Thursday, 7 August 2014

နေ့စဉ် မှတ်တမ်း-၇-၈၈

၅၊၀၅၊၁၉၈၈

ကြာသပတေးနေ့

     ရက်တွေ က လည်း အကုန် မြန်လိုက်တာ။ နောက် နှစ် ရက် ဆို တနင်္ဂနွေ နေ့ ပြန်ရောက်ပြီ။ တစ်ပတ် တစ်ပတ် ခဏလေးပဲ။ တစ်လ ဆိုတာလဲ ဘာမှ မကြာဘူး။ ၁၂ လ ဆိုတဲ့ တစ်နှစ် ကလည်း မြန်လိုက်တာ။ မနှစ်က မိုးငွေ့တောင် ရင်ထဲ မှာ မစင်သေးဘူး မိုးရာသီ တစ်ပတ် ပြန်ရောက်လာ ပြန်ပြီ။

     ည ၁၀ နာရီ ထိုးပြီ။ မိုးစိပ်စိပ် လေး ရွာနေတယ်။ လေမတိုက်ဘူး၊ ငြိမ်နေတယ်။ ပတ်ဝန်းကျင်ကလည်း တိတ်နေတယ်။ ပုရစ် အော်သံ၊ ပုစဉ်းရင်ကွဲ အော်သံ တစီစီ နဲ့ ခေါင်မိုးပေါ် မိုးစက်ကျသံ တဖျောက်ဖျောက် ပဲ ကြားနေရတယ်။ ခေါင်းရင်းဘက် က ပြူတင်းပေါက် ကို ဖွင့်ပြီး ကုလားထိုင် တစ်လုံး ယူထိုင် ရင်း အပြင်ကို ငေးနေမိတယ်။ အိမ်ထဲက မီးရောင်က အပြင်ကို အံကျနေတယ်။ မီးရောင်တန်း ဖြူဖြူ ထဲမှာ မိုးစက်တွေ ကို တလက်လက် နဲ့ မြင်နေရတယ်။ အပြင် မီးရောင်ထဲ က မိုးစက်တွေကို လက်နဲ့ လိုက် ဖမ်းဆုပ် မိတယ်။

     လေကြမ်းကြမ်း တစ်ချက် ဝှေ့ တယ်။ မျက်နှာ နဲ့ ရင် ကို မိုးစက်တွေ လာမှန်တယ်။ အအေးဓါတ် က တစ်ကိုယ်လုံး ကို လွှမ်းခြုံသွားတယ်။ အေးစက် စိုစွတ် တဲ့ အအေး က အသွေးအသား ထဲ အထိ စိမ့် ဝင်သွား တယ်။ အသက်ပြင်းပြင်း ရှုလိုက်ရင် နှာသီးဖျားလေး အေးသွားပြီး လည်ချောင်းကနေ အဆုပ် ထဲ အထိ အအေး ငွေ့တွေ ဝင်သွားတယ်။ လေးလံ ထိုင်းမှိုင်းတဲ့ အိပ်ချင်စိတ်တွေ ပျောက်သွားပြီး တစ်ကိုယ်လုံး အေးမြလန်းဆန်းလာတယ်။ မိုးဥတု ကို ကျွန်တော် နှစ်သက်တယ်။ မိုးရွာရင် အရမ်းပျော်တယ်။ ညဘက် မိုးရွာရင် ညမှောင်မှောင်မှာ သဲသဲမဲမဲ ရွာနေတဲ့ မိုးစက်တွေကိုကြည့်ပြီး အတွေး ထဲ နစ်မျော နေတတ်တယ်။ အခုလည်း ရွာနေတဲ့ မိုးစက် မိုးရေ တွေကို ကြည့်ပြီး အတွေးနယ်ထဲ လွင့်မျောမိပြန်ပြီ။ တစ်နှစ် ဆိုတဲ့ ကာလဟာ မကြာသလိုပဲ။ တစ်မိုး ပြီး တစ်မိုး ခဏလေး ရောက်လာတယ်။ မိုးတွင်း ရဲ့ မိုးသည်း ညတွေမှာ တွေးခဲ့တဲ့ ကျွန်တော့် ရဲ့ အတွေးတွေ ကလည်း တစ်ဆက်တည်း လို ဖြစ်နေတယ်။

     မှတ်မိသေးတယ်။ ငယ်ငယ် က မိုးသည်း တဲ့ ညတွေမှာ မိုးခြိမ်းသံတွေ နဲ့ အပြိုင် စာ အော်ပြီး ကျက်ခဲ့တာ၊ အိမ်ခေါင်မိုး ပေါ် မိုးစက် ကျသံ၊ လေတိုးသံ၊ မိုးခြိမ်းသံ တွေ ကို နားထောင်ရင်း စောင်ထူထူ ခြုံပြီး အိပ်ရာ ထဲ ကွေး ခဲ့တာတွေ ကို တမ်းတမိတယ်။ မိုးသည်းသည်းမည်းမည်း ရွာနေတဲ့ အထဲ ထီး မလုံ့တလုံ ဆောင်းပြီး ရွှံ့တွေ ဗွက်တွေ ကို ဖြတ် ၈ ဂိတ်မှာ ညဘက် အလုပ်သွားဆင်း ရတဲ့ ဖေဖေ့ ကို မြင်ယောင် မိတယ်။ မိသားစု အတွက် ဖေဖေ က အလုပ် နှစ်ခု လုပ်ရတယ်။ မနက် ၈ နာရီ ဆို ရုံး သွား ပြီ။ ညနေ ၆ နာရီ ဆို အိမ်ပြန်ရောက်၊ သားသမီး တွေနဲ့ အတူ ထမင်းစား၊ ခနတဖြုတ် နေပြီး ၈ နာရီခွဲ ရင် ည အလုပ် ကို သွားရတယ်။ မနက် ၄ နာရီ လောက် ပြန်လာ ပြီး ၇ နာရီ လောက်အထိ အိပ်၊ ၈ နာရီ ထိုးရင် ရုံးသွား ရပြန်တယ်။ ကျွန်တော်တို့ ငယ်ငယ် ကလေး ထဲကနေ ဖေဖေ ဆုံး တဲ့ အထိ မနက် အလုပ် ညအလုပ် အဆက်မပြတ် ပင်ပင် ပန်းပန်း လုပ်ကျွေး ခဲ့ရှာတယ်။ ညဘက် ဖေဖေ အလုပ်သွားတာကို ခရီးသွား တယ်လို့ အိမ်မှာ သုံးခဲ့ကြတယ်။ အခုပြန်စဉ်းစား မိတော့ မိဘမေတ္တာ ကို စူးစူးရှရှ ခံစား နားလည် ရတယ်။

