အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁)
၁၉၈၀ နှစ်သစ်ကူး နေ့
ကင်ညာ အနောက်ပိုင်း ရှိ ပေပေါင်း ၁၄၀၀၀ မြင့်သော အယ်ဂွန်တောင်ကြီး
မှာ မီးတောင်သေ တစ်ခု ဖြစ်ပြီး ရပ်ဖ်တောင်ကြား အစပ် တွင် ထီးတည်းကြီး တည် ရှိ သည်။
ထို အယ်ဂွန်တောင် ကြီး မှ လှမ်းမြင် နိုင်သော အန်ဇိုရာ မြစ်ကမ်း ၌ အန်ဇိုရာ သကြား စက်ရုံ
ရှိပြီး ကြံ စိုက်ပျိုးရေး လုပ်ငန်း ကို လည်း လုပ် သည်။ ကြံစိုက်ခင်း များ ကို ရေ ပေး
သည့် အန်ဇိုရာ မြစ်ရေတင် ရေစုပ်ပန့်များ ကို ချားမိုနက် က ကြီးကြပ် သည်။ သူသည် ပြင်သစ်
လူမျိုး ဖြစ်ပြီး အန်ဇိုရာ သကြား စက်ရုံ
ပိုင် သစ်သား ဘန်ဂလိုလေး တွင် တစ်ဦးတည်း နေ သည်။ မိသားစု မရှိ။ တစ်ကိုယ်ရေသမား ဖြစ်
သည်။ အလုပ်ချိန် အတွင်း တစ်နေ့လုံး မြစ်ကမ်း ဘေး ရှိ
ရေစုပ်ပန့်ရုံ တွင် သူ နေ သည်။ စက်
များ ကို ကြည့်သည်။ စက် သံ ကို နားထောင် သည်။ သူ့ အလုပ်
ကို သူ ကျေနပ် နေ ပေ သည်။
ချားမိုနက်၏ နောက်ကြောင်း ရာဇဝင်
ကို မည်သူ မှ
မသိ။
ကင်ညာ သို့ ဘာ့ကြောင့် သူ ရောက်လာ သည် ကို လည်း မည်သူ မှ မသိ။
အခြားသော ပြည်ပြေးများ ကဲ့သို့ ပြင်သစ်တွင် ပြသနာ
ရှိခဲ့ခြင်း ကြောင့် ထွက်ပြေး လာ သည် လည်း
ဖြစ် နိုင် သည်။ သို့မဟုတ် ကင်ညာ နိုင်ငံ ၏ အလှတရား က ဆွဲဆောင်
ခဲ့ခြင်း ကြောင့် ရောက် လာ ခြင်း လည်း ဖြစ် နိုင် သည်။
အသက် ၅၆နှစ် အရွယ်၊ အရပ်မနိမ့်
မမြင့်၊ ကိုယ်လုံးကိုယ်ထည် အနေတော်
ရှိပြီး နူးညံ့ ဖြောင့်စင်းသော အညိုရောင် ဆံပင် ရှိသည်။ ယောက်ျား ပီသ သည်။ ကျေးငှက် များ ကို ဝါသနာ
အရ လေ့လာ နေ သည့် အပျော်တန်း ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ တိရစ္ဆာန် များ ကို ချစ် သည်။ လူ တွေ နဲ့ တော့ ကင်းကင်း နေ သည်။ အယ်ဂွန်တောင်ကြီး
အနီး ဝန်းကျင် မြို့ ပေါ် မှ အမျိုးသမီး အချို့ သည် သာ သူ ၏ အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်
သည်။
ချားမိုနက် တွင် ဖြစ်ပွားခဲ့သည့် ရောဂါ မှာ အသေးစိတ် ရှင်းလင်း ပြောပြရန် ခက်ခဲ သည်။
ချားမိုနက် သေဆုံးမှု ကို စစ်ဆေးနေသည့် ဆရာဝန်များ သည် လည်း များများ စားစား မသိကြ။
ကူးစက် ရောဂါ ကာကွယ်ရေး အဆင့် တွင်
အမြင့် ဆုံး မှာ “ကာကွယ်ရေး
