၁၂၊၀၄၊၁၉၈၈
အင်္ဂါနေ့
သင်္ကြန် အကြိုနေ့။ ထုံးစံ
အတိုင်း ပဲပေါ့။ အလုပ်ထဲမှာ သောင်းကျန်းကြတယ်။ အများစု က မူးနေကြ တယ်။ ငါတို့
စက်ရုံက မုန့်လက်ဆောင်း တိုက် တယ်။
ငါတို့ သုံးယောက် ကြိုဝယ်ထား တဲ့ Rasp Berry သောက် ကြည့် တယ်။ ဘယ်သူမှ
မကြိုက် ဘူး။ ကောင်းလည်း မကောင်းဘူး။ တစ်ယောက် တစ်ငုံ လောက်ပဲ စမ်း သောက် ကြ ပြီး
ကျန်တဲ့ တစ်ပုလင်း လုံး ကို ဦးတင်ကြည် ကို ပေးလိုက် တယ်။ ဦးတင်ကြည် ကတော့ ပျော်
လို့ ပေါ့။
အလုပ်သမားတွေ အားလုံး ပြန် တော့
စက်ရုံ တံခါး ပိတ် ပြီး ငါတို့ သုံး ယောက် ရုပ်ရှင် ကြည့်ဖို့ ထွက်လာ ကြတယ်။ စောနေ
သေးလို့ ဆူးလေ ဘုရား ဖူးကြတယ်။ ပြီးတော့ မှ ဘုရင့် ရုံ က The Big Red One
ကြည့် ကြတယ်။
ရုပ်ရှင် ပြီးတော့ ပန်းဆိုးတန်း ဘက်
က စာအုပ် အဟောင်း ဆိုင်တွေ ဆီ သွားကြတယ်။ ငါ က စာအုပ် ၃ အုပ် ဝယ်ခဲ့ တယ်။ အပြန်
ကား ကြပ် လိုက် တာ။ မျက် မှန် က ဆေး တွေ တောင် ကွာ ကုန်တယ်။
No comments:
Post a Comment