အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၇)
(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)
Dr. Nancy Jaax (Photo from Kansas State University)
|
အိမ်ရှင်မ
သို့မဟုတ် စစ်သည်
တစ်ဦး
၁၉၈၃ စက်တင်ဘာ ၂၅ ရက် ၊ ၁၈း၀၀ နာရီ
ချားမိုနက်
သေဆုံး ပြီး လေးနှစ်
ခန့် အကြာ။
အမေရိကန်
ပြည်ထောင်စု မေယာလန်း
ပြည်နယ် သာမောင့်မြို့
၏ ညနေချမ်း အချိန်။
ကက်အိုတင်တောင်ကြော
ပေါ်ရှိ သစ်ပင်များမှာ
ရွှေဝါရောင်
အဆင်း ဖြင့် အစွမ်းကုန်
တောက်ပနေသည်။
လူငယ်များ မှာ မြို့လမ်း တစ်လျောက်
ကားကို ဖြည်းဖြည်း မောင်းနှင်
ရင်း နွေဦးရာသီ မကုန်ဆုံး
စေရန် ဆုတောင်း
နေကြသည်။ ရင့်မှည့်နေသည့်
ပန်းသီး ရနံ့ ၊ သစ်ရွက်
ဆွေး တို့၏ ချဉ်စူးစူး ရနံ့ ၊ လယ်ကွင်းတွင်း
မှ သွေ့ခြောက်နေသည့်
ပြောင်းရိုး ရနံ့  တို့လွှမ်းနေသည့်
ဆောင်းဦး အငွေ့အသက်
တို့က လေထဲ ပျံ့နေပေပြီ။ မြို့စွန်
ရှိ ပန်းသီးပင် စုစု တွင်
သာလိကာ တစ်အုပ် အိပ်တန်းတက်
ရင်း စူးစူးရှရှ အော်မြည်
နေကြသည်။ ကားမီးရောင်
များသည် ဂက်တီးဘတ်
လမ်းမကြီး တစ်လျောက်
မြောက်ဘက် သို့ အဆက်မပြတ်
စီးဆင်း နေသည်။
မြို့ထဲ နှင့် မဝေးလှသော
ဝိတိုရိယခေတ် အိမ်တစ်လုံး၏
မီးဖိုချောင် ထဲတွင်
အမေရိကန် ကြည်း
တပ် မှ တိရစ္ဆာန် ဆေးကု ဆရာဝန်
တစ်ဦးဖြစ်သော ဗိုလ်မှူး
နန်စီဂျက် သည်
ကလေး များ အတွက် ညစာ ချက်ပြုတ်
နေသည်။
မိုက်ကရိုဝေ့ မီးဖိုထဲ သို့ ကြက်သား
ပန်းကန်ကို ထည့်ကာ
ခလုတ် ဖွင့်လိုက်သည်။
ကြက်သား နူးရန် ခန စောင့်ရ
မည်။ သူသည် အားကစား ဘောင်းဘီ
ရှည် နှင့် တီရှပ်
ကို ဝတ်ထားပြီး ဖိနပ်စီး မထားပါ။ သူ၏ ခြေဖဝါး
နှစ်ဖက်မှာ ကိုယ်ခံပညာ
လေ့ကျင့်ခန်း
များ ကြောင့် အသားမာ တက်
နေသည်။ နီညို ရောင်
လှိုင်းတွန့် ဆံပင်
များကို ပုခုံး အထက် တွင်
ခပ်တိုတို ညှပ်ထားသည်။
သူ့မျက်ဝန်း အစုံ မှာ ပယင်း
ရောင် ဝန်းရံထားသော
မျက်လုံး စိမ်းများ ဖြစ်သည်။
သူသည် ကင်းဆတ်
ပြည်နယ် စိုက်ပျိုး