အဆင့် ၄” ဖြစ်သည်။ ကပ်ရောဂါ ဖြစ်စေ သော အဆင့် ၄ ဗိုင်းရတ် ကူးစက် ခံ ရ သည့် လူသား နှင့် ပေါ်ထွက်
လာ သည့် ရောဂါ လက္ခဏာ များ ကို သူတို့ မတွေ့ဖူး ပါ။ ထို့ကြောင့် ပင် ဆရာဝန် များ က ချားမိုနက် တွင် စစ်ဆေး
တွေ့ရှိသော ထူးခြားသည့် ရောဂါ လက္ခဏာ များ ကို မှတ်မိ နေကြ သည်။
ဖြစ်ခဲ လှ သည့် ရောဂါ မျိုး လည်း ဖြစ်သည်။ ရောဂါ လက္ခဏာများမှာ တစ်ခုပြီး
တစ်ခု ဆင့်ကာ ဆင့်ကာ ပေါ် လာသည်။ လူနာ မှာ အဆိုး ဆုံး အခြေအနေ ဖြစ် လာသည်။ ကုသရန်
ဘာမျှ မတတ်နိုင်ဘဲ အငေးသား ကြည့် နေ ခဲ့ ရသည်။ ချားမိုနက် ၏ ရောဂါ ဖြစ်စဉ် မှာ အလွန် ထိတ်လန့်
ဖွယ်ရာ ကောင်းလှ ပေသည်။
၁၉ရ၉ နွေရာသီတွင် ချားမိုနက်
ကင်ညာ သို့ ရောက်လာ ခဲ့သည်။ ထို အချိန်သည် လူသား မျိုးနွယ် အား ရေရှည် လောင်မြိုက်
ဝါးမြို တော့ မည့် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်စေသော အိပ်ချ်အိုင်ဗွီ ဗိုင်းရတ် သည် အာဖရိက
အလယ်ပိုင်း မိုးသစ်တော များ အတွင်းမှ စတင် ထွက်ပေါ် လာ ချိန် လည်း ဖြစ်၏။ ထိုစဉ်က အေအိုင်ဒီအက်စ် ရောဂါ ဖြစ် တည်
နေခြင်းကို မည်သူမျှ မသိသေး သော်လည်း အိပ်ချ်အိုင်ဗွီ
ဗိုင်းရတ် သည် အာဖရိက လူထု အပေါ် အရိပ် မည်းကြီး ပမာ တိတ်တဆိတ် ဖုံးလွှမ်း
နေပေ ပြီ ။
အယ်ဂွန် တောင်ကြီး မှ လှမ်းမြင် နိုင်သော ဝိတိုရိယ ရေကန်ကြီး ကမ်းခြေ ကို ဖြတ်သန်း
ပြီး အာဖရိကတိုက် အရှေ့မှ အနောက်သို့ ဆက်သွယ် ဖောက်လုပ် ထား သည့် ကင်ရှာစာ အဝေးပြေး
လမ်းမကြီး တစ်လျှောက်
တွင် အိပ်ချ်အိုင်ဗွီ ဗိုင်းရတ်
တိတ်တဆိတ် ပျံ့နှံ့ နေပြီ ဖြစ်သည်။
အိပ်ချ်အိုင်ဗွီ ဗိုင်းရတ်
မှာ သေဆုံး သည် အထိ ပြင်းထန် သော်လည်း ကူးစက် တတ် သည့် ကပ်ရောဂါ ကာကွယ်ရေး အဆင့် ၄ ဆင့် တွင်
အဆင့် ၂ သာ ရှိသည်။ လူ
တစ်ဦး မှ တစ်ဦး သို့ အလွယ်တကူ မကူးစက် နိုင်ပါ။ လေထဲ မှ လည်း မပြန့် ပွား နိုင်ပါ။
အိပ်ချ်အိုင်ဗွီ ဗိုင်းရတ် ပိုး ရှိသည့် သွေးကို ကိုင်တွယ် ရာ တွင်ပင် ကူးစက်ရောဂါ အကာအကွယ် ဝတ်စုံ ဝတ်ရန် မလိုပါ။
မိုနက်သည် ရက်သတ္တပတ် လုံး
ရေစုပ်ပန့်ရုံ အတွင်း အလုပ် ပြင်းပြင်း ထန်ထန် လုပ် သည်။ အလုပ် နားရက် တွင် သကြားစက်ရုံ
နား က သစ်တောအုပ် သို့ ပျော်ပွဲစား ထွက် တတ် သည်။ သူ ယူလာသည့် စားစရာ အချို့ ကို ကြဲပက်