     ဖေဖေ့ ကို ဆေးရုံ ပို့ လိုက်တယ် လို့ ရုံးက လာ အကြောင်းကြား တဲ့ အချိန်ကလည်း မိုးတွေ သည်းသည်း မည်းမည်း ရွာနေချိန်ပေါ့။ ညနေ ဖေဖေ ရုံးက ပြန်လာချိန်မှာ ကျွန်တော်နဲ့ မမ က အိမ်ရှေ့ မန်ကျည်းပင် ကြီး အောက်မှာ ထွက်စောင့် နေကြတယ်။ လှမ်းမြင်နေရတဲ့ ၄ လမ်းထိပ် က ထနောင်းပင်တွေအောက် ဖေဖေ ရောက်ရင် အိမ်ကနေ ပြေးထွက်ပြီး ထီး နဲ့ အိပ်ကို သယ်ပေးကြတယ်။ ပြန်လာနေကြ အချိန်ကို လွန်နေပြီ၊ ဖေဖေ မရောက်သေးဘူး။ အဲဒီ အချိန်မှာပဲ မိုးရွာ လာတယ်။ မမ က အိမ်ထဲပြန်ဝင်သွားပြီ။ ကျွန်တော် က မန်ကျည်းပင် ခြေရင်းမှာ ခိုပြီး ဆက်စောင့်နေတယ်။ ဒီနေ့ အပြန် မဂ္ဂဇင်း အသစ်တွေ ယူလာဖို့ ဖေဖေ့ ကို မှာထားတယ်။ ၇ နာရီ ကျော်ပြီ။ မှောင်လာပြီ။ မန်ကျည်းပင် အောက်မှာ နေလို့ မရတော့ဘူး။ မိုး ပိုသည်း လာတယ်။ အိမ်ထဲ ကို ကျွန်တော် ပြန်ဝင်လာ ခဲ့တယ်။ အိမ်ထဲ က အဆင်သင့် ပြင်ထားတဲ့ ထမင်းဝိုင်း ကြီး ဘေးမှာ မေမေ နဲ့ ကျွန်တော်တို့ မောင်နှမ တွေ စုထိုင်ပြီး ဖေဖေ့ ကို စောင့် နေကြတယ်။ မျှစ်ချဉ် နဲ့ ဝက်သား ချက်၊ ငပိရည်ကျို၊ အတို့အမြှုပ် အစုံ၊ သရက်သီးမှည့် တွေ စိတ်ထည့် ထားတဲ့ စားပွဲ အလယ်က ဇလုံကြီး၊ ဘယ်သူမှ မထိမတို့။ မိုးငွေ့ ကြောင့် အကုန်အေးစက်လို့။ ၈ နာရီခွဲ လောက်ရှိတော့ ရုံးက လူတစ်ယောက် အိမ် ကိုရောက်လာတယ်။ ဖေဖေ့ ကို ဆေးရုံ တင်လိုက်ရတယ်တဲ့။ ဘယ်သူမှ မထိ မတို့ တဲ့ ထမင်းပွဲ။ အပြင်မှာလည်း မိုးတွေသည်းလို့။

     ဖေဖေ ဆုံးပြီး တော့ အိမ်မှာ တော်တော် ကျပ်တည်းသွားတယ်။ လစဉ် ဘာဝင်ငွေမှ မရှိတော့ဘူး။ ကျောင်းသား ၄ ယောက် နဲ့ မေမေ။ နေ့စဉ် လစဉ် ထွက်ငွေပဲရှိတယ်။ ဝင်ငွေ တစ်ပြားမှ မရှိဘူး။

     အိမ် အမိုး က ဓနိမိုး ဆိုတော့ နှစ်စဉ် မိုးရောက်ရင် အမိုးပြန်မိုးရတယ်။ ဖေဖေဆုံး ပြီးတော့ အိမ် အမိုး အသစ်မမိုး နိုင်တော့ဘူး။ မိုးသည်းသည်း ရွာတိုင်း အိမ်မှာ ရေယိုတယ်။ ညဘက် မိုးသည်းသည်းရွာရင် အိပ်ရာ တွေ ရွှေ့ရ၊ ပြောင်းရတယ်။ ဘယ်လောက် အိပ်ချင်နေပစေ မိုးရွာတာနဲ့ အိပ်ရာပြောင်းရ အမိုးဖာရ တယ်။ ဖာလို့မရ တဲ့ နေရာတွေကို ရှိသမျှ ပုံးတွေ ခွက်တွေနဲ့ ခံထားရတယ်။ တစ်ည မိုးသည်းသည်း ရွာနေတာ မနိုးဘဲ အိပ်ပျော် နေလို့ ခြင်ထောင်နဲ့ စောင် ရွှဲရွှဲစို တော့မှ နိုးတယ်။ သုံးရေ သောက်ရေ ပြတ်တဲ့ အခါဆိုရင် ညဉ့်နက်သန်းကောင် ထ ခြံထဲဆင်းပြီး ရေကဲ့ ရတယ်။ မှောင်မှောင်မည်းမည်း လျှပ်စီး တဝင်းဝင်းတလက်လက် မိုးခြိမ်းသံ တဝန်းဝုန်း တဒိုင်းဒိုင်း နဲ့ပေါ့။ စည်ပိုင်းတွေမှာ ရေပြည့်ပြီ ဆိုမှ ရေသုတ် အဝတ်အစားလဲပြီး ပြန်အိပ်ရတယ်။ တစ်မိုးတွင်လုံး ခံရတဲ့ ဒုက္ခပေါ့။