မွေးမြူရေး ကျောင်းမှ
အလှမယ် ဘွဲ့ ရခဲ့ ဖူးသည်။ သူ၏ ကိုယ်ခန္ဓာ
မှာ သွယ်လျပြီး သွက်လက်ဖြတ်လတ်
သည့် ကိုယ်ဟန် မျိုး ဖြစ်သည်။
ကလေး နှစ်ယောက်မှာ
ဆော့ကစား ထားကြ၍ မောပန်း
နေပေပြီ။ သူတို့ နှစ်ဦး
အတွက် ညစာ ကို မြန်မြန်
ပြင်ဆင် ပေးရမည်။
ငါးနှစ် သမီး ဂျေမီ က နန်စီ ၏ ခြေထောက်
ကို ဖက်ထား ရင်း ဘောင်းဘီ
ကိုဆွဲ နေသည်။ နန်စီ
က ခြေထောက်
ကို ဘေး သို့ ဖယ်လိုက်ရာ
ဂျေမီ က မှီရာ နောက်
တစ်ဖက် ကို ထပ်ဆွဲ
နေ ပြန်သည်။ ဂျေမီ
သည် အမေတူ သမီး ဖြစ်ပြီး
မျက်လုံးစိမ်း နှင့်
ဖြစ်သည်။ သူ့အသက်အရွယ်
အရ ဆိုလျှင် အရပ်ပု သေးသည်။
သား ဖြစ်သူ ဂျက်ဆင် က ဧည့်ခန်း
ထဲတွင် တီဗွီ ကြည့် နေသည်။
သူ က တိတ်တိတ် ဆိတ်ဆိတ်
နေ တတ် သည်။
ယခု အရွယ် တွင် ပိန်ပိန်
သွယ်သွယ် ဖြစ်နေ
ရာ ကြီးလျှင် အဖေ ကဲ့သို့
အရပ်ရှည် မည်ဟု
ထင်ရပေသည်။
နန်စီ ၏ ခင်ပွန်း
မှာ ဗိုလ်မှူး ဂီရယ်ဂျက်
ဖြစ်ပြီး တိရစ္ဆာန် ဆေးကု ဆရာဝန်
ပင် ဖြစ်သည်။ သူ့ကို
အားလုံး က ဂျယ်ရီ ဟု ခေါ် ကြသည်။
ယခု တက္ကဆက် သင်တန်း ကျောင်း
တွင် တာဝန် ကျနေရာ အိမ်တွင်
နန်စီ နှင့် ကလေး နှစ်
ယောက် သာရှိသည်။
ဂျယ်ရီ က တက္ကဆက် တွင် အလွန် ပူ ကြောင်း အိမ် ကို လွမ်း
ကြောင်း နှင့် ပြန်လာ ချင်ကြောင်း ဖုန်းဆက် သည်။ နန်စီ က လည်း သတိရ နေသည်။
သူတို့ ကောလိပ်ကျောင်း သား ဘဝ စတင် တွေ့ဆုံခဲ့ ကြသည့် အချိန် မှ စ၍ ယခုတိုင်
အကြာ ကြီး ခွဲ မနေ ခဲ့ဖူး ပါ။ နန်စီ နှင့် ဂျယ်ရီ တို့ နှစ် ဦး စလုံး မှာ အမေရိကန်
ကြည်းတပ် မှ တိရစ္ဆာန် ဆေးကု ဆရာဝန် များ ဖြစ်ပြီး စစ်သုံး ခွေးများ နွားများ
သိုးများ ဝက်များ လားများ ယုန်များ ကြွက်များ မျောက်များ ကို ကြည့်ရှု ကုသ ရသည်။
စစ်တပ် ၏ အစားအစာ များကို လည်း စစ်ဆေး ပေးရသည်။
သူတို့ ဒီထရစ် တပ်စခန်း သို့ တာဝန် ချထား
ခံ ရပြီး နောက် စခန်း နှင့် မနီး မဝေး သွား လာ ရန် လွယ်ကူ သည့် ဤ အိမ် ကို
ဝယ်ယူ ခဲ့ကြသည်။ မီးဖိုချောင် မှာ သေးငယ် ကျဉ်း မြောင်း ပြီး နံရံ တွင်
