Saturday 28 October 2017

နေ့စဉ် မှတ်တမ်း-၉-၈၈

၁၀၊၀၅၊၁၉၈၈

အင်္ဂါနေ့

 ဘဘကြီး ဦးမောင်သန့် နေမကောင်းဘူး ဆိုလို့ ဗျိုင်း သင်္ကန်းကျွန်းကို သွားတယ်။ ဗျိုင်း ရောက်ပြီး မကြာ ဘူး၊ စကား နည်းနည်း ပြောပြီး ဆုံး သွားတယ်။ဘဘကြီး က အသက် ၈၀ ကျော် နေပြီ။ မှည့် နေတဲ့ သစ်သီး တစ်လုံး ကြွေ သွား သလို ပေါ့။

 အမျိုး တွေ ထဲ မှာ လည်း သက်ကြီး ရွယ်ကြီးတွေ ကုန် တော့ မယ်။ မေမေ့ ဘက် က နည်း နည်း ကျန် သေး တယ်။ ဖေဖေ့ ဘက် က ကြီးကြီး ဒေါ်မြစ် တစ်  ယောက် ပဲ ကျန် တော့ တယ်။

 ဒီလို နဲ့ ပဲ တစ်နေ့ ပြီး တစ်နေ့ ခွဲခွာ ကြရ မယ့် အချိန် ရောက်လာ မှာ ပဲ။ ကျွန်တော် တို့ မိသာစု ထဲ က ဆို ဖေဖေ၊ ဆွေမျိုး ထဲ က ဆို ကြီးကြီး ဒေါ်မြသိန်း၊ ကြီးကြီး ဒေါ်ယု၊ အခု ဘကြီး ဦးမောင်သန့် တို့ ဆုံး သွား ကြ ပြီ။

 ကျွန်တော် အလှည့် လည်း တစ်နေ့နေ့ မှာ ရောက် လာ ရဦးမှာပဲ။ ကြုံ ရ ဦး မှာပဲ။


၁၀၊၀၅၊၁၉၈၈
အဂါၤေန႔
 ဘဘႀကီး ဦးေမာင္သန္႔ ေနမေကာင္းဘူး ဆိုလို႔ ဗ်ိဳင္း သကၤန္းကြ်န္းကို သြားတယ္။ ဗ်ိဳင္း ေရာက္ၿပီး မၾကာ ဘူး၊ စကား နည္းနည္း ေျပာၿပီး ဆံုး သြားတယ္။ဘဘႀကီး က အသက္ ၈၀ ေက်ာ္ ေနၿပီ။ မွည့္ ေနတဲ့ သစ္သီး တစ္လံုး ေၾကြ သြား သလို ေပါ့။
 အမ်ိဳး ေတြ ထဲ မွာ လည္း သက္ႀကီး ရြယ္ႀကီးေတြ ကုန္ ေတာ့ မယ္။ ေမေမ့ ဘက္ က နည္း နည္း က်န္ ေသး တယ္။ ေဖေဖ့ ဘက္ က ႀကီးႀကီး ေဒၚျမစ္ တစ္  ေယာက္ ပဲ က်န္ ေတာ့ တယ္။
 ဒီလို နဲ႔ ပဲ တစ္ေန႔ ၿပီး တစ္ေန႔ ခြဲခြာ ၾကရ မယ့္ အခ်ိန္ ေရာက္လာ မွာ ပဲ။ ကြ်န္ေတာ္ တို႔ မိသာစု ထဲ က ဆို ေဖေဖ၊ ေဆြမ်ိဳး ထဲ က ဆို ႀကီးႀကီး ေဒၚျမသိန္း၊ ၾကီးႀကီး ေဒၚယု၊ အခု ဘႀကီး ဦးေမာင္သန္႔ တို႔ ဆံုး သြား ၾက ၿပီ။
 ကြ်န္ေတာ္ အလွည့္ လည္း တစ္ေန႔ေန႔ မွာ ေရာက္ လာ ရဦးမွာပဲ။ ႀကံဳ ရ ဦး မွာပဲ။

 ႀကိဳတင္ စဥ္းစား မေန ေတာ့ပါဘူး။ 

No comments:

Post a Comment