အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၈)
(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)
(Photo from wikipedia) |
အီဘိုလာ
ပရောဂျက်
၁၉၈၃ စက်တင်ဘာ
၂၆ ရက်
မနက် ၄ နာရီတွင်
နန်စီ နိုး လာသည်။ ဂျေမီ မနိုး အောင် တိတ်ဆိတ်စွာ အိပ်ရာ မှ ထပြီး ရေချိုး သည်။ ယူနီဖောင်း
ဝတ်သည်။ သူ ၏ ယူနီဖောင်း မှာ ဘေးတွင် အနက်ရောင်အစင်း ပါသော အစိမ်းရောင် စစ်ဘောင်းဘီ
နှင့် အစိမ်း ရောင် ရှပ်အင်္ကျီ ဖြစ်သည်။ နေမထွက်ခင် အချမ်း သက်သာ စေရန် စစ်သုံး အမည်း
ရောင် ဆွယ်တာ တစ်ထည် ကို ထပ်ဝတ်သည်။ ပခုံးပေါ်တွင် ရွှေရောင် ဘားများ က ဗိုလ်မှုး အဆင့်ကို
ဖော်ပြ နေသည်။ လန်းလန်း ဆန်းဆန်း ရှိစေရန် သကြားမပါ သော ကိုကာကိုလာ တစ်ဘူး ကို သောက်လိုက်
ပြီး အပေါ်ထပ် ရှိ စာကြည့်ခန်း သို့ တက်လာခဲ့ သည်။
ယနေ့ အလုပ်ခွင်တွင် “ဇီဝကူးစက်ရောဂါ ကာကွယ်ရေး ဝတ်စုံ” ဝတ်ရမည်။ နန်စီသည် တိရစ္ဆာန်
များတွင် ဖြစ်ပွား တတ် သည့် အနာ ရောဂါများ ကို လေ့လာနေသည်။ သူ စိတ်ဝင်စား ပြီး အဓိကထားလေ့လာ
သည် မှာ “ဇီဝကူးစက်ရောဂါပိုးမွှား ကာကွယ်ရေး အဆင့် ၄” ရှိ သည့် ဗိုင်းရတ် များဖြစ်သည်။
ဤ “အဆင့် ၄” ဗိုင်းရတ် များ ကို ကိုင်တွယ် လျှင် ဇီဝကူးစက်ရောဂါ ကာကွယ်ရေး ဝတ်စုံ မဖြစ်
မနေ ဝတ်ရ ပေသည်။ ရှေ့ တစ်ပတ်တွင် ရောဂါဗေဒဘာသာရပ် စာမေးပွဲဖြေရဦးမည်။
နေရောင်ခြည်တို့က အရှေ့ အရပ်ရှိ လယ်ကွင်းများနှင့် သစ်သီးခြံ များပေါ်သို့ ဖြာကျ လာ
ချိန်အထိ နန်စီ သည် စာအုပ် များပေါ်သို့ မျက်နှာအပ် ကာ စာ ကြည့်နေခဲ့ သည်။ သာလိကာ များ
လည်း ဆူဆူညံညံ အသံ ပြုကာ အိပ်တန်းထကြ လေပြီ။ ကုန်ကားကြီးများ လည်း သာမောင့်မြို့ ၏
လမ်းများ ပေါ်သို့ စတင်မောင်းနှင်နေကြ လေပြီ။သာမောင့်မြို့လေး ၏ နံနက်ခင်းကား သက်ဝင်လှုပ်ရှား
လာလေပြီ။ နန်စီ၏ ညာ လက်ဖဝါး ဒါဏ်ရာက တစစ်စစ်နှင့် တော်တော် နာနေသည်။
၇ နာရီ ထိုးချိန်တွင်နန်စီ သည်အပေါ်ထပ်မှဆင်းလာ ကာ ဂျေမီကို နှိုး ရသည်။ ဂျေမီက အိပ်ရာ
ထဲ လူးလှိမ့် နေသေး သည်။ ထို့နောက်ဆက်၍ ဂျက်ဆင်ကို နှိုး ရသည်။ ဂျက်ဆင် က နှိုး
ရ ခက် သည်။ အတော်ကြာ အောင်လှုပ် နှိုး ရ သည်။ ထို အချိန်တွင်ကလေး ထိန်း မစ္စစ်ပန်ရောက်လာ
ပြီ ဖြစ် သည်။ မစ္စစ်ပန် က ကလေး နှစ်ဦးကို အဝတ် အစား လဲ ပေးပြီး နံနက်စာ ကျွေးသည်။