ရေပိုက်များ မီးကြိုးများ တွဲလောင်း ကျနေ သည်။ မီးဖိုချောင် အနီးတွင် ဧည့်ခန်း
ရှိပြီး ပြူတင်းပေါက် တစ်ခု ရှိသည်။ ပြူတင်းပေါက် နားတွင် စုဆောင်းထားသော
အပူပိုင်း ဒေသ အပင်ငယ်များ နှင့် ဖန်းပင် များ ရှိသည်။ ထို့အပြင် ဟာကီ ဟု
အမည် ပေးထားသော အမေဇုံ ကြက်တူရွေး တစ်ကောင်ထည့်ထား သည့် ငှက်လှောင်အိမ်
တစ်ခု လည်း ရှိသည်။ ဟာကီ က တေးဆို ညည်း နေသည်။ “မာမီ မာမီ” ဟု ဂျက်ဆင် ၏ ရုတ်တရက်
ခေါ်သံ ကြားလိုက် ရသည်။ ဂျက်ဆင် ၏ အသံ နှင့် တူ ၍ နန်စီ က "ဘာလဲ သား"
ဟု ထူးလိုက် ပြီးမှ ဟာကီ ခေါ်လိုက် မှန်း သတိပြု မိသည်။ ဟာကီ က နန်စီ ၏ ပုခုံး
ပေါ် နားချင် နေသည်။ “မာမီ”
“ဂျယ်ရီ” “ဂျေမီ” “ဂျက်ဆင်” စသည် ဖြင့် အိမ်သား အားလုံး ကို အော်ခေါ် နေသည်။
မည်သူ မျှ ပြန် မထူး ၍ သူဘာသာသူ ကာနယ် ဘိုဂီ တေးသွား ကို လေချွန် နေ တော့သည်။
နန်စီ သည် ဟာကီ ကို လှောင်အိမ် ထဲမှ မထုတ် နိုင်တော့ ပါ။ သူသည် ပန်းကန်
များ ကို စားပွဲပေါ်သို့ မြန်မြန်ဆန်ဆန် ချနေသည်။ သူ၏ လက်မှာ အလွန်လျင်မြန်စွာ
ဇယ်ဆက် သလို လှုပ်ရှား နေသည်။ ဒီထရစ် စခန်း မှ အရာရှိ အချို့ က ဆိုးခနဲ ဆတ်ခနဲ
လျင်မြန် စွာ လှုပ်ရှား တတ်သည့် သူ၏ လက် လှုပ်ရှားဟန် ကို သတိပြုမိ ကြပြီး ညင်သာစွာ
ကိုင်တွယ် လုပ်ဆောင် ရမည့် အန္တရာယ် များသော လုပ်ငန်း များ လုပ်ဆောင်
ရန် မသင့် ဟု ပြောကြသည်။ ထိုအချက်သည် အမျိုသမီး အရာရှိ တစ်ဦး အနေဖြင့် စစ်တပ်တွင် ရာထူးတိုးရန် အဟန့် အတား ဖြစ်နေသည်ဟု သူထင်မိသည်။ ထို့ကြောင့်ပင် သူ၏
လှုပ်ရှားမှုများ တည်ငြိမ် တိကျ သေချာစေ ရန် နန်စီ သည် ကိုယ်ခံပညာ သင်တန်း
တက်ခဲ့ ခြင်း ဖြစ်သည်။ နန်စီ ၏ အရပ်မှာ ငါးပေ လေးလက်မ ရှိသည်။ သူသည် အရပ်
ခြောက်ပေ ကျော် လူကောင် ထွားထွား စစ်သားကြီး များနှင့် သတ်ပုတ် လေ့ကျင့် ရင်း သူတို့၏
ခေါင်းပိုင်း အား အမြင့်ကန် ချက်ဖြင့် ကန်နိုင်သည်ကို ကျေနပ်မိသည်။ ပြိုင်ဖက်
အား တိုက်ခိုက် ရာတွင် ခြေထောက် ကို ပို၍ အသုံးပြုသည်။ ကိုယ်ကို တစ်ပတ်လှည့်ပြီး
