Tuesday 6 May 2014

နေ့စဉ် မှတ်တမ်း-၄-၈၈

၁၅၊ ၀၄၊ ၁၉၈၈

     နှစ်ဆန်းတစ်ရက်နေ့။ သင်္ကြန် ပြီးပြီ။ မေမေ နဲ့ ဂျိုး ဥပုသ် စောင့်သွားကြတယ်။ ဗျိုင်း နဲ့ ကျွန်တော် ပဲ ကျန်ခဲ့တယ်။ စားသောက်ပြီးတော့ ထုံးစံ အတိုင်း စာဖတ် နေကြတယ်။

      ပထမ နှစ် ကနေ နောက်ဆုံး နှစ် အထိ ပို့ချချက် စာအုပ်တွေ ထုတ်ပြီး ပြန်ဖတ်တယ်။ ပါဠိ ပို့ချချက် တွေ ထဲက သီလဝီမံသနဇာတ်၊ သမ္မောဒါမာနဇာတ်၊ နရိန္ဒဇာတ်၊ လောကနီတိ နဲ့ ဓမ္မပဒ တွေကို ပြန်ဖတ် တယ်။ ကဗျာ ပို့ချ ချက် ထဲက ဓနုဖြူတွင် ချီ ရတု ကို ဖတ်ရင်း စျာန်ဝင်သွားတယ်။ ရေကြောင်းစစ်ချီ ရင်း ဓနုဖြူ ကို ရောက်တော့ ည မိုးချုပ် နေပြီ။ မြစ်ပြင် တစ်ခုလုံး မှောင်မိုက် နေတယ်။ မိုး က ရွာ၊ လေပြင်းတွေတိုက်၊ လှိုင်း တွေ ရိုက်၊ ရေ တွေ ကြီး၊ လှေ တွေ မထိမ်းနိုင် မသိမ်းနိုင်ဖြစ် ပြီး မြစ်ထဲမှာ ရှုပ်ရှက် ခတ် ကုန်တယ်။ မိုး က လည်း မစဲပဲ ရွာ၊ မြစ်ကမ်း ကမ်းပါး ကလည်း ရွှံ့ညွှန် တွေ အပြည့်၊ ကိုင်းပင်တွေ၊ ကျူပင် တွေ၊ ချုံနွယ် တွေ ကလည်း တိုး မပေါက်၊ မှက် ခြင် ဖြုတ် တွေ ကလည်း ကြဲချ လိုက် သလို တဖွဲဖွဲ ကျလာ၊ ရဲမက် တွေ ညကြီး မိုးချုပ် မြစ်ထဲ မှာ ကြံုကြ ရပုံ ကို ဖွဲ့ ထားတာ သိပ်ပီပြင်တာပဲ။

      ပရစ်ဖြာစီ ချီ ရတု၊ တင့်လှပေဟန် ချီ ရတု၊ နွဲ့နွဲ့ကိုယ်ပြင် ချီ ရတု၊ ထစ်အုံ့ပျသည် ချီ ရတု၊ နွေနှင့်နှီး၍ ချီ ရတု၊ ဝဏ္ဏပဘာ ချီ ရတု တွေ ကိုလည်း ပြန်ပြီး စေ့စေ့ စပ်စပ် ဖတ်ဖြစ်တယ်။ စာမေးပွဲ အတွက် ဖတ်တာ မျိုး မဟုတ်တော့ အရသာ ခံစား လို့ ရတယ်။ ဖတ်ရင်း တွေးရင်း စဉ်းစားရင်း ရင်ထဲထိအောင် ခံစားရတယ်။

      ဒဂုန်တာရာ ရဲ့ ဝတ္ထုတို ပေါင်းချုပ် ကို လည်း ဖတ်ဖြစ်တယ်။ အဖွဲ့အနွဲ့ ကောင်းတယ်။ စကားလုံး တွေ လှ တယ်။ ဖတ်ရင်း ကြိုက်တဲ့ စာပိုဒ် တွေကို စာအုပ် တစ်အုပ် နဲ့ ကူးရေးတယ်။ စု တု ပြု ဖို့ စုနေတာလေ။

 