နန်စီက အပေါ်ထပ်ပြန် တက်ကာ စာ ဆက် ကြည့်သည်။ ဂျက်ဆင်ကို ကျောင်းကား ပေါ် တင်ပေး
ပြီးလျှင် မစ္စစ်ပန်က ဂျေမီ ကို နန်စီအလုပ် မှ ပြန်လာချိန် အထိ ကြည့်ရှု စောင့်ရှောက်
ရမည်ဖြစ်သည်။
Fort Detrick (photo from www.usmilitary.com) |
၇ နာရီ ခွဲ တွင်နန်စီ သည် စာအုပ် ကို ပိတ် ကလေးများ ကို နှုတ်ဆက် ကာ ဟွန်ဒါကား ကို မောင်း
ပြီး အလုပ်သို့ ထွက်လာ သည်။ မစ္စစ်ပန် ကို လစာ ပေးရန် ဘဏ်၌ ငွေ ထုတ်ရ ဦး မည်။ နန်စီ
သည် ကားကို ဂတ်တီးဘတ် လမ်း တစ်လျောက် တောင်ဘက် သို့ ဦးတည် ကာ ကက်တင်အို တောင်ခြေ အတိုင်း
မောင်းလာခဲ့သည်။ ဒီထရစ် တပ်စခန်း အနီး ရောက် သောအခါ ယာဉ်ကြော များ ပိတ်ဆို့ နေ၍
ဖြည်းဖြည်း သာ ရွေ့တော့သည်။ အဝေးပြေး လမ်းမ ကြီးမှ ခွဲထွက်ပြီး နောက် တပ်စခန်း
၏ ပင်မ ဂိတ် သို့ ရောက် လာသည်။ အစောင့် စစ်သည် က လက်ဝှေ့ရမ်း ပြကာ ဝင်ခွင့် ပြုလိုက်
သည်။ ကားကို ညာဘက် ချိုး ကွေ့ ပြီး အလံတိုင် များ စိုက်ထူထားသည့် စစ်ရေးပြကွင်းကို
ဖြတ်ကျော် လာကာ အဝါ ရောင် အုတ် များ ဖြင့် ဆောက်ထားသော အဆောက်အဦ ကြီး အနီးတွင် ရပ်လိုက်သည်။
အဆောက် အဦ ကြီးမှာ ထုထည် ကြီးမား ပြီး ပြူတင်း ပေါက်မရှိ သလောက် ဖြစ်ကာ ၁၀ ဧကခန့်
ကျယ်သော မြေပေါ်တွင် အပြည့် နီးပါး ဆောက်ထားသည်။ ခေါင်မိုးပေါ်တွင် မြင့်မားသော လေထုတ်ပိုက်များ
တပ်ဆင်ထား ပြီး အလုံပိတ် ထား သော အဆောက် အဦ အတွင်းရှိဇီဝ ဓါတ်ခွဲခန်း များမှ ထွက်လာသော
လေကို အဆင့်ဆင့် သန့်စင် ကာ စွန့်ထုတ် ပစ်သည်။ ဤ အဆောက် အဦ မှာ အမေရိကန် ကြည်းတပ်
၏ ကူးစက် ရောဂါများဆိုင်ရာ ဆေးသုတေသန အဆောက် အဦ (United States Army
Medical Research Institute of Infectious Diseases) ပင် ဖြစ်သည်။
United States Army Medical Research Institute of Infectious Diseases(photo from wikipedia) |
အတိုကောက် နေဖြင့် “USAMRIID” ဟု ခေါ်ပြီး အသံထွက် သော အခါ “You Sam rid” ဟုထွက် ကြသည်။
အဓိက တာဝန်မှာစစ်သည်များ အား ဇီဝလက်နက် နှင့် ကူးစက်ရောဂါ များမှ ကာကွယ် ပေးသည့် ဆေးဝါး
ဆိုင်ရာကာကွယ်ရေး တာဝန် ဖြစ်သည်။ ဆေးဝါး၊ ကာကွယ်ဆေး နှင့် ကူးစက်နိုင်သည့် ဗိုင်းရတ်များ၊ဇီဝအဆိပ်
အတောက်ပစ္စည်းများကို အထူးပြု လေ့လာသည်။ ဗက်တီးရီးယား ကြောင့် ဖြစ်သော အစာအဆိပ်သင့်ရောဂါ