     ထီး မရှိတာ။ ဖိနပ်ပြတ်တာ။ ရေစို အဝတ် တွေ မခြောက် တာတွေ ကြုံရတယ်။ ဖိနပ်ကို ချွတ်၊ လွယ်အိပ် ကိုပိုက်၊ ပုဆိုး တိုတိုဝတ်ပြီး မိုးသည်းသည်း ထဲမှာ ညဘက် သင်တန်း ကနေ အိမ် ကိုပြန်ရတယ်။ အိမ်ရောက်ရင် မိုးစို တဲ့ အကျႌ နဲ့ ပုဆိုးကို မေမေက ချက်ချင်း လျှော်ရတယ်။ အဝတ်အစား များများ မရှိဘူး။ စားပြီးရင် စာကြည့်။ ညဉ့်အတော်နက်ရင် အိပ်။ မနက် ၅ နာရီ ပြန်ထ။ မိုးထဲ လေထဲမှာ ရေပြင်ကိုဖြတ်၊ ရွှံ့ဗွက် တွေ ဖြတ်ပြီး အမိုးမရှိတဲ့ ဖယ်ရီကားကြီးကိုစီးပြီး အလုပ်သွား။ အလုပ်ဆင်းရင် ကျောင်းကိုဆက်။ ဒီလိုနဲ့ နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားခဲ့တယ်။ ပြန်စဉ်းစားမိတော့လည်း မနေ့ က လိုပါပဲ။

 

     အင်း… မိုးတိတ်သွားပြီ။ တစ်ကိုယ်လုံးလည်း အေးစက်နေပြီ။ ကင်းတဲက သံချောင်းခေါက်သံ ၁၂ ချက် ကြားရပြီ။ အိပ်တော့မှ။


