Tuesday 31 October 2017

နေ့စဉ် မှတ်တမ်း-၁၀-၈၈

၁၁၊၀၅၊၁၉၈၈

ဗုဒ္ဓဟူးနေ့

  ဒီနေ့ ငွေစုငွေချေး ထုတ်ရတယ်။ ၁၅၀၀ ကျပ် ချေးတယ်။ တစ်လ တစ်ရာ နဲ့ ၁၅ လ ဆပ်ရမယ်။ လှိုင်မျိုး နဲ့ ကိုကျော်မြင့် က အာမခံ လက်မှတ် ထိုးပေး တယ်။ နက်ဖြန် ဦးတင်သိန်း၊ ကိုဌေးလှိုင်၊ လှိုင်မျိုး နဲ့ ကိုကျော်မြင့် ကို အအေးတိုက် ရမယ်။

  ငွေ ၁၅၀၀ သာ ချေး လိုက်တာ၊ အကြွေး ဆပ်ပြီး ရင် လက်ထဲမှာ ဘယ်လောက် မှ မကျန် တော့ ဘူး။ မေမေ့ ကို မျက်မှန် လုပ်ပေးဖို့၊ အိမ်မိုးဖို့ ရှိသေးတယ်။ လောက်ပါ့ မလား။ ဘာပဲ ဖြစ်ဖြစ် သူများ အကြွေး ကျေ သွား ရင် တော်ပါပြီ။ လကုန်ရင် တော့ လစာ နည်းနည်း ပဲ ထွက် တော့မှာ။ ၁၅ လ လုံးလုံး တစ်လ ကို ၅၀ ကျပ် လောက်ပဲ ကျန်တော့ မယ်။

  ဒီလိုပဲ ငွေချေးလိုက်၊ ကျေအောင် ဆပ်လိုက်၊ ကျေ ရင် ပြန် ချေး လိုက်၊ နဲ့ သံသရာ လည် နေတာပဲ။

 

    ဒီနေ့ မောင်လတ် တို့ အမေ ဆုံး တယ်။ ဒေါ်အုံး လေ။ မျက်စေ့ ထဲမှာ မြင်နေ တယ်။ မောင်လတ် နဲ့ကျွန် တော် က အတန်းတူ၊ မောင်လတ် အစ်မ ခင်ဆွေဦး နဲ့ မမ က အတန်းတူ၊ မောင်လတ် ညီမ စိုးစိုး နဲ့ ဂျိုး က အတန်းတူ၊ စိုးစိုး အောက် က ညီမ နဲ့ ဗျိုင်း က အတန်းတူ။ အားလုံး သူငယ်ချင်းတွေပဲ။ ဒေါ်အုံး နဲ့ မောင်နှမ တော် တဲ့ ဆရာ ဦးအုံးသွင် နဲ့ ဆရာမ ဒေါ်မြင့်မြင့် တို့ ဆီမှာ ကျွန်တော် တို့ မောင်နှမ တွေ အားလုံး ကျူရှင် ယူ ကြတယ်။ ကျူရှင် ကျောင်း က ဒေါ်အုံး တို့ အိမ် မှာ ပဲ ဆိုတော့ ကျူရှင် သွားတက်တိုင်း တွေ့ နေရတာ။ မေမေ နဲ့ လည်း ခင်တယ်။ကြားရတာ စိတ် မကောင်းပါဘူး။


၁၁၊၀၅၊၁၉၈၈
ဗုဒၶဟူးေန႔
  ဒီေန႔ ေငြစုေငြေခ်း ထုတ္ရတယ္။ ၁၅၀၀ က်ပ္ ေခ်းတယ္။ တစ္လ တစ္ရာ နဲ႔ ၁၅ လ ဆပ္ရမယ္။ လိႈင္မ်ိဳး နဲ႔ ကိုေက်ာ္ျမင့္ က အာမခံ လက္မွတ္ ထိုးေပး တယ္။ နက္ျဖန္ ဦးတင္သိန္း၊ ကိုေဌးလိႈင္၊ လိႈင္မ်ိဳး နဲ႔ ကိုေက်ာ္ျမင့္ ကို အေအးတိုက္ ရမယ္။
  ေငြ ၁၅၀၀ သာ ေခ်း လိုက္တာ၊ အေၾကြး ဆပ္ၿပီး ရင္ လက္ထဲမွာ ဘယ္ေလာက္ မွ မက်န္ ေတာ့ ဘူး။ ေမေမ့ ကို မ်က္မွန္ လုပ္ေပးဖို႔၊ အိမ္မိုးဖို႔ ရွိေသးတယ္။ ေလာက္ပါ့ မလား။ ဘာပဲ ျဖစ္ျဖစ္ သူမ်ား အေၾကြး ေက် သြား ရင္ ေတာ္ပါၿပီ။ လကုန္ရင္ ေတာ့ လစာ နည္းနည္း ပဲ ထြက္ ေတာ့မွာ။ ၁၅ လ လံုးလံုး တစ္လ ကို ၅၀ က်ပ္ ေလာက္ပဲ က်န္ေတာ့ မယ္။
  ဒီလိုပဲ ေငြေခ်းလိုက္၊ ေက်ေအာင္ ဆပ္လိုက္၊ ေက် ရင္ ျပန္ ေခ်း လိုက္၊ နဲ႔ သံသရာ လည္ ေနတာပဲ။