အတွက် သုတေသနလုပ်ခြင်း၊ ထောင့်သန်းရောဂါ အတွက် ကာကွယ်ဆေး သုတေသနလုပ်ခြင်း၊ စစ်သည်များတွင်သဘာဝ
အတိုင်းကူးစက် နိုင်သည့် ဗိုင်းရတ်များ နှင့် စစ်မြေပြင်တွင် လက်နက်များ ကြောင့်ရရှိ
နိုင်သည့်ဗိုင်းရတ်များကိုသုတေသန ပြုခြင်း စသည်ဖြင့် တစ်ပြိုင်နက်တည်း လုပ်ကိုင်နေသောသုတေသန
လုပ်ငန်း အတော်များများ ရှိသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း က ဒီထရစ် တပ်စခန်း ရှိဓါတ်ခွဲခန်း
တွင် ထိုးစစ်သုံး ဇီဝလက်နက် များကို သုတေသနပြုခဲ့သည်။ ကူးစက်မှုမြန်ဆန် ကာအသက်သေဆုံး
အောင် ပြင်းထန်သည့် ဗက်တီးရီးယား နှင့် ဗိုင်းရတ်များ ပါဝင်သည့် ဇီဝ ပစ္စည်းများကို
ဗုံးများတွင် ထည့်သွင်းပြီး ကြဲချ ရန်ဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် သမ္မတ ရစ်ချတ်နစ်ဆင်က
ထိုးစစ်သုံး ဇီဝလက်နက်များ အမေရိကန် ပြည်ထောင်စု အတွင်း သုတေသနပြုခြင်း ထုတ်လုပ်ခြင်းအားတားမြစ်သည့်
အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုအချိန်မှစ၍ ကြည်းတပ် ဓါတ်ခွဲခန်း ကိုလူသားတို့
အတွက် ငြိမ်းချမ်းရေး လုပ်ငန်းများ သာ လုပ်ဆောင် ရန် ပြောင်းလဲခဲ့ပြီး ကူးစက်ရောဂါများ ဆိုင်ရာ
ဆေးသုတေသန ဌာန (USAMRIID) ကို ဖွဲ့စည်းခဲ့သည်။ ဤဌာန သည် ကာကွယ်ဆေး များ သုတေသနပြုထုတ်လုပ်ခြင်း၊
ပြင်းထန်သည့် အဏုဇီဝ ပိုးမွှားများ ထိန်းချုပ်ရေး သုတေသန ပြုလုပ်ခြင်း စသည့် လုပ်ငန်းများတွင်
အားစိုက်ခွန်စိုက် ဇောက်ချ လုပ်ကိုင်ခဲ့သည်။ အန္တရာယ် ကြီးလှသည့်ဗိုင်းရတ်များ လူသား
များ သို့ မကူးစက်မီ ကူးစက်ပြန့်ပွားမှု ဖြစ်စဉ်အား မည်သို့ ထိန်းချုပ်ရပ်တန့်ရမည်ကို
ဤဌာနက ပိုင်နိုင်စွာ သိရှိပေသည်။
ဗိုလ်မှုး နန်စီဂျက်သည်ထိုအဆောက် အဦကြီး ၏ အနောက်ဖက် ဝင်ပေါက်မှ ဝင်လာပြီး အစောင့်
စစ်သည်ကို သူ၏ စိစစ်ရေးကတ်ပြား ပြလိုက်သည်။ စစ်သည် က သူ့ ကို ခေါင်းညိတ် ကာ ပြုံးပြသည်။
နန်စီသည် ရှုပ်ထွေးလှသည့်စင်္ကြံ များအတိုင်း လျောက်ကာ အန္တရာယ် ကြီးလှသည့် ဗိုင်းရတ်များအား
သုတေသန ပြုရာ လုံခြုံရေးအလွန်တင်းကြပ်သည့် တားမြစ်ဇုံ သို့ ရောက်လာခဲ့သည်။ ချပ်ဝတ်
တန်ဆာ အပြည့် ဝတ်ထားသည့် စစ်သည် များ က နေရာ အနှံ့ စောင့်ကြပ်နေကြသည်။ လုံခြုံရေး ကတ်ပြားများ
ဆွဲထားသည့် အရပ်သားသိပ္ပံ ပညာရှင်များ၊ ကျွမ်းကျင် ဝန်ထမ်းများ ကလည်း လျင်မြန်စွာ လှုပ်ရှား