၅၊၀၅၊၁၉၈၈
ၾကာသပေတး
     ရက္ေတြ က လည္း အကုန္ ျမန္လိုက္တာ။ ေနာက္ ႏွစ္ ရက္ ဆို တနဂၤေႏြ ေန႔ ျပန္ေရာက္ၿပီ။ တစ္ပတ္ တစ္ပတ္ ခဏေလးပဲ။ တစ္လ ဆိုတာလဲ ဘာမွ မၾကာဘူး။ ၁၂ လ ဆိုတဲ့ တစ္ႏွစ္ ကလည္း ျမန္လိုက္တာ။ မႏွစ္က မိုးေငြ႔ေတာင္ ရင္ထဲ မွာ မစင္ေသးဘူး မိုးရာသီ တစ္ပတ္ ျပန္ေရာက္လာ ျပန္ၿပီ။
     ည ၁၀ နာရီ ထိုးၿပီ။ မိုးစိပ္စိပ္ ေလး ရြာေနတယ္။ ေလမတိုက္ဘူး၊ ၿငိမ္ေနတယ္။ ပတ္ဝန္းက်င္ကလည္း တိတ္ေနတယ္။ ပုရစ္ ေအာ္သံ၊ ပုစဥ္းရင္ကြဲ ေအာ္သံ တစီစီ နဲ႔ ေခါင္မိုးေပၚ မိုးစက္က်သံ တေဖ်ာက္ေဖ်ာက္ ပဲ ၾကားေနရတယ္။ ေခါင္းရင္းဘက္ က ျပဴတင္းေပါက္ ကို ဖြင့္ၿပီး ကုလားထိုင္ တစ္လံုး ယူထိုင္ ရင္း အျပင္ကို ေငးေနမိတယ္။ အိမ္ထဲက မီးေရာင္က အျပင္ကို အံက်ေနတယ္။ မီးေရာင္တန္း ျဖဴျဖဴ ထဲမွာ မိုးစက္ေတြ ကို တလက္လက္ နဲ႔ ျမင္ေနရတယ္။ အျပင္ မီးေရာင္ထဲ က မိုးစက္ေတြကို လက္နဲ႔ လိုက္ ဖမ္းဆုပ္ မိတယ္။
     ေလၾကမ္းၾကမ္း တစ္ခ်က္ ေဝွ႔ တယ္။ မ်က္ႏွာ နဲ႔ ရင္ ကို မိုးစက္ေတြ လာမွန္တယ္။ အေအးဓါတ္ က တစ္ကိုယ္လံုး ကို လႊမ္းၿခံဳသြားတယ္။ ေအးစက္ စိုစြတ္ တဲ့ အေအး က အေသြးအသား ထဲ အထိ စိမ့္ ဝင္သြား တယ္။ အသက္ျပင္းျပင္း ရႈလိုက္ရင္ ႏွာသီးဖ်ားေလး ေအးသြားၿပီး လည္ေခ်ာင္းကေန အဆုပ္ ထဲ အထိ အေအး ေငြ႔ေတြ ဝင္သြားတယ္။ ေလးလံ ထိုင္းမိႈင္းတဲ့ အိပ္ခ်င္စိတ္ေတြ ေပ်ာက္သြားၿပီး တစ္ကိုယ္လံုး ေအးျမလန္းဆန္းလာတယ္။ မိုးဥတု ကို ကၽြန္ေတာ္ ႏွစ္သက္တယ္။ မိုးရြာရင္ အရမ္းေပ်ာ္တယ္။ ညဘက္ မိုးရြာရင္ ညေမွာင္ေမွာင္မွာ သဲသဲမဲမဲ ရြာေနတဲ့ မိုးစက္ေတြကိုၾကည့္ၿပီး အေတြး ထဲ နစ္ေမ်ာ ေနတတ္တယ္။ အခုလည္း ရြာေနတဲ့ မိုးစက္ မိုးေရ ေတြကို ၾကည့္ၿပီး အေတြးနယ္ထဲ လြင့္ေမ်ာမိျပန္ၿပီ။ တစ္ႏွစ္ ဆိုတဲ့ ကာလဟာ မၾကာသလိုပဲ။ တစ္မိုး ၿပီး တစ္မိုး ခဏေလး ေရာက္လာတယ္။ မိုးတြင္း ရဲ႕ မိုးသည္း ညေတြမွာ ေတြးခဲ့တဲ့ ကၽြန္ေတာ့္ ရဲ႕ အေတြးေတြ ကလည္း တစ္ဆက္တည္း လို ျဖစ္ေနတယ္။
     မွတ္မိေသးတယ္။ ငယ္ငယ္ က မိုးသည္း တဲ့ ညေတြမွာ မိုးၿခိမ္းသံေတြ နဲ႔ အၿပိဳင္ စာ ေအာ္ၿပီး က်က္ခဲ့တာ၊ အိမ္ေခါင္မိုး ေပၚ မိုးစက္ က်သံ၊ ေလတိုးသံ၊ မိုးၿခိမ္းသံ ေတြ ကို နားေထာင္ရင္း ေစာင္ထူထူ ၿခံဳၿပီး အိပ္ရာ ထဲ ေကြး ခဲ့တာေတြ ကို တမ္းတမိတယ္။ မိုးသည္းသည္းမည္းမည္း ရြာေနတဲ့ အထဲ ထီး မလံု႔တလံု ေဆာင္းၿပီး ရႊံ႕ေတြ ဗြက္ေတြ ကို ျဖတ္ ၈ ဂိတ္မွာ ညဘက္ အလုပ္သြားဆင္း ရတဲ့ ေဖေဖ့ ကို ျမင္ေယာင္ မိတယ္။ မိသားစု အတြက္ ေဖေဖ က အလုပ္ ႏွစ္ခု လုပ္ရတယ္။ မနက္ ၈ နာရီ ဆို ရံုး သြား ၿပီ။ ညေန ၆ နာရီ ဆို အိမ္ျပန္ေရာက္၊ သားသမီး ေတြနဲ႔ အတူ ထမင္းစား၊ ခနတျဖဳတ္ ေနၿပီး ၈ နာရီခြဲ ရင္ ည အလုပ္ ကို သြားရတယ္။ မနက္ ၄ နာရီ ေလာက္ ျပန္လာ ၿပီး ၇ နာရီ ေလာက္အထိ အိပ္၊ ၈ နာရီ ထိုးရင္ ရံုးသြား ရျပန္တယ္။ ကၽြန္ေတာ္တို႔ ငယ္ငယ္ ကေလး ထဲကေန ေဖေဖ ဆံုး တဲ့ အထိ မနက္ အလုပ္ ညအလုပ္ အဆက္မျပတ္ ပင္ပင္ ပန္းပန္း လုပ္ေကၽြး ခဲ့ရွာတယ္။ ညဘက္ ေဖေဖ အလုပ္သြားတာကို ခရီးသြား တယ္လို႔ အိမ္မွာ သံုးခဲ့ၾကတယ္။ အခုျပန္စဥ္းစား မိေတာ့ မိဘေမတၱာ ကို စူးစူးရွရွ ခံစား နားလည္ ရတယ္။