နောက်ပြန် ကန်လျှင် အုတ်ချပ် လေးချပ် ကျိုး အောင် ကန်နိုင် ရာ ရန်သူ တစ်ယောက်ကို
ခြေဗလာ နှင့် သုတ်သင် နိုင်သည့် အဆင့် ရောက်ပြီ ဖြစ်သည်။ တခါတရံ သင်တန်းမှ
ပြန်လာလျှင် ခြေချောင်းလေး ကျိုး လာတတ်သည်။ နှာခေါင်းသွေး လျှံ လာတတ်သည်။
မျက်လုံးများ ညိုမည်း လာတတ်သည်။ ထိုအခါမျိုးတွင် ဂျယ်ရီ ခမျာ ခေါင်း တရမ်းရမ်း
နှင့် ကြည့်နေတတ်သည်။
Dr Jerry Jaax
(Photo from Kansas State University)
|
နန်စီ သည် အိမ်မှု ကိစ္စများ လုပ်ရန် စိတ်မရှည်ပါ။
သို့သော်လည်း အားလုံး ကို သူကိုယ်တိုင် ပင် လုပ်ရသည်။ မအားမလပ် သည့် ကြားက
ကြမ်းခင်း ကော်ဇော များတွင် ပေကျံ နေသည့် ဂျယ်လီများ ကို တိုက်ချွတ် ဆေးရသည့်
အခါ အလွန် စိတ်တို မိသည်။ တခါတရံ အိမ်သန့်ရှင်း ရေး လုပ်ရင်း အလွန်အမင်း
စိတ်တို ကာ ဝုန်းတိုင်း ကြဲ မိ တတ်သည်။ ချက်ရေးပြုတ်ရေး မီးဖိုချောင် ကိစ္စ
ကိုလည်း နန်စီ သာ လုပ်ရသည်။ ဂျယ်ရီ ကတော့ မီးဖိုချောင်ထဲ တွင် ဘာမှ သုံးမရပါ။
သူတို့ နှစ်ယောက် အကြား စကားများရ သည့် ကိစ္စ တစ်ခုရှိသည်။ ယင်းမှာ ဂျယ်ရီ ၏
ရုတ်တရက် စိတ်ကူးရ လျှင် ရသလို မော်တော်ဆိုင်ကယ် ရွက်လှေ တို့ကို ဝယ်တတ်
သည့် အကျင့် ဖြစ်သည်။ ကင်းဆတ် တွင် တာဝန် ကျ စဉ် က ရွက်လှေ တစ်စင်းကို
ဝယ်ခဲ့သည်။ ထို့နောက် အတွင်းပိုင်းတွင် အနီရောင် သားရေဖြင့် အလှဆင် ထား
သည့် ဒီဇယ် ကားဒီးလက် တစ်စီးကို ဝယ်ခဲ့ ပြန်သည်။ သူတို့နှစ်ဦး ရုံး သွား ရုံးပြန်
အတူစီး ကြသည်။ သို့သော် ကားဖိုး ငွေ ပင် မကျေသေး ကားမောင်း သွားလျှင် တလမ်းလုံး
မီးခိုး တွေ ဖုံးနေအောင် ထွက်လာတော့ သည်။ နောက်ဆုံး နန်စီ မှာ သည်း မခံ
နိုင်တော့ဘဲ ရှင့် ကား နဲ့ ကျွန်မ ရုံးမသွား တော့ဘူး ဆိုကာ ပေါက်ကွဲ သောင်းကျန်း
မှ ထို အနီရောင် သားရေ ကားဒီးလက် ကို ရောင်းပြီး ဟွန်ဒါ အကော့ တစ်စီးကို ထပ်ဝယ်ရသည်။
ဤ မြို့ ရှိ ဝိတိုရိယ ခေတ် အိမ် များထဲတွင်