သွားလာနေ ကြသည်။သူတို့ အားလုံး အလွန် အလုပ်များ နေဟန်ရှိပြီး စင်္ကြံ လမ်းပေါ်တွင် ရပ်၍
စကားပြော နေသူမရှိပေ။
နန်စီသည် အီဘိုလာဗိုင်းရတ် ကူးစက်ထားသည့် မျောက်များ၏ ယမန်နေ့ည က အခြေအနေ ကို သိချင် နေသည်။
သူသည် “ဇီဝကူးစက်ရောဂါကာကွယ်ရေး အဆင့်- ၀” ဇုံ မှ တစ်ဆင့် “ကာကွယ်ရေး အဆင့်- ၄” ဇုံ
သို့ ရောက်လာသည်။ ဤဇုံကို (AA-5) သို့မဟုတ် “အီဘိုလာ ဧရိယာ” ဟု ခေါ်ကြသည်။ ဇီဝကူးစက်ရောဂါ
ကာကွယ်ရေး တွင်အဆင့် ၄ ဆင့် ရှိသည်။ အဆင့် ၀၊ အဆင့် ၂၊အဆင့် ၃၊ အဆင့် ၄ ဟု သတ်မှတ်
ထားသည်။ အဆင့် ၄ သည် အမြင့် ဆုံး ဖြစ်သည်။ အဆင့် ၂ မှစ၍ အဆင့် ၄ အထိ ဇုံ အားလုံး ရှိ
အခန်းများ ကိုလေဖိအား နိမ့် အခန်းများ အဖြစ် အထူးတည်ဆောက် ထားသည်။ အကယ်၍ အန္တရာယ် ကြီးသည့်
ဗိုင်းရတ်များမတော်တဆ လေထုထဲ ရောက်ရှိသွားပါက ပြင်ပ လေထု ထဲသို့ ပျံ့နှံ့ မသွားအောင်
စီမံထားခြင်းဖြစ်သည်။ (AA-5) ဟုခေါ်သည့် အဆင့် ၄ ဇုံ ရှိ ဓါတ်ခွဲ ခန်းများ တွင်
ကြည်းတပ်မှ သိပ္ပံ ပညာရှင် ယူဂျင်းဂျွန်ဆင် က အီဘိုလာ ဗိုင်းရတ် အား သုတေသန ပြု နေသည်။
သူသည် အီဘိုလာ ဗိုင်းရတ် နှင့် မားဗတ် ဗိုင်းရတ် ဆိုင်ရာ ကျွမ်းကျင် သူတစ်ဦး ဖြစ်သည်။
သူ၏ ဓါတ်ခွဲခန်းတွင် အီဘိုလာ ဗိုင်းရတ် ကူးစက် ခံရသည့် မျောက်များ ရှိပြီး ထိုမျောက်များ
ကို အမျိုးမျိုးသော ဆေးဝါးများဖြင့် စမ်းသပ် ကုသနေခြင်း ဖြစ်သည်။ ယခုရက်ပိုင်း အတွင်း
ဓါတ်ခွဲခန်းရှိ မျောက် အချို့ သေဆုံး ကြသည်။ နန်စီ က ဂျွန်ဆင် ၏ အီဘိုလာ ဗိုင်းရတ်
သုတေသန ပရောဂျက်တွင် ရောဂါဗေဒ ပညာရှင် တစ်ဦး အဖြစ်ဖြင့် မျောက်များ သေဆုံး ရသည့် အကြောင်းရင်း
ကို စစ်ဆေး ဖော်ထုတ် ပေးရသည်။
နန်စီ သည် အလွန်ထူထဲသည့် မှန်ချပ် ကြီး ဖြင့် ပြူတင်းပေါက် သဖွယ် ပြုလုပ်ထားသည့် နံရံ
သို့လျောက်သွား ကာ အတွင်းသို့ ကြည့်ရှု နေသည်။ အတွင်းပိုင်း ရှိ အခန်းများမှာ ဗိုင်းရတ်ကာကွယ်ရေး
အဆင့် ၄ သတ်မှတ် ထားသည့် အီဘိုလာ ဧရိယာ ပင် ဖြစ်သည်။ ဤ နေရာ မှ နေ၍ မျောက်များ ထားရာ
လှောင်အိမ် အခန်း များကို မတွေ့နိုင်ပါ။ နံနက်တိုင်း တိရစ္ဆာန် စောင့်ရှောက်သူ အရပ်သား
ဝန်ထမ်း တစ်ဦး က အဆင့် ၄ ဗိုင်းရတ် ကာကွယ်ရေး ဝတ်စုံ ပြည့် ဝတ်ဆင်ပြီး အတွင်းရှိ မျောက်များအား
အစာကျွေးခြင်း၊ လှောင်အိမ်များ သန့်ရှင်း ရေးပြုလုပ်ခြင်း နှင့် မျောက်များ ၏ အခြေအနေကို