     ေဖေဖ႔ ကို ေဆးရံု ပို႔ လိုက္တယ္ လို႔ ရံုးက လာ အေၾကာင္းၾကား တဲ့ အခ်ိန္ကလည္း မိုးေတြ သည္းသည္း မည္းမည္း ရြာေနခ်ိန္ေပါ့။ ညေန ေဖေဖ ရံုးက ျပန္လာခ်ိန္မွာ ကၽြန္ေတာ္နဲ႔ မမ က အိမ္ေရွ႕ မန္က်ည္းပင္ ႀကီး ေအာက္မွာ ထြက္ေစာင့္ ေနၾကတယ္။ လွမ္းျမင္ေနရတဲ့ ၄ လမ္းထိပ္ က ထေနာင္းပင္ေတြေအာက္ ေဖေဖ ေရာက္ရင္ အိမ္ကေန ေျပးထြက္ၿပီး ထီး နဲ႔ အိပ္ကို သယ္ေပးၾကတယ္။ ျပန္လာေနၾက အခ်ိန္ကို လြန္ေနၿပီ၊ ေဖေဖ မေရာက္ေသးဘူး။ အဲဒီ အခ်ိန္မွာပဲ မိုးရြာ လာတယ္။ မမ က အိမ္ထဲျပန္ဝင္သြားၿပီ။ ကၽြန္ေတာ္ က မန္က်ည္းပင္ ေျခရင္းမွာ ခိုၿပီး ဆက္ေစာင့္ေနတယ္။ ဒီေန႔ အျပန္ မဂၢဇင္း အသစ္ေတြ ယူလာဖို႔ ေဖေဖ့ ကို မွာထားတယ္။ ၇ နာရီ ေက်ာ္ၿပီ။ ေမွာင္လာၿပီ။ မန္က်ည္းပင္ ေအာက္မွာ ေနလို႔ မရေတာ့ဘူး။ မိုး ပိုသည္း လာတယ္။ အိမ္ထဲ ကို ကၽြန္ေတာ္ ျပန္ဝင္လာ ခဲ့တယ္။ အိမ္ထဲ က အဆင္သင့္ ျပင္ထားတဲ့ ထမင္းဝိုင္း ႀကီး ေဘးမွာ ေမေမ နဲ႔ ကၽြန္ေတာ္တို႔ ေမာင္ႏွမ ေတြ စုထိုင္ၿပီး ေဖေဖ့ ကို ေစာင့္ ေနၾကတယ္။ မွ်စ္ခ်ဥ္ နဲ႔ ဝက္သား ခ်က္၊ ငပိရည္က်ိဳ၊ အတို႔အျမႈပ္ အစံု၊ သရက္သီးမွည့္ ေတြ စိတ္ထည့္ ထားတဲ့ စားပြဲ အလယ္က ဇလံုႀကီး၊ ဘယ္သူမွ မထိမတို႔။ မိုးေငြ႔ ေၾကာင့္ အကုန္ေအးစက္လို႔။ ၈ နာရီခြဲ ေလာက္ရွိေတာ့ ရံုးက လူတစ္ေယာက္ အိမ္ ကိုေရာက္လာတယ္။ ေဖေဖ့ ကို ေဆးရံု တင္လိုက္ရတယ္တဲ့။ ဘယ္သူမွ မထိ မတို႔ တဲ့ ထမင္းပြဲ။ အျပင္မွာလည္း မိုးေတြသည္းလို႔။
     ေဖေဖ ဆံုးၿပီး ေတာ့ အိမ္မွာ ေတာ္ေတာ္ က်ပ္တည္းသြားတယ္။ လစဥ္ ဘာဝင္ေငြမွ မရွိေတာ့ဘူး။ ေက်ာင္းသား ၄ ေယာက္ နဲ႔ ေမေမ။ ေန႔စဥ္ လစဥ္ ထြက္ေငြပဲရွိတယ္။ ဝင္ေငြ တစ္ျပားမွ မရွိဘူး။
     အိမ္ အမိုး က ဓနိမိုး ဆိုေတာ့ ႏွစ္စဥ္ မိုးေရာက္ရင္္ အမိုးျပန္မိုးရတယ္။ ေဖေဖဆံုး ၿပီးေတာ့ အိမ္ အမိုး အသစ္မမိုး ႏိုင္ေတာ့ဘူး။ မိုးသည္းသည္း ရြာတိုင္း အိမ္မွာ ေရယိုတယ္။ ညဘက္ မိုးသည္းသည္းရြာရင္ အိ္ပ္ရာ ေတြ ေရႊ႕ရ၊ ေျပာင္းရတယ္။ ဘယ္ေလာက္ အိပ္ခ်င္ေနပေစ မိုးရြာတာနဲ႔ အိပ္ရာေျပာင္းရ အမိုးဖာရ တယ္။ ဖာလို႔မရ တဲ့ ေနရာေတြကို ရွိသမွ် ပံုးေတြ ခြက္ေတြနဲ႔ ခံထားရတယ္။ တစ္ည မိုးသည္းသည္း ရြာေနတာ မႏိုးဘဲ အိပ္ေပ်ာ္ ေနလို႔ ျခင္ေထာင္နဲ႔ ေစာင္ ရႊဲရႊဲစို ေတာ့မွ ႏိုးတယ္။ သံုးေရ ေသာက္ေရ ျပတ္တဲ့ အခါဆိုရင္ ညဥ့္နက္သန္းေကာင္ ထ ျခံထဲဆင္းၿပီး ေရကဲ့ ရတယ္။ ေမွာင္ေမွာင္မည္းမည္း လွ်ပ္စီး တဝင္းဝင္းတလက္လက္ မိုးၿခိမ္းသံ တဝန္းဝုန္း တဒိုင္းဒိုင္း နဲ႔ေပါ့။ စည္ပိုင္းေတြမွာ ေရျပည့္ၿပီ ဆိုမွ ေရသုတ္ အဝတ္အစားလဲၿပီး ျပန္အိပ္ရတယ္။ တစ္မိုးတြင္လံုး ခံရတဲ့ ဒုကၡေပါ့။
     ထီး မရွိတာ။ ဖိနပ္ျပတ္တာ။ ေရစို အဝတ္ ေတြ မေျခာက္ တာေတြ ႀကံဳရတယ္။ ဖိနပ္ကို ခၽြတ္၊ လြယ္အိပ္ ကိုပိုက္၊ ပုဆိုး တိုတိုဝတ္ၿပီး မိုးသည္းသည္း ထဲမွာ ညဘက္ သင္တန္း ကေန အိမ္ ကိုျပန္ရတယ္။ အိမ္ေရာက္ရင္ မိုးစို တဲ့ အက်ႌ နဲ႔ ပုဆိုးကို ေမေမက ခ်က္ခ်င္း ေလွ်ာ္ရတယ္။ အဝတ္အစား မ်ားမ်ား မရွိဘူး။ စားၿပီးရင္ စာၾကည့္။ ညဥ့္အေတာ္နက္ရင္ အိပ္။ မနက္ ၅ နာရီ ျပန္ထ။ မိုးထဲ ေလထဲမွာ ေရျပင္ကိုျဖတ္၊ ရႊံ႕ဗြက္ ေတြ ျဖတ္ၿပီး အမိုးမရွိတဲ့ ဖယ္ရီကားႀကီးကိုစီးၿပီး အလုပ္သြား။ အလုပ္ဆင္းရင္ ေက်ာင္းကိုဆက္။ ဒီလိုနဲ႔ ႏွစ္ေတြ တစ္ႏွစ္ၿပီး တစ္ႏွစ္ ကုန္သြားခဲ့တယ္။ ျပန္စဥ္းစားမိေတာ့လည္း မေန႔ က လိုပါပဲ။