သူတို၏ အိမ် မှာ အကြီး ဆုံး ဖြစ်သည်။ လမ်းထောင့် တွင် ရှိပြီး အရေးပေါ် လူနာတင်
ကားစခန်း နှင့် ကပ်နေသည်။ အရေးပေါ် ကား ဥဩသံ ကြောင့် ညစဉ် လန့်နိုး ကြသည်။
ဤအိမ် ကို ရောင်းရန် ကြော်ငြာ ထား သည်မှာ ကြာပြီ ဖြစ်သော်လည်း ဝယ်မည့်သူ
မရှိပေ။ ပိုင်ရှင်ဟောင်း မှာ မြေအောက် အခန်း ထဲ၌ ဆွဲကြိုးချ ကာ သတ်သေ သွားသည်
ဟု ပြောကြသည်။ ထို့ကြောင့်ပင် ဤ အိမ် ကို ဈေးချိုချို ဖြင့် ဝယ်ယူ နိုင်ခဲ့သည်။
အိမ် ဝယ် ပြီး တစ်ရက်တွင် သေဆုံးသူ အိမ်ပိုင်ရှင် ၏ ဇနီး ဟုဆိုသူ အမယ်အို
တစ်ဦး ရောက်လာကာ သူ၏ နေရာဟောင်းလေး ကို နှုတ်ဆက် သည့် အနေဖြင့် လှည့်ပတ်
ကြည့်ရှာသည်။ အမယ်အို သည် နန်စီကို စူးစူး ကြည့်ကာ " မိန်းကလေး မင်းလည်း
ငါ့လို ဒီအိမ်ကြီး ကို မုန်းသွား မှာပါ " ဟုပြောကာ ထွက်ခွာ သွားခဲ့သည်။
သူတို့အိမ်တွင် ကြက်တူရွေး တစ်ကောင် အပြင်
ဆမ်ဆင် ဟု အမည်ပေး ထားသော စပါးအုံးမြွေ တစ်ကောင်လည်း ရှိသေးသည်။ သူကို
ဧည့်ခန်း ထဲတွင် လှောင်အိမ် နှင့် ထားသည်။ တခါတရံ လှောင်အိမ် မှထွက်၍ တစ်အိမ်လုံး
အနှံ့ လျှောက်သွားနေတတ်သည်။ တစ်ခါက ထမင်းစား စားပွဲ ခြေထောက် အခေါင်း ထဲ
ဝင်ကာ ရက်အတန်ကြာ အိပ်နေခဲ့သည်။ နန်စီ အဖို့ ထမင်းစား ရင်း ဘယ်အချိန် ထွက်လာမလဲ
ဟု တွေးကာ အသည်းယား နေရသည်။ တစ်ခါက လည်း ဆမ်ဆင် သည် လှောင်အိမ် ထဲ မှ ထွက်သွားကာ
ရက် အတန် ကြာ ပျောက်နေခဲ့ သည်။ ထမင်း စားပွဲ ခြေထောက် အခေါင်းထဲ မှာလည်း
မရှိ။ ပျောက်ခြင်း မလှ ပျောက် နေ ခဲ့သည်။ တစ်ည အိမ်အပေါ်ထပ် ရှိ စာကြည်ခန်း
တွင် ညဥ့်နက် သည်အထိ စာဖတ် နေ စဉ် ဆမ်ဆင် က ထုတ် တန်း မှ တွဲလောင်း ဆွဲ
ပြီး နန်စီ ၏ မျက်နှာ အနား ပေါ်လာ ရာ နန်စီ ၏ ကြောက်လန့်တကြား အော်ဟစ်သံမှာ
တစ်အိမ် လုံး ဖုံး လွှမ်း သွား တော့သည်။ သူတို့တွင် အိုင်းရစ် အမဲလိုက်ခွေး
တစ်ကောင်နှင့် တယ်ရီရာ တစ်ကောင်လည်း ရှိသေးသည်။ ဂျယ်ရီ တစ်ယောက် တာဝန်
အမျိုးမျိုး ပြောင်းရွှေ့ ထမ်းဆောင်ရတိုင်း မိသားစု ဝင်များ ပမာ သူတို့ ကိုလည်း