မျက်မြင်အားဖြင့် စစ်ဆေးခြင်းများ ပြုလုပ်သည်။ သူ၏ တွေ့ရှိချက် များ ရေးထားသည့် မှတ်တမ်း
စာရွက် ကို မှန်အတွင်းဖက် မှ ကပ်ထားခဲ့ သည်။ ယမန်နေ့ ညက မျောက် နှစ်ကောင် နောက်ဆုံး
အဆင့် ရောက်ရှိကာ သေဆုံးခဲ့ ကြောင်း ရေးမှတ်ထားသည်။ ဆိုလိုသည်မှာ ထိုမျောက်နှစ်ကောင်
သည် ဗိုင်းရတ်ပိုးကြောင့် ကိုယ်တွင်း အင်္ဂါများ ပျက်စီး၍ ဒွါရပေါက်များမှ သွေးများ ယိုထွက်
ကာ သေဆုံးခြင်း ဖြစ်သည်။
ဤမှတ်တမ်းအရ နန်စီ သည် အဆင့် ၄ ကာကွယ်ရေး ဝတ်စုံ ပြည့် ဝတ်ဆင်ကာ အီဘိုလာ ဧရိယာအတွင်း
ဝင်ရောက်ပြီး သေဆုံးသည့် မျောက်များအား ခွဲစိတ်လေ့လာ ရမည်ဖြစ်သည်။ အီဘိုလာ ဗိုင်းရတ်သည်
ကူးစက်ခံရသည့် တိရစ္ဆာန်၏ ကိုယ်တွင်း အင်္ဂါများ ကို ဖျက်ဆီးပြီး သေဆုံး စေရုံသာ မက သေဆုံးပြီး
မကြာခင်မှာ ပင် အသေကောင်အား လျင်မြန်စွာ ယို့ယွင်း ပျက်စီးသွားစေသည်။ အသေကောင် အား
အအေးတိုက် ထဲထည့်ထား သည့်တိုင် ပျော့အိရိရွဲ ကာ ဂျယ်လီ ကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့်
ခွဲစိတ်မည်ဆိုလျင် အလျင်အမြန် ခွဲရသည်။ နောက်ကျသွားလျင် ရုံးပတီသီး စွပ်ပြုတ် ကိုသာ
တွေ့ရ ပေမည်။
ကူးစက် ရောဂါများ ဆိုင်ရာ ဆေးသုတေသန (USAMRIID)၊ ရောဂါဗေဒဌာန သို့ နန်စီ လျောက်ထားခဲ့
စဉ် ဌာနမှုး ဗိုလ်မှုးကြီးက လက်မခံ ချင်ပေ။ မိန်းမသား မို့ လက်မခံ လေသလားဟု နန်စီ
ထင်မိသည်။ “ ဒီလုပ်ငန်း သဘာဝ က အိမ်ထောင်ရှင် အမျိုးသမီး တွေနဲ့ မသင့်တော်ဘူး။
ဒီအလုပ် ကို စွန့်ချင်စွန့် ဒါမှ မဟုတ်ရင် မိသားစု ကို စွန့် ရလိမ့်မယ်” ဟု ဗိုလ်မှုးကြီး
က ပြောခဲ့သည်။ တစ်နေ့ နန်စီ သည် အလုပ်လျောက်လွှာ ကိုယူ၍ ဗိုလ်မှုးကြီး၏ ရုံးခန်းသို့
သွားခဲ့ပြန်သည်။ ဗိုလ်မှုးကြီးစိတ်ပြောင်း အောင် ကြိုးစား ကြည့်ချင်သေးသည်။
သို့သော် အဆင်မပြေပါ။ “ဒီဌာနတွက် ငါ လိုချင်တဲ့သူ ကို အချိန်မရွေး ခေါ်လို့ ရတယ်။” ဟု
ဆိုသည်။ သူ၏ စကား အသွားအလာ အရ နန်စီ ကို အရည်အချင်း မပြည့်မီ ဟု ဆိုချင် ပုံရသည်။ နန်စီ
သည် အလွန်စိတ်ဆိုးကာ သူ၏ လျောက်လွှာ ကို စားပွဲပေါ်သို့ ပစ်ပေါက်ရင်း ပြန်အော်ကာ ရန်တွေ့
ခဲ့သည်။ ဤသို့ ဖြစ်ခဲ့ပြီး ဗိုလ်မှုးကြီး စိတ်ပြောင်းကာ နန်စီ ကို ရောဂါဗေဒ ဌာန တွင်
လက်ခံခဲ့သည်။