     အင္း… မိုးတိတ္သြားၿပီ။ တစ္ကိုယ္လံုးလည္း ေအးစက္ေနၿပီ။ ကင္းတဲက သံေခ်ာင္းေခါက္သံ ၁၂ ခ်က္ ၾကားရၿပီ။ အိပ္ေတာ့မွ။

Monday, 4 August 2014

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၁)

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၁)

(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)


အီဘိုလာ နှင့် နဖူးတွေ့ဒူးတွေ့
  photo from http://media.spokesman.com/  


      ၁၉၈၃ စက်တင်ဘာ ၂၆ ၁၃:၃၀ နာရီ

       သူတို့ နှစ်ဦးသည်စင်္ကြံလမ်း ကျဉ်းကျဉ်း တစ်ခုတွင် ရောက်နေကြသည်။ လမ်းအဆုံး အခြား တစ်ဖက် တွင် တံခါးဖွင့်ထားသော အခန်းများကို တွေ့ရသည်။ ဝင်္ကပါ တစ်ခုနှင့်ပင် တူနေသည်။ နံရံတွင် အဝါရောင်လေပိုက်များ တွဲလောင်းကျနေသည်။ လေပေးသည့် စနစ် ချို့ယွင်းလျှင် သတိပေးမည့် အရေးပေါ်မီးသီးတစ်ခု ကို မျက်နှာကြက် တွင် တပ်ထားသည်။ နံရံ အားလုံးကို ဆေး ထူထဲစွာ သုတ်ထားသည်။ လျှပ်စစ်ပစ္စည်းများ၏အနားစွန်းများကို ချောမွတ်ပျော့ပျောင်းသော ပစ္စည်းတစ်မျိုးဖြင့် ဖုံးကာထားသည်။ ဗိုင်းရတ်များမတော်တဆ လေထဲမျောလွင့် ကာ ပြင်ပသို့ ရောက်မသွားအောင် ရှိသမျှ အပေါက်များ၊ ချိုင့်များ၊အက်ကြောင်းရာများ၊ အကွဲကြောင်းများ အားလုံးကို ပိတ်ဆို့ ဖာထေးထားသည်။ နန်စီ က လေပိုက်တစ်ခုကိုလှမ်းယူကာ ဝတ်စုံတွင် တပ်လိုက်သည်။ လေများ ဝင်ရောက်လာပြီး ခေါင်းစွပ်ထဲတွင် လေတိုးသံ တရှီးရှီး မြည်နေသည်။ လေတိုးသံမှာ ဝတ်စုံထဲ တွင် အတော်ကျယ်လောင်နေရာ တစ်ဦးနှင့် တစ်ဦးစကားပြောဆို ဆက်သွယ်၍ မရတော့ပါ။

     နန်စီ သည် သတ္တုဘီရိုတစ်ခုကို ဖွင့်၊ အဝါရောင် ရာဘာလည်ရှည်ဘွတ်ဖိနပ် တစ်ရံထုတ်ယူပြီး ဝတ်စုံဝတ်ထားသည့် ခြေအစုံကိုအသာအယာ လျှောထည့်ကာ စီးသည်။ ဂျွန်ဆင်၏ မျက်လုံး အစုံ ကို စိုက်ကြည့်ပြီး လုပ်ငန်းစတင်ရန်အသင့်ရှိကြောင်း အချက်ပြ လိုက်သည်။

     လေပိုက်များကိုဖြုတ်လိုက်ပြီး ခန်းမကြီး အတိုင်းလျှောက်ကာ မျောက်လှောင်အိမ်များ ထားရာ အခန်းသို့ ဝင်လာကြသည်။အခန်းထဲတွင် လှောင်အိမ်များကို နံရံ နှစ်ဖက်တွင် ကပ်၍ မျက်နှာချင်းဆိုင် အတန်းနှစ်တန်းချထားသည်။ နန်စီ နှင့် ဂျွန်ဆင် တို့ လေပိုက်ကို ဆွဲယူပြီး ကာကွယ်ရေး ဝတ်စုံတွင် တပ်ရပြန်သည်။ လှောင်အိမ်တန်း တစ်ဖက်တွင် မျောက်နှစ်ကောင်ကို သီးသန့်ခွဲထားသည်။ သူတို့ကိုအီဘိုလာ ဗိုင်းရတ် ထိုးမပေးရသေးပါ။ ကျန်းကျန်းမာမာ ပင် ရှိသေးသည်။

     ပွယောင်းယောင်းပုံမကျ ပန်းမကျ ဝတ်စုံ ဝတ်ထားသူ နှစ်ဦး အခန်းတွင်း ရုတ်တရက် ဝင်လာခြင်းကြောင့် မျောက်နှစ်ကောင် လန့်သွားသည်။ လှောင်အိမ်ကို ဂျုန်းဂျုန်း ဂျိုင်းဂျိုင်း မြည်အောင် ဆွဲလှုပ်ပြီးဝရုန်းသုန်းကား ခုန်ပေါက် ပြေးလွှားကြတော့သည်။ ဝတ်စုံဝတ်ထား သူ နှစ်ဦး ကို ကြောက်လန့်နေကြသည်။ လှောင်အိမ် ရှေ့တံခါးကို လှုပ်ရမ်းပြီး စူးရှ ကျယ်လောင်စွာ အော်ဟစ်သည်။ ထို့နောက်လှောင်အိမ် နောက်ဖက်သို့ ခုန်ကူး သွားပြန်သည်။ သူတို့၏ မျက်လုံးများသည် နန်စီနှင့်ဂျွန်ဆင်ကို အလစ် မပေးဘဲ လှုပ်ရှားသမျှကို သတိကြီးစွာ စောင့်ကြည့်နေကြသည်။ မျောက်တွေကစူးစမ်း စပ်စုတတ်သည်။ ပေါက်ပေါက်ရှာရှာ ကလိတတ်သည်။ ထို့ကြောင့် လှောင်အိမ် တံခါးချက်ကိုခိုင်ခိုင်မြဲမြဲ တပ်ဆင် ထားရသည်။