    ဒီေန႔ ေမာင္လတ္ တို႔ အေမ ဆံုး တယ္။ ေဒၚအံုး ေလ။ မ်က္ေစ့ ထဲမွာ ျမင္ေန တယ္။ ေမာင္လတ္ နဲ႔ကၽြန္ ေတာ္ က အတန္းတူ၊ ေမာင္လတ္ အစ္မ ခင္ေဆြဦး နဲ႔ မမ က အတန္းတူ၊ ေမာင္လတ္ ညီမ စိုးစိုး နဲ႔ ဂ်ိဳး က အတန္းတူ၊ စိုးစိုး ေအာက္ က ညီမ နဲ႔ ဗ်ိဳင္း က အတန္းတူ။ အားလံုး သူငယ္ခ်င္းေတြပဲ။ ေဒၚအံုး နဲ႔ ေမာင္ႏွမ ေတာ္ တဲ့ ဆရာ ဦးအုံးသြင္ နဲ႔ ဆရာမ ေဒၚျမင့္ျမင့္ တို႔ ဆီမွာ ကၽြန္ေတာ္ တို႔ ေမာင္ႏွမ ေတြ အားလံုး က်ဴရွင္ ယူ ၾကတယ္။ က်ဴရွင္ ေက်ာင္း က ေဒၚအံုး တုိ႔ အိမ္ မွာ ပဲ ဆုိေတာ့ က်ဴရွင္ သြားတက္တိုင္း ေတြ႔ ေနရတာ။ ေမေမ နဲ႔ လည္း ခင္တယ္။ၾကားရတာ စိတ္ မေကာင္းပါဘူး။

Saturday 28 October 2017

နေ့စဉ် မှတ်တမ်း-၉-၈၈

၁၀၊၀၅၊၁၉၈၈

အင်္ဂါနေ့

 ဘဘကြီး ဦးမောင်သန့် နေမကောင်းဘူး ဆိုလို့ ဗျိုင်း သင်္ကန်းကျွန်းကို သွားတယ်။ ဗျိုင်း ရောက်ပြီး မကြာ ဘူး၊ စကား နည်းနည်း ပြောပြီး ဆုံး သွားတယ်။ဘဘကြီး က အသက် ၈၀ ကျော် နေပြီ။ မှည့် နေတဲ့ သစ်သီး တစ်လုံး ကြွေ သွား သလို ပေါ့။

 အမျိုး တွေ ထဲ မှာ လည်း သက်ကြီး ရွယ်ကြီးတွေ ကုန် တော့ မယ်။ မေမေ့ ဘက် က နည်း နည်း ကျန် သေး တယ်။ ဖေဖေ့ ဘက် က ကြီးကြီး ဒေါ်မြစ် တစ်  ယောက် ပဲ ကျန် တော့ တယ်။

 ဒီလို နဲ့ ပဲ တစ်နေ့ ပြီး တစ်နေ့ ခွဲခွာ ကြရ မယ့် အချိန် ရောက်လာ မှာ ပဲ။ ကျွန်တော် တို့ မိသာစု ထဲ က ဆို ဖေဖေ၊ ဆွေမျိုး ထဲ က ဆို ကြီးကြီး ဒေါ်မြသိန်း၊ ကြီးကြီး ဒေါ်ယု၊ အခု ဘကြီး ဦးမောင်သန့် တို့ ဆုံး သွား ကြ ပြီ။

 ကျွန်တော် အလှည့် လည်း တစ်နေ့နေ့ မှာ ရောက် လာ ရဦးမှာပဲ။ ကြုံ ရ ဦး မှာပဲ။


၁၀၊၀၅၊၁၉၈၈
အဂါၤေန႔
 ဘဘႀကီး ဦးေမာင္သန္႔ ေနမေကာင္းဘူး ဆိုလို႔ ဗ်ိဳင္း သကၤန္းကြ်န္းကို သြားတယ္။ ဗ်ိဳင္း ေရာက္ၿပီး မၾကာ ဘူး၊ စကား နည္းနည္း ေျပာၿပီး ဆံုး သြားတယ္။ဘဘႀကီး က အသက္ ၈၀ ေက်ာ္ ေနၿပီ။ မွည့္ ေနတဲ့ သစ္သီး တစ္လံုး ေၾကြ သြား သလို ေပါ့။
 အမ်ိဳး ေတြ ထဲ မွာ လည္း သက္ႀကီး ရြယ္ႀကီးေတြ ကုန္ ေတာ့ မယ္။ ေမေမ့ ဘက္ က နည္း နည္း က်န္ ေသး တယ္။ ေဖေဖ့ ဘက္ က ႀကီးႀကီး ေဒၚျမစ္ တစ္  ေယာက္ ပဲ က်န္ ေတာ့ တယ္။
 ဒီလို နဲ႔ ပဲ တစ္ေန႔ ၿပီး တစ္ေန႔ ခြဲခြာ ၾကရ မယ့္ အခ်ိန္ ေရာက္လာ မွာ ပဲ။ ကြ်န္ေတာ္ တို႔ မိသာစု ထဲ က ဆို ေဖေဖ၊ ေဆြမ်ိဳး ထဲ က ဆို ႀကီးႀကီး ေဒၚျမသိန္း၊ ၾကီးႀကီး ေဒၚယု၊ အခု ဘႀကီး ဦးေမာင္သန္႔ တို႔ ဆံုး သြား ၾက ၿပီ။
 ကြ်န္ေတာ္ အလွည့္ လည္း တစ္ေန႔ေန႔ မွာ ေရာက္ လာ ရဦးမွာပဲ။ ႀကံဳ ရ ဦး မွာပဲ။

 ႀကိဳတင္ စဥ္းစား မေန ေတာ့ပါဘူး။