တစ်ပါတည်း ခေါ်ဆောင် သွား ရသည်။
နန်စီ သည် ဂျယ်ရီ ကို အလွန် ချစ်သည်။ ဂျယ်ရီ
မှာ အရပ်ရှည်ရှည် အညိုရောင် ဆံပင် နုနု စူးရှသည့် မျက်ဝန်း ညိုညို နှင့်
နှာခေါင်း ချွန်ချွန် တို့ကို ပိုင်ဆိုင်သည့် ချောမော သူ တစ်ဦး ဖြစ်သည်။
သူသည် နန်စီ ကို တစ်မိုးအောက် တစ်ယောက် ထင်သူ ဖြစ်သည်။ သူတို့ နှစ်ဦး၏
အိမ်ထောင်သည် ဘဝ တွင် ပြင်ပ လူမှု ဆက်ဆံရေး မရှိသလောက် ပင်ဖြစ်သည်။ ကင်းဆက်
ပြည်နယ် လယ်တော ယာတော များတွင် ကြီးပြင်း လာကြသူများ ဖြစ်ပြီး ငယ်စဉ် က တစ်ဦးနှင့်
တစ်ဦး သိကျွမ်း ခဲ့ ခြင်း မရှိပေ။ ကင်းဆက်ပြည်နယ် တိမွေးကု ကျောင်း တွင်
တွေ့ဆုံ ခဲ့ကြပြီး နောက် ရက်သတ္တပတ် အနည်းငယ် အကြာတွင် စေ့စပ် ခဲ့ကြသည်။
နန်စီ အသက် နှစ်ဆယ် တွင် လက်ထပ်ခဲ့သည်။ ဘွဲ့ရ ပြီးချိန်တွင် နှစ်ဦးသား အကြွေးပတ်လည်
ဝိုင်းနေခဲ့သည်။ ဆေးခန်းဖွင့်ရန် လည်း ငွေမရှိ ကြပေ။ နောက်ဆုံး နှစ်ဦး
စလုံး တပ်ထဲသို့ ဝင်ခဲ့ကြသည်။
Colonel Nancy Jaax
and Colonel Gerald Jaax
(Photo
from www.stanford.edu)
|
နန်စီ မှာ ကြားရက်များတွင် ချက်ပြုတ် ချိန်
မရှိပေ။ စနေနေ့ တွင် အချိန်ယူ ကာ ချက်ရသည်။ အမဲသားနှပ် တစ်အိုး သို့မဟုတ်
ကြက်သား ပြုတ် တစ်အိုး လုပ်ကာ ရေခဲသေတ္တာ ထဲ ထည့်သိမ်းထား ရသည်။ ကြားရက် အလုပ်မှပြန်
လာ သည့် ညများတွင် ဟင်းအိုးကို ရေခဲသေတ္တာ မှ ထုတ်ကာ မိုက်ခရိုဝေ့ မီးဖိုထဲ
ထည့်နွှေး ကာ ဟင်းတစ်မည် ဖန်တီး ရသည်။ ယနေ့ည စာ ဖန်တီး ရန် ကြက်သားပြုတ်
ကို နွှေးရင်း အသီး အနှံ တစ်ခုခု နှင့် ရောချက်ရန် စိတ်ကူး မိသည်။ ပဲစိမ်း
ဘူးတွေ ရှိသေးသည်။ ကလေးတွေ ကလည်း ပဲစိမ်း ကို ကြိုက်သည်။ နန်စီ သည် အံဆွဲ
တစ်ခု ကို ဆွဲဖွင့် ပြီး ပဲစိမ်းဘူး တစ်ဘူး ကို ယူလိုက်သည်။ အခြား အံဆွဲ များကို
ဖွင့် ပြီး စည်သွပ်ဘူး ဖောက်တံ ကို ရှာ သည်။ မတွေ့။ နောက်ဆုံး မီးဖိုချောင်
သုံး ပစ္စည်း များ ထည့်သည့် အံဆွဲ ကြီး ကို ဖွင့်ရှာသည်။ အထဲတွင် ဇွန်းများ နှင့်