     မျက်နှာချင်းဆိုင်အခြားလှောင်အိမ်တန်းက ငြိမ်သက်နေသည်။ ဤလှောင်အိမ်ထဲမှ မျောက်များကို အီဘိုလာ ဗိုင်းရတ်ကူးစက်အောင် ပြုထားသည်။ မျောက်တို့မှာ မလှုပ်မယှက် ငြိမ်သက်နေကြသည်။ မျောက် တစ်ကောင်၊နှစ်ကောင်မှာ စိတ်ဖောက်ပြန်ပြီး ရန်လိုဟန်ရှိသော်လည်း အားလုံးသော မျောက်တို့ သည် ကျဆင်း နေပြီဖြစ်သည်။သူတို့၏ ကိုယ်ခံအား စံနစ်မှာ ပျက်စီး ( သို့ ) ကပြောင်းကပြန် ဖြစ်သွား ပေပြီ။ အများစုမှာအလွန် မကျန်းမမာ ဖြစ်နေပုံ မပေါ်သော်လည်း ကျန်းမာ သည့် မျောက်များကဲ့သို့ တက်ကြွမှု၊လှုပ်ရှားမှု မရှိတော့ပါ။ ဆူဆူညံညံ ခုန်ပေါက် ပြေးလွှာခြင်း မရှိတော့ပါ။  မနက်စာ ကျွေးထားသော ဘီစကွတ် ကိုပင် မစားကြတော့။လှောင်အိမ်ထဲတွင် လှုပ်ရှားမှုကင်းမဲ့စွာ ထိုင်ရင်း နန်စီတို့ ကို ခံစာချက်ကင်းမဲ့သောမျက်နှာသေများဖြင့် ငေးကြည့်နေကြသည်။ 


photo from http://topnews.net.nz
     ထိုမျောက်များအားကမ္ဘာ ပေါ်တွင် အပြင်းထန်ဆုံး အီဘိုလာ ဗိုင်းရတ် ဗီဇကို ထိုးပေးထားသည်။ ၎င်းဗီဇ မှာ အီဘိုလာဇိုင်ယာမျိုး ဖြစ်ပြီး မေရင်ဂါ ဗီဇ ဟုခေါ်သည်။ ဤ အီဘိုလာ ဗီဇ ကို ၁၉၇၆ ခုနှစ် အောက်တိုဘာ၁၉ ရက်နေ့ တွင် သေဆုံးခဲ့သည့် မေရင်ဂါ ဟုအမည်ရှိသော အမျိုးသမီးငယ် တစ်ဦးထံမှ ထုတ်ယူထားခြင်းဖြစ်သည်။သူသည် ဇိုင်ယာ နိုင်ငံ ဆေးရုံတစ်ခုမှ သူနာပြုတစ်ဦးဖြစ်ပြီး အီဘိုလာ ဗိုင်းရတ် ကြောင့်သေဆုံးခဲ့သည့် ရိုမန်ကက်သလစ် သီလရှင် တစ်ပါး ကိုပြုစုခဲ့သူ ဖြစ်သည်။ သီလရှင်သည် သူနာပြုဆရာမလေး မေရင်ဂါ ၏ လက်ပေါ်တွင်ပင် သွေးများယိုစီးထွက်ကာ သေဆုံးခဲ့သည်။ ရက်အနည်းငယ် အကြာတွင်ဆရာမလေး မေရင်ဂါ လည်း အီဘိုလာ ဗိုင်းရတ်ကြောင့် သွေးယိုစီးကာ သေဆုံးခဲ့သည်။ ဆရာမလေး၏သွေးနမူနာ အချို့သည် နောက်ဆုံး အမေရိကန် နိုင်ငံ သို့ ရောက်လာခဲ့သည်။ မေရင်ဂါ ၏ သွေးထဲတွင်ရှင်သန်ခဲ့သော အီဘိုလာ ဗိုင်းရတ် ဗီဇသည်  အမေရိကန်ကြည်းတပ် ကူးစက် ရောဂါများဆိုင်ရာ ဆေးသုတေသန ဌာန၏ အနှုတ် ၁၆၀ ဒီဂရီ ဖာရင်ဟိုက်ရှိသည့် စူပါရေခဲသေတ္တာ ထဲမှ ဖန်ပြွန်ထဲတွင် ရှင်သန်လျှက်ရှိနေပါသည်။

Saturday, 2 August 2014

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၀)

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၀)

(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)



