာ တစ်အုပ် အိပ်တန်းတက် ရင်း စူးစူးရှရှ အော်မြည် နေကြသည်။ ကားမီးရောင် များသည် ဂက်တီးဘတ် လမ်းမကြီး တစ်​​လျောက် မြောက်ဘက် သို့ အဆက်မပြတ် စီးဆင် နေသည်။ မြို့ထဲ နှင့် မဝေးလှသော ဝိတိုရိယခေတ် အိမ်တစ်လုံး၏ မီးဖိုချောင် ထဲတွင်မေရိကန် ကြည်း တပ် မှ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးဖြစ်​​သော ဗိုလ်မှူး နန်စီဂျက် သည် ကလေး များ အတွက် ညစာ ချက်ပြုတ် နေသည်။  မိုက်ကရိုဝေ့ မီးဖိုထဲ သို့ ကြက်သား ပန်းကန်ကို ထည့်ကာ ခလုတ် ဖွင့်လိုက်သည်။ ကြက်သား နူးရန် ခန စောင့်ရ မည်။ သူသည် အားကစား ဘောင်းဘီ ရှည် နှင့် တီရှပ် ကို ဝတ်ထားပြီး ဖိနပ်စီး မထားပါ။ သူ၏ ခြေဖဝါး နှစ်ဖက်မှာ ကိုယ်ခံပညာ လေ့ကျင့်ခန်း များ ကြောင့် အသားမာ တက် နေသည်။ နီညို ရောင် လှိုင်းတွန့် ဆံပင် များကို ပုခုံး အထက် တွင် ခပ်တိုတို ညှပ်ထားသည်။ သူ့မျက်ဝန်း အစုံ မှာ ပယင်ရောင် ဝန်းရံထားသော မျက်လုံး စိမ်းများ ဖြစ်သည်။ သူသည် ကင်းဆတ် ပြည်နယ် စိုက်ပျိုး မွေးမြူရေး ကျောင်းမှ အလှမယ် ဘွဲ့ ရခဲ့ ဖူးသည်။ သူ၏ ကိုယ်ခန္ဓာ မှာ သွယ်လျပြီး သွက်လက်ဖြတ်လတ် သည့် ကိုယ်ဟန် မျိုး ဖြစ်သည်။ ကလေး နှစ်​​ယောက်မှာ ဆော့ကစား ထားကြ၍ မောပန်နေပေပြီ။ သူတို့ နှစ်ဦး အတွက် ညစာ ကို မြန်မြန် ပြင်ဆင်​​ ပေးရမည်။ ငါးနှစ် သမီး ဂျေမီ က နန်စီ ၏ ခြေထောက် ကို ဖက်ထား ရင်ဘောင်းဘီ ကိုဆွဲ နေသည်။ နန်စီ က ခြေထောက် ကို ဘေး သို့ ဖယ်လိုက်ရာ ဂျေမီ က မှီရာ နောက် တစ်ဖက် ကို ထပ်ဆွဲ နေ ပြန်သည်ဂျေမီ သည်မေတူ သမီး ဖြစ်ပြီး မျက်လုံးစိမ်း နှင့် ဖြစ်သည်။ သူ့အသက်အရွယ် အရ ဆိုလျှင် အရပ်ပု သေးသည်။ သား ဖြစ်သူ ဂျက်ဆင် က ဧည့်ခန်း ထဲတွင် တီဗွီ ကြည်နေသည်။ သူ က တိတ်တိတ် ဆိတ်ဆိတ် နေ တတ် သည်။ ယခု အရွယ် တွင် ပိန်ပိန် သွယ်သွယ် ဖြစ်​​နေ ရာ ကြီးလျှင်ဖေ ကဲ့သို့ အရပ်ရှည် မည်ဟု ထင်ပေသည်။ နန်စီ ၏ ခင်ပွန်း မှာ ဗိုလ်မှူး ဂီရယ်ဂျက် ဖြစ်ပြီး တိရစ္ဆာန် ဆေးကု ဆရာဝန် ပင် ဖြစ်သည်။ သူ့ကို အားလုံး က ဂျယ်ရီ ဟု ခေါ် ကြသည်။ ယခု တက္ကဆက် သင်တန်ကျောင်း တွင် တာဝန် ကျနေရာ အိမ်တွင် နန်စီ နှင့် ကလေး နှစ် ယောက် သာရှိသည်။ ဂျယ်ရီ က တက္ကဆက်​ တွင်​ အလွန်​ ပူ ​ကြောင်း အိမ်​ ကို လွမ်း ​ကြောင်း နှင့်​ ပြန်​လာ ချင်​​ကြောင်း ဖုန်းဆက်​ သည်​။ နန်​စီ က လည်း သတိရ​ နေသည်​။ သူတို့ ​ကောလိပ်​​ကျောင်း သား ဘဝ စတင်​ ​တွေ့ဆုံခဲ့ ကြသည့်​ အချိန်​ မှ စ၍ ယခုတိုင်​ အကြာ ကြီး ခွဲ မ​နေ ခဲ့ဖူး ပါ။ နန်​စီ နှင့်​ ဂျယ်​ရီ တို့ နှစ်​ ဦး စလုံး မှာ အ​မေရိကန်​ ကြည်းတပ်​ မှ တိရစ္ဆာန်​ ​ဆေးကု ဆရာဝန်​ များ ဖြစ်​ပြီး စစ်​သုံး ​ခွေးများ နွားများ သိုးများ ဝက်​များ လားများ ယုန်​များ ကြွက်​များ ​မျောက်​များ ကို ကြည့်​ရှု ကုသ ရသည်​။ စစ်​တပ်​ ၏ အစားအစာ များကို လည်း စစ်​​ဆေး ​ပေးရသည်​။