      ရေနွေးကြမ်း ခါးခါး တစ်အိုး နဲ့ တစ်နေ့ခင်းလုံး စာဖတ် နေလိုက်တယ်။


၁၅၊ ၀၄၊ ၁၉၈၈
     ႏွစ္ဆန္းတစ္ရက္ေန႔။ သႀကၤန္ ၿပီးၿပီ။ ေမေမ နဲ႔ ဂ်ိဳး ဥပုသ္ ေစာင့္သြားၾကတယ္။ ဗ်ိဳင္း နဲ႔ ကၽြန္ေတာ္ ပဲ က်န္ခဲ့တယ္။ စားေသာက္ၿပီးေတာ့ ထံုးစံ အတိုင္း စာဖတ္ ေနၾကတယ္။
      ပထမ ႏွစ္ ကေန ေနာက္ဆံုး ႏွစ္ အထိ ပို႔ခ်ခ်က္ စာအုပ္ေတြ ထုတ္ၿပီး ျပန္ဖတ္တယ္။ ပါဠိ ပို႔ခ်ခ်က္ ေတြ ထဲက သီလဝီမံသနဇာတ္၊ သေမၼာဒါမာနဇာတ္၊ နရိႏၵဇာတ္၊ ေလာကနီတိ နဲ႔ ဓမၼပဒ ေတြကို ျပန္ဖတ္ တယ္။ ကဗ်ာ ပို႔ခ် ခ်က္ ထဲက ဓႏုျဖဴတြင္ ခ်ီ ရတု ကို ဖတ္ရင္း စ်ာန္ဝင္သြားတယ္။ ေရေၾကာင္းစစ္ခ်ီ ရင္း ဓႏုျဖဴ ကို ေရာက္ေတာ့ ည မိုးခ်ဳပ္ ေနၿပီ။ ျမစ္ျပင္ တစ္ခုလံုး ေမွာင္မိုက္ ေနတယ္။ မိုး က ရြာ၊ ေလျပင္းေတြတိုက္၊ လႈိင္း ေတြ ရိုက္၊ ေရ ေတြ ႀကီး၊ ေလွ ေတြ မထိမ္းႏိုင္ မသိမ္းႏိုင္ျဖစ္ ၿပီး ျမစ္ထဲမွာ ရႈပ္ရွက္ ခတ္ ကုန္တယ္။ မိုး က လည္း မစဲပဲ ရြာ၊ ျမစ္ကမ္း ကမ္းပါး ကလည္း ရႊံ႕ညႊန္ ေတြ အျပည့္၊ ကိုင္းပင္ေတြ၊ က်ဴပင္ ေတြ၊ ခ်ံဳႏြယ္ ေတြ ကလည္း တိုး မေပါက္၊ မွက္ ျခင္ ျဖဳတ္ ေတြ ကလည္း ၾကဲခ် လိုက္ သလို တဖြဲဖြဲ က်လာ၊ ရဲမက္ ေတြ ညႀကီး မိုးခ်ဳပ္ ျမစ္ထဲ မွာ ၾကံဳၾက ရပံု ကို ဖြဲ႔ ထားတာ သိပ္ပီျပင္တာပဲ။
      ပရစ္ျဖာစီ ခ်ီ ရတု၊ တင့္လွေပဟန္ ခ်ီ ရတု၊ ႏြဲ႔ႏြဲ႔ကိုယ္ျပင္ ခ်ီ ရတု၊ ထစ္အံု႔ပ်သည္ ခ်ီ ရတု၊ ေႏြႏွင့္ႏွီး၍ ခ်ီ ရတု၊ ဝဏၰပဘာ ခ်ီ ရတု ေတြ ကိုလည္း ျပန္ၿပီး ေစ့ေစ့ စပ္စပ္ ဖတ္ျဖစ္တယ္။ စာေမးပြဲ အတြက္ ဖတ္တာ မ်ိဳး မဟုတ္ေတာ့ အရသာ ခံစား လို႔ ရတယ္။ ဖတ္ရင္း ေတြးရင္း စဥ္းစားရင္း ရင္ထဲထိေအာင္ ခံစားရတယ္။
      ဒဂုန္တာရာ ရဲ႕ ဝတၳဳတို ေပါင္းခ်ဳပ္ ကို လည္း ဖတ္ျဖစ္တယ္။ အဖြဲ႔အႏြဲ႔ ေကာင္းတယ္။ စကားလံုး ေတြ လွ တယ္။ ဖတ္ရင္း ႀကိဳက္တဲ့ စာပိုဒ္ ေတြကို စာအုပ္ တစ္အုပ္ နဲ႔ ကူးေရးတယ္။ စု တု ျပဳ ဖို႔ စုေနတာေလ။

      ေရေႏြးၾကမ္း ခါးခါး တစ္အိုး နဲ႔ တစ္ေန႔ခင္းလံုး စာဖတ္ ေနလိုက္တယ္။

No comments:

Post a Comment