အီဘိုလာ ပရောဂျက်
Photo from http://www.wolfhazmat.de
     ၁၃း၀၀ နာရီ

     နန်စီ သည် မနက်ပိုင်း တွင် ရုံးခန်း ၌ အလုပ်များကိုပြီးစီးအောင် လုပ်ရသည်။ နေ့လည်စာ စားပြီးနောက် စေ့စပ် စိန်လက်စွပ် နှင့် လက်ထပ်လက်စွပ်ကို ချွတ်ပြီး စားပွဲ အံဆွဲ အတွင်းထည့်ကာ သော့ခတ်သည်။ ထို့နောက် ဒုတိယဗိုလ်မှုးကြီးအန်တိုနီ ဂျွန်ဆင်၏ ရုံးခန်းသို့သွားသည်။ သူတို့ နှစ်ယောက် အောက်ထပ် ဆင်း ကာ စင်္ကြံ လမ်းအတိုင်း အီဘိုလာ ဇုံ သို့ လျှောက်လာကြသည်။ အီဘိုလာဇုံ သို့ ဝင်ရောက်ရန် ဝင်ပေါက် တစ်ခုသာ ရှိသည်။ ထို အဝင်ဝ တွင် အခန်း ဖွဲ့ထား ပြီးအဝတ်အစား လဲ နိုင်ရန် စီစဉ် ထားသည်။ တိုနီ က နန်စီ ကို အရင်ဝင် ကာ အဝတ် လဲစေသည်။ အခန်းမှာသိပ်မကျယ်လှပေ။ နံရံတွင် ပစ္စည်း ထည့် ရန် သေတ္တာငယ် လေး များနှင့် စင် အချို့ရှိသည်။လက်ဆေးကန် တစ်ခုနှင့် မှန်တစ်ချပ် လည်းရှိသည်။ နန်စီ သည် အတွင်းခံ အပါအဝင် အဝတ်အစားအားလုံး ကို ချွတ်ကာ နံရံကပ် သေတ္တာထဲ ထည့်လိုက်သည်။ ညာဘက် လက်ဖဝါးတွင် စည်းထားသည့်ပတ်တီး ကိုတော့ ချန်ထားသည်။ စင်ပေါ်မှ အစိမ်းရောင် ခွဲစိတ်ခန်းသုံး ဝတ်စုံ ကို ယူကာဝတ်သည်။ ဤ ခွဲစိတ်ခန်းသုံး ဝတ်စုံ အောက်တွင် အတွင်းခံ အပါအဝင် မည်သည့် အဝတ်မျှ ဝတ်ခွင့်မပြုပါ။ ခွဲစိတ်ခန်းသုံး ခေါင်းစွပ် ကို ဆောင်းသည်။ မှန် ကိုကြည့်ကာ ဆံပင်များကို ခေါင်းစွပ်အတွင်းထည့်သည်။ နန်စီ စိတ်လှုပ်ရှား နေသည်။ ယခု အကြိမ်သည် အန္တရာယ် ဇုံသို့ ဒုတိယ အကြိမ်ဝင်ရောက်ခြင်း ဖြစ်သည်။ နန်စီ သည် မှန်ရှေ့မှ ခွာကာ ဗိုင်းရတ် ကာကွယ်ရေး အဆင့် ၂ ဇုံတံခါးပေါက် သို့ ခြေဗလာ နှင့် လျှောက်လာသည်။ အပြာရောင် အလင်းတန်း တစ်ခု က တံခါး ရှိမှန်ချပ် ကို ဖြတ်ကာ ဖြာကျနေသည်။ ခရမ်းလွန် ရောင်ခြည် အလင်းတန်း ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် အောက် ရောက်ရှိ သွားသည့် ဗိုင်းရတ် များသည် မျိုးဗီဇ ပစ္စည်း ပျက်စီးသွားပြီး ထပ်မံ၍ မပွားနိုင် တော့ပါ။ အဆင့် ၂ ဇုံ သို့ ဝင်ရန် နန်စီ သည်တံခါးကို ဆွဲဖွင့်လိုက်သည်။ အတွင်းဘက် လေဖိအား ကအပြင်ဘက် လေဖိအားထက် နည်း နေရာ တံခါးကို အတော်အားစိုက်၍ ဆွဲဖွင့်ရသည်။ အထဲဝင် လိုက်သည့်အခါ အပြင်ဘက် မှ လေများ နန်စီကို တိုးဖြတ်၍ ဝင်ရောက်သွားသည်။ အန္တရာယ် ကြီးသည့် ဗိုင်းရတ်များပြင်ပသို့ ပြန့်နှံ့ မသွားစေရန် အထူးစီမံထား သည့် စံနစ်ဖြစ်သည်။ အပြာရောင် အလင်း ကနန်စီ ၏ မျက်နှာပေါ် ဖြတ်သွားသည်။ နန်စီ သည် ခရမ်းလွန် ရောင်ခြည်အလင်း၊ ဆပ်ပြာ၊ ရေပန်းများ တပ်ဆင် ထားသည့် လျှောက်လမ်း ကိုဖြတ်လျှောက်ကာ အခန်းတစ်ခု သို့ ဝင်လိုက်သည်။ အခန်းနံရံရှိ စင်ပေါ်တွင် အဖြူရောင် ခြေစွပ် များတင်ထားသည်။ သူသည် ခြေစွပ် တစ်စုံ ကို ဝတ်ပြီးနောက်ထပ် တံခါး တစ်ခုကို ဖွင့် ကာ အဆင့် ၃ ဇုံသို့ ဝင်လာသည်။ အဆင့် ၃ ဇုံတွင် အခန်းတစ်ခန်းရှိပြီး အခန်းထဲတွင် စားပွဲတစ်ခု၊ တယ်လီဖုန်း တစ်လုံး နှင့် လက်ဆေးကန် တစ်ခုရှိသည်။ စားပွဲဘေးတွင် ကူးစက်စေနိုင်သော စွန့်ပစ် ပစ္စည်းများ ထည့်သည့် ကတ်ထူ ပုံး တစ်ခုရှိသည်။ ပုံးထဲတွင်အနီရောင် ပလတ်စတစ် အိတ် တစ်ခုခံထားသည်။ ပုံးအပြင်တွင် ကူးစက် စွန့်ပစ်ပစ္စည်း သင်္ကေတအနီရောင်တံဆိပ်ကို ရေးခြယ်  ထားသည်။ ပုံးအတွင်း၌ ဘာပစ္စည်းမှ မရှိသေးပါ။ ဤ ပုံးကိုမရှိသုံး ကုလားထိုင်အဖြစ်လည်း သုံးကြသည်။