သစ်သီး နွှာသည့် ကရိယာ များသာ ရှိသည်။ စည်သွပ်ဘူး ဖောက်တံ က ဘယ်ချောင် ခိုနေသည်
မသိ။ နန်စီ စိတ်မရှည် တော့။ သားလှီးဓားကို ဆွဲယူ လိုက်သည်။ သူ၏ ဖခင် က သားလှီးဓား
ဖြင့် စည်သွပ်ဘူး မဖွင့် ရ ဟု ဆုံးမဖူး သော်လည်း နန်စီ က ဘယ်တော့ မှ နားမထောင်ခဲ့
ပေ။ ဓားဦးကို ဘူး အဖုံး ပေါ် စိုက်ချ လိုက်ပြီး ညာဘက် လက်ဖနောင့် ဖြင့် ဓားရိုး
ကို ရိုက်ချလိုက်သည်။ သို့သော် မထင်မှတ်ဘဲ လက်က ဓားရိုး ကို ချော်ကာ ဓားသွား
ပေါ် လျောကျ သွားသည်။ သားလှီးဓား မှာ ကြမ်းပြင်ပေါ် ကျသွားပြီး မီးဖိုချောင်
စားပွဲ ပေါ် သွေးများ ဖြာဆင်း သွား သည်။ ဓား သွားက သူ၏ ညာဘက် လက်ဖဝါး ကို အတော်
နက် အောင် လှီး ဖြတ် သွားသည်။ နန်စီ သည် လက်ဖဝါး အရွတ် ပြတ်သွား လား အရိုး
ထိသွား လား တွေး ကာ စိုးရိမ် သွားသည်။ သွေးတိတ်အောင် ဓားဒဏ် ရာကို ဖိထားပြီး
လက်ဆေး ကန် သို့ အမြန် သွားသည်။ ပိုက်ခေါင်းကို ဖွင့်ချပြီး လက်ကို ရေ
အလျဉ်အောက် ခံထား လိုက်သည်။ လက်ဆေးကန် တစ်ခုလုံး နီရဲ သွားသည်။ လက်ချောင်း
လေးများ ကို ဆုပ်လိုက် ဆန့်လိုက် လုပ်ကြည့် သည်။ ရသည်။ ဒါဆို အရွတ် ပြတ်မသွား
သေးပါ။ တော်ပါသေးရဲ့။ ဒဏ်ရာ ရထားသည့် ညာလက် ကို အပေါ်မြှောက် ထားကာ အခန်းထဲ
ဝင်ပြီး ဆေးပလတ်စတာ ယူသည်။ သွေးခဲပြီး တိတ်သွားရန် ခန စောင့် နေပြီး ပလတ်စတာ
ကို ဒဏ်ရာ အပေါ် ဖိအုပ်ကာ အသားစေ့သွား အောင် ဆွဲကပ် လိုက်သည်။ သွေး ဆိုလျှင်
ကိုယ့် သွေး ကို တောင်မှ သူ မမြင်ချင်။ သွေး အကြောင်း သူ ကောင်းကောင်း
သိသည်။ သွေထဲ တွင် ပါလာ တတ်သည့် အရာများကို လည်း သူ ကောင်းကောင်း သိသည်။
နန်စီ သည် လက် က ဒဏ်ရာကြောင့် ကလေးများကို ရေ ချိုး မပေးနိုင်တော့ ပေ။
သူတို့ ကို ပုံမှန် အတိုင်း အိပ်ရာ ဝင် စေသည်။ ထိုည တွင် ဂျေမီ က နန်စီ နှင့်
အတူ အိပ်သည်။ ဂျယ်ရီ က အဝေး ရောက်နေသည် မဟုတ်လား။ ဂျယ်ရီ ခရီး ထွက်နေတိုင်း
ဂျေမီ အားငယ် နေတတ် ရာ သူ့ကို နှစ်သိမ့် ပေး ရပေမည်။
No comments:
Post a Comment