ပြီး လာရောက် စားသောက် သည့် ငှက် နှင့် အခြား တိရစ္ဆာန် များကို ငြိမ်သက်စွာ ထိုင်၍
ကြည့်ရှု လေ့လာ နေ တတ် သည်။ သူ့ အသိ မိတ်ဆွေများ
ပြောပြ ချက် အရ သူသည် တောတွင်းမှ မျောက် များကို သနား တတ် သည်။ သူ နှင့် မျောက်တို့
အကြား ဆက်သွယ်နည်း ရှိသည်။ အစာကို ကိုင်လျက် သူ ထိုင်နေ လျှင် မျောက် များ အနားကပ်
လာ ကာ သူ့ လက် ထဲ မှ အစာ ကို ယူစား ကြ သည်။
အလုပ် ပြီး ချိန် ညနေပိုင်း
တွင် သူသည် ဘန်ဂလို ထဲ မှာ
ပဲ နေ တတ် သည်။ သူ့ အတွက်
အစားအသောက်
နှင့် အိမ် သန့်ရှင်းရေး ကို ဂျင်းနီ ဟု ခေါ်သော အိမ်ဖော် အမျိုးသမီး တစ်ဦး က လုပ်
ပေး သည်။
အားလပ် ချိန် တွင် အာဖရိကန် ငှက်များ ကို သူ လေ့လာ သည်။ သူ့ အိမ်နား မှ သစ်ပင် တစ်ပင် ပေါ်တွင် စာဘူးတောင်း များ အသိုက်ဖွဲ့
နေ ကြ သည်။ စာဘူးတောင်း များ အသိုက် ဆောက်
ပုံ ထိန်းသိမ်း ပုံ တို့ ကို စောင့် ကြည့်ရင်း သူ အချိန်ဖြုန်း လေ့ ရှိ သည်။ ခရစ္စမတ် ပွဲတော် ရောက်ခါ နီး ရက် တစ်ရက် တွင်
နေမကောင်း သည့် ငှက်နာ တစ်ကောင် ကို သူ အိမ်ထဲ
ယူလာ ခဲ့ သည်။ သူ့ အိမ် မှာ ထို ငှက် သေ သွား သည်။ သူ့ လက်ထဲ မှာ ပင် သေသွား ခြင်း
လည်း ဖြစ် နိုင် သည်။ ထို ငှက်နာ သည် သူ့ အိမ်ဘေး သစ်ပင် မှ စာဘူးတောင်း ငှက် လား၊ တခြား ငှက် မျိုး လား မည်သူ
မျှ မသိ။ ထိုငှက် တွင် "ကူးစက် ကပ်ရောဂါ အဆင့် ၄"
ဗိုင်းရပ် ကူးစက် နေ သလား၊ မည်သူမျှ မသိပါ။
အဖြူရောင် စပ် အာဖရိကန် ကျီးကန်း တစ်ကောင် ကိုလည်း
သူမွေးထားသည်။ အာဖရိက တွင် အဖြူ စပ် ကျီးကန်း
ကို အိမ်မွေး တိရစ္ဆာန် အဖြစ် မွေးလေ့ ရှိသည်။ ထို ကျီးကန်း က လိမ္မာသည်။ ဉာဏ် ကောင်း
သည်။ ဘန်ဂလို အမိုး
တွင် နားနေ ကာ အိမ် ထဲ အဝင် အထွက် ကို စောင့်ကြည့် လေ့ရှိသည်။ ဗိုက်ဆာ လျင် ဝရန်တာ သို့ ဆင်း လာပြီး တံခါး ပေါက် မှ အိမ်ထဲ ဝင် လာ သည်။
မိုနက် က သူ့ စားပွဲ မှ အစာ ပစ် ကျွေး တတ် သည်။
သူ သည် မနက် တိုင်း ကြံခင်း များကို ဖြတ် ကာ အလုပ်ခွင် သို့ လမ်းလျှောက် သွားလေ့
ရှိသည်။ ဤ ခရီးမှာ ၂မိုင် ခန့် ရှိ၏။ ခရစ္စမတ် ကာလ တွင် စိုက်ခင်း များကို မီးရှို့
ပြုပြင်ထား သည်။ ကြံခင်း
များ မှာ မီးလောင်ပြင် ကဲ့သို့ ညစ်ထေး မည်းနက် နေသည်။ မီးလောင်မြေ ကို ဖြတ်လျက် မြောက်ဘက် မိုင် ၂၀ ခန့် တွင် အယ်ဂွန် တောင်