ကူးစက်နိုင်သည့် ရောဂါပိုးမွှား များကို ကိုင်တွယ် ရသည့် လုပ်ငန်းတွင် ကူးစက်ရောဂါ
ကာကွယ်ရေး အဆင့် ၂ ဗိုင်းရတ်များ ကိုသာ စတင် လုပ်ကိုင်ခွင့် ပြုသည်။ အတွေ့အကြုံ ရှိပြီ
ဆိုမှ အဆင့် ၃ ဗိုင်းရတ် ဇုံတွင် လုပ်ကိုင်ခွင့်ပြုသည်။ အမြင့်ဆုံး ဖြစ်သည့် အဆင့်
၎ ဗိုင်းရတ် များအား အလွန် အတွေ့အကြုံ ရှိသော သူများ ကိုသာ တင်းတင်းကြပ်ကြပ် စိစစ်
ပြီး လုပ်ကိုင် ခွင့်ပြုသည်။အဆင့် ၄ ဗိုင်းရတ်ဇုံတွင် လုပ်ကိုင်ခွင့် ရရန် ခက်ခဲလှသည်။
လုပ်ငန်းသဘောသဘာဝ အရ ဗိုင်းရတ်များ ကို ကိုင်တွယ်ရန် အတွက် အမျိုးမျိုးသော ကူးစက်ရောဂါ
ကာကွယ်ဆေးများ မထိုးမနေ ထိုး ကြရသည်။ အခြေခံ အဆင့် တွင် (Yellow Fever, Q Fever,
Rift Valley Fever, VEE, EEE, and WEE complex, Tularemia, Anthrax, Botulism) စသည့်
ကူးစက်ရောဂါ များအတွက် နန်စီ သည် ကာကွယ်ဆေး ပေါင်းများစွာ ထိုးရသည်။ ခွေးရူးပြန်
ရောဂါ ကာကွယ်ဆေး ကိုလည်း တိရစ္ဆန် ဆေးကု ဆရာဝန် ဖြစ်သည့် အချိန်ကပင် ထိုးပြီးဖြစ်သည်။
ကူးစက်ရောဂါ ကာကွယ် ဆေး များထိုးတိုင်း နန်စီ၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုံ့ပြန်
တတ်သည်။ ဆေးဒဏ်ကို အပြင်းအထန် ခံစားရသည်။ နေထိုင်မကောင်း ဖြစ်ရသည်။ ထို့ကြောင့်ပင်
နန်စီ ကို ပြင်းထန်သည့် ဗိုင်းရတ်များ အတွက် ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးပေးသည့် အစီအစဉ်မှ
ချန်ထားခဲ့ရသည်။ သူ့ ကို ကာကွယ်ရေး အဆင့် ၃ ဗိုင်းရတ်များ အား ကိုင်တွယ်ရန် ခွင့်မပြု
တော့ပေ။ ဤအချက်သည်ပင် နန်စီ အား အပြင်းထန်ဆုံး၊အန္တရာယ် အရှိဆုံး၊ကြောက်စရာ အကောင်းဆုံး
ဖြစ်သော အဆင့် ၄ ဗိုင်းရတ်များ နှင့် လုပ်ကိုင်ရန် တွန်းပို့လိုက်သည့် အဓိက အချက်ပင်
ဖြစ်သည်။ နန်စီ ကိုယ်တိုင်ကလည်း အလွန် အန္တရာယ်များ လှသည့် အဆင့် ၄ ဇုံတွင် အာကာသ ယာဉ်မှုး
ဝတ်စုံ ကဲ့သို့သော ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ဆင် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ အဆင့်
၎ ဇုံတွင် လုပ်ကိုင်ရန် ကာကွယ်ဆေး ထိုးရန် မလိုတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ကြောက်စရာ ကောင်းလှသော
အဆင့် ၄ ဗိုင်းရတ်များ အတွက် ကာကွယ်ဆေးမရှိ၊ ကုရာ နတ္ထိ ဆေးမရှိ ခြင်းကြောင့် ပင်တည်း။
( ရဲညွန့်ဇော်)
No comments:
Post a Comment