ကြီး ကို လှမ်းမြင် နိုင်သည်။
နေပူ မိုးရွာ နေဝင် နေထွက်
ရာသီဥတု အပြောင်းအလဲ ကို လိုက် ၍ အယ်ဂွန် တောင် ၏ မျက်နှာ သည် အာဖရိကန် ကပွဲ မှ မီးရောင်
များ ကဲ့သို့ စဉ်ဆက် မပြတ် ပြောင်းလဲ နေသည်။ အရုဏ်ဦး တွင် အညိုရောင် တောင်ကြော များ က နှင်းမြူ ထဲ ထိုးဆင်း နေပြီး ချွန်မတ်
သည့် တောင် ထိပ် နှစ်ခု က ကတော့ သဖွယ် မားမားမတ်မတ် ပေါ်ထွက် လာ၏။ နေထွက် လျှင် သစ်တောအုပ်
ကဲ့သို့ အစိမ်းရောင် လက်လက် ပြောင်း သွား၏။ နေမြင့် လျှင် တိမ်များ ထွက် လာ ပြီး
အယ်ဂွန်တောင် ကို ဖုံး ကွယ် ထား လိုက် သည်။ ညနေစောင်း နေကျ ချိန် တွင် တိမ်များ ထူထပ်
လာသည်။ ထို တိမ်များ သည် အပေါ်သို့ ပြန့်ကား တက် လာကာ ပန်းပဲ ဖို မှ ပေတုံး ကြီး နှင့် သဏ္ဌာန် တူ သည်။ ထိုတိမ် တို့မှ လျှပ်စီး တလက်လက် ထွက် ပေါ်လာ ၏။ တိမ်ခြေ မှာ မည်းမှောင်နေသည်။
ဝင်လုလု နေ ရောင် ဖျန်းထား ၍ တိမ်ထိပ် မှာ လိမ္မော် ရောင် မှိုင်း နေသည်။ လေထုက ပင့်
တင် တိုက်ခတ် သဖြင့် တိမ်များ မှာ ငှက်မွေး များ သဖွယ် အထက်သို့ ပြန့်ကား နေ၏။ တိမ်တို့ အပေါ်ဖက်
ကောင်းကင် မှာ မူ နက်ပြာ ရောင်ရှိ ၏။ ကြယ် လေး များ က မှိတ်တုတ် မှိတ်တုတ် ပြုနေ၏။
မိုနက် တွင် အယ်ဂွန်တောင် ၏ တောင်ဘက် အရပ် အယ်ဒိုရက် မြို့
တွင် နေသော အမျိုးသမီး မိတ်ဆွေ အချို့ ရှိသည်။ သူတို့ မှာ ဆင်းရဲ သည်။ ကတ်ထူပြား များ သံတို သံစ များ ဖြင့် ပြုလုပ်
ထား သော အခန်းငယ်လေး များ ၌ နေကြ သည်။ မိုနက် က ထို အမျိုးသမီး မိတ်ဆွေ များ ကို ငွေကြေး
ထောက်ပံ့ သည်။ အပြန်အလှန် အဖြစ် ထို
အမျိုးသမီး များ က မိုနက် ကို မေတ္တာ တုံ့နှင်း ကြ သည်။
ခရစ္စမတ် ရုံး ပိတ် ရက် တွင် အယ်ဂွန်တောင် အနီး တော စခန်း
ထွက် ရန် သူ စီစဉ် သည်။ အယ်ဒိုရက် မြို့မှ အမျိုးသမီး တစ်ဦး ကို အဖော် အဖြစ် ခေါ် ခဲ့
၏။ ထို အမျိုးသမီး ဘယ်သူ ဘယ်ဝါ ဆိုသည် ကို မည်သူမျှ မသိ ကြ ပါ။
မိုနက်နှ င့် သူ့ အဖေါ် အမျိုးသမီး
တို့ သည် လန်းရိုဘာ တစ်စီး ဖြင့် ခရီး ထွက် လာ ကြ သည်။ အန်ဒီဗက် ကမ်းပါး သို့ ဦး တည်
နေသော ဖြောင့် တန်း ရှည်လျား သည့် မြေနီ လမ်း အတိုင်း မောင်းနှင် လာ ခဲ့ သည်။
အန်ဒီဗက် ကမ်းပါး မှာ မီးတောင်
၏ အရှေ့ စူးစူး တွင် ရှိ ပြီး လူသိ များ သော ကမ်းပါးပြတ် တစ်ခု ဖြစ် သည်။ လမ်း မှာ မီးတောင် မှ ဖုန်မှုန့် များ ကြောင့်
ရဲရဲ နီ နေ ၏။ မီးတောင် ခြေ အတိုင်း မောင်း တက် လာ သည်။ ပြောင်းခင်း များ ကော်ဖီ စိုက်ခင်း
များ ကို ဖြတ်ကာ စားကျက် မြေ များ ဆီ သို့ ဦးတည် လာ ခဲ့ သည်။ ယူကလစ် ပင် တန်း များ
နောက်ကွယ် ရှိ အင်္ဂလိပ် ကိုလိုနီ ပိုင် စိုက်ပျိုး မွေးမြူရေး ခြံ ဟောင်း များ ကို
လည်း ဖြတ် လာ ခဲ့ သည်။ အမြင့် ပိုင်း ရောက် လာ သည် နှင့် အမျှ လေထု မှာ အေး စက် လာ သည်။ ထင်းရှူး ပင် များ ပေါ်
မှ လင်းယုန် များ က အတောင်ပံ တဖျပ်ဖျပ် ရိုက် ခတ် နေ ကြ သည်။
Mont Elgon (Photo http://thetreasureblog.wordpress.com) |
လွန်ခဲ့ သော နှစ် ၁၀ သန်း ခန့်
က မီးတောင် ရှင် ဖြစ် ပြီး အကြိမ် ကြိမ် ပြင်း ထန် စွာ ပေါက်ကွဲ ခဲ့ သည်။ ပေါက်ကွဲ မှု မှ ထွက်ပေါ်လာသော မီးတောင်ပြာ များ
က တောင်စောင်း ရှိ သစ်တော များ ကို အကြိမ်ကြိမ် ဖုံးလွှမ်း ခဲ့ ကာ အံ့ဩဖွယ် ကောင်း
အောင် မြင့်မား လာ ခဲ့ သည်။
သဘာဝ ၏ တိုက်စား ခြင်း ကို နှစ်ပရိစ္ဆေဒ များ စွာ မခံ ရ ခင် အယ်ဂွန်တောင် မှာ အာဖရိက
တွင် အမြင့်ဆုံးတောင် ဖြစ် ခဲ့ ပေ မည်။ ယခု အမြင့်ဆုံး ဖြစ်သော ကလီမန်ဂျို တောင် ထက်
ပင် မြင့် ခဲ့ သည်။ ယနေ့တိုင် အကြီးဆုံး အကျယ်ဝန်း
ဆုံး တောင် ဖြစ် ဆဲ ပင်။
နေထွက် လျှင် အယ်ဂွန်တောင် ၏ အရိပ် သည် အနောက် ဘက် ယူဂန်ဒါ
အတွင်း ထဲ သို့ တိုင် ကျ ရောက် သည်။ နေဝင် လျှင်
အရိပ်သည် အရှေ့ဘက် ကင်ညာ နယ် ထဲ သို့ ထိုးဝင် လာ ၏။ တောင် ရိပ် ခို ရာ အရပ် ရှိ မြိုပေါင်း
ရွာပေါင်း များစွာ တွင် လူမျိုး စု အမျိုးမျိုး နေထိုင် လျက် ရှိ သည်။ ယင်းလူမျိုး
စုများ ထဲတွင် လွန်ခဲ့သော ရာစုနှစ် များစွာ က မြောက်ဘက် မှ ပြောင်း ရွှေ့လာ ကြ သည့်
အယ်ဂွန်မာစီ ခေါ် လူမျိုး တစ်စု လည်း ပါ ဝင် သည်။ သူတို့ သည် ကျွဲ နွား များ မွေးမြူ
ထိန်းကျောင်း ခြင်း ဖြင့် အသက် မွေး ကြ သည်။
တောင် အနိမ့်ပိုင်း ဆင်ခြေ
လျော ဒေသ မှာ မိုးရေ ချိန်
သင့်တင့် သည်။ လေထု မှာ တစ်နှစ် ပတ် လုံး အေးမြ လတ်ဆတ် နေ သည်။ ဤ မီးတောင်မြေ တွင် သီးနှံ များ အလွန် ဖြစ် ထွန်း
သည်။ ထို့ကြောင့် တောင်ခြေ တွင်
ကျေးရွာ များ ပတ်ပတ် လည် တည် ရှိ နေ သည်။ မှန်မှန် တိုးပွား လျက် ရှိ သော ရွာအုပ်စု
များ က သစ်တော အစပ် တိုင် အောင် ရောက် ရှိ လာသည်။ စားကျက် မြေ ဖော် ရန် သစ်တော များ ကို ရှင်း ကြ သည်။ ထင်း
အတွက် သစ်ပင် များကို ခုတ် ကြ သည်။ ဆင် များ ကို လည်း သတ်ဖြတ် ကြ သည်။ ဤ သို့ဖြင့် မီးတောင် ဝန်းကျင် နှင့် သစ်တော အတွင်း မှီတင်း
နေထိုင် ကြသည့် တောရိုင်း တိရစ္ဆာန် တို့ ၏ သဘာဝ ကို ထိပါး လာ ခဲ့ သည်။ တော ပြုန်း
တော့ မည်။
အယ်ဂွန်တောင် ၏ နေရာ အချို့ကို
အမျိုးသားဥယျာဉ် အဖြစ်
သတ်မှတ် ထား သည်။ မိုနက် တို့သည် အမျိုးသားဥယျာဉ် အဝင်ဂိတ် တွင် ရပ်ကာ ဝင်ကြေး ပေး
သည်။ မျောက် တစ်ကောင် မှာ ထိုဂိတ်ဝ အနား
ရစ်သီ ရစ်သီ လုပ်ကာ အစာတောင်း တတ် သည်။ ထို
မျောက် မှာ ရိုးရိုးမျောက်
လား၊ ဘာဘွန်း မျောက်လွှဲကျော် လား မည်သူ မျှ မသိပေ။ မိုနက် က ငှက်ပျောသီး ဖြင့် မျှားကာ ထိုမျောက်
ကို သူ၏ ပခုံး ပေါ် ထိုင် စေ သည်။ ထို မျောက်
အစာ စား နေစဉ် သူ တုတ်တုတ်မျှ
မလှုပ်ဘဲ နေ သည်။ အဖော် အမျိုးသမီး က သဘောကျ
ကာ ရယ်မော သည်။
Colobus monkey (From Wikipedia) |
ခို များ က လည်း အပင်များ ထက်
မှ မြေပြင် ပေါ်သို့
အလျင် အမြန် ဝုန်းခနဲ ထိုးဆင်း ကာ အမဲလိုက်
လင်းယုန် များ ကို ရှောင်တိမ်း ကြ သည်။
ပတ်ဝန်းကျင်တွင် ကျွန်းပင် ပရုပ်ပင် အာဖရိကန် ထင်းရှူးပင် နှင့် အာဖရိကန် ဆီးပင်များ ပေါက်ရောက်
နေပြီး စိမ်း ညို့ ထူထဲ သော အရွက်များ က သစ်တော မျက်နှာကြက် အဖြစ် ဖုံးလွှမ်း ထားသည်။ ကယ်လီဖိုးနီးယား
မှ ဧရာမ အပင်ကြီး များ နီးပါး ကြီးသည့် အာဖရိက တွင် အကြီးမားဆုံး အပင်ကြီး များ လည်း
ရှိသည်။ ထောင်နှင့်ချီ ရှိသည့် ဆင်များ လည်း တောင်ပေါ်တွင်
ကျက်စား နေသည်။ ဆင်များ သွားလာ လှုပ်ရှားသံ သစ်ခေါက် ခွာ သံ သစ်ကိုင်း များ ချိုးဖဲ့
စားသောက် နေသံ တို့ကို လည်း ကြား ကြ ရ သည်။
ထိုနေ့ နေ့လည် တွင် ပုံမှန် အတိုင်း မိုးရွာ သည်။ မိုနက်နှင့် သူ့
အဖော် အမျိုးသမီး တို့ ရွက်ထည်တဲ ထဲ၌ သာ နေ ရ သည်။ မိုးသက် လေပြင်း က ရွက်ထည် တဲ ကို
တိုး ၀ှေ့ နေစဉ်
သူတို့ နှစ်ဦး ချစ်ရည်လူး နေ ခဲ့ ကြ ပေ မည်။ မှောင်စ ပျိုး
ချိန် တွင် မိုး စဲ သွား သည်။ မီးဖို ပြီး ညစာ ချက် သည်။
ထိုနေ့ ကား နှစ်သစ် ကူး အကြိုနေ့
တည်း။
[ရဲညွန့်ဇော်]
No comments:
Post a Comment