Friday, 30 May 2014

နေ့စဉ် မှတ်တမ်း-၅-၈၈

၂၂၊၀၄၊၁၉၈၈

     ဒီနေ့ သိပ်နေမကောင်းချင်ဘူး။ ဒီ တစ်ပတ်မှာ စိတ်ရောလူရော တော်တော် ပင်ပန်းတယ်။

     ဗုဒ္ဓဟူးနေ့။ ပိတောက်ပွင့် မိုး ရွာတယ်။ သင်္ကြန်က ပြီးခဲ့ပြီ။ ရွာတော့လည်း အလုပ်ဆင်းချိန်။ ဖယ်ရီတွေ ကလည်း အမိုး မရှိ။ မိုးရွာထဲ ဖယ်ရီပေါ် ငုတ်တုတ် ထိုင်လိုက်ရတယ်။ ရွာပေမယ့် သိပ်မသည်းလို့ တော်သေးတယ်။ နည်းနည်း စိုရုံလောက်ပါပဲ။ ဒီနှစ် မိုးစက်နဲ့ ပထမဆုံး ထိတွေ့ခြင်းပေါ့။ ညအိပ်တော့ ခေါင်းအုံ နေတယ်။ ဖျားတော့ မဖျားဘူး။

     ပိုက်ဆံ အဆင်မပြေဘူး။ ငွေလိုနေတယ်။ ဂျိုး ကျောင်းအပ်ရပြီ။ အိမ်မှာ ဝါယာလျှော့ဖြစ်ပြီး မီးပြတ်နေတယ်။ မီးကြိုးလဲရမယ်။ ငွေလိုတယ်။ မီးမရှိတော့ အိမ်ဝန်း တစ်ခုလုံး မှောင်မည်းနေတယ်။ အိမ်ရဲ့ ပတ်ဝန်းကျင်ကလည်း သိပ်မကောင်းဘူး။ သူခိုးကြောက်ရတယ်။ တစ်ခါ အခိုးခံ ထားရတော့ ဂရုစိုက် နေရတယ်။ အိမ်ငှားတွေက မော်လမြိုင်ကို သွားတယ်။ မေမေ နဲ့ ဂျိုး က သူတို့ အခန်း မှာ စောင့်အိပ် ပေးရတယ်။ ကျွန်တော် က အောက်ထပ် ကို ဆင်းပြီး အိပ်တယ်။ သူခိုး ခိုးလို့ ကိုယ့်ပစ္စည်း ပါတာ တော်ဦးမယ်၊ သူများ ပစ္စည်းပါရင် ဒုက္ခ။ ကောင်းကောင်းအိပ်မပျော်ဘူး။ ကြမ်းပိုး ကလည်း ကိုက်သေးတယ်။ အိပ်ရာ ဘေးမှာလည်း လက်နှက် အစုံ ချထားရတယ် ဓါး၊ လှံ၊ တုတ် အစုံပဲ။ အိမ်ငှား တွေရဲ့ မှန်အိမ် ပြောင်း ကလည်း ကျွန်တော် နဲ့ တိုက်မိပြီး ကွဲသွား သေးတယ်။ မမ က ပြောတယ်၊ အိမ်မှာ ဖန် မှန် ကွဲရင် တခြားအိမ်မှာ တစ်ပတ် တိတိ သွားနေရမယ်လို့ ဗေဒင် က ဟောထားတယ်တဲ့။ ဘာကြီးပဲ ဟောဟော တခြားအိမ်မှာ တော့ သွားမအိပ် နိုင်ပါဘူး။ မီးကြိုး ဝယ်ဖို့ ကြည်စိုး ကို မေးကြည့်တယ်။ အိမ်မှာ လဲ ဖို့ ၂၀၀ လောက်ကျမယ်တဲ့။ မှာခဲ့တယ်။ ဦးမြင့်သိန်း က ကျွန်တော့်ကို ၁၀၀ ချေးတယ်။ ဦးထွန်းထွန်း က ဂျိုး ကို ၅၀ ချေးတယ်။ ဒေါ်အေးမေ က ၃၀၀၊ တင်တင်သန်း အမေ က ၁၀၀၊ မေမေ့ ကို ချေးတယ်။ သူများ ဆီက ငွေ ချေး တာမျိုး လုံးဝမလုပ်ချင်ဘူး။ ဘယ်ကမှ ငွေဝင်စရာ မရှိတော့ ချေး ရပြန်တယ်။ မီးကြိုးလဲ ဖို့ နဲ့ ဂျိုး ကျောင်း အပ်ဖို့ ရပြီ။ ဒါပေမဲ့ စိတ်တော်တော်ပင်ပန်းတယ်။

     ကြာသပတေးနေ့ အလုပ်ဆင်းချိန် မိုးရွာတယ်။ ရွာတာမှ သည်းသည်း မည်းမည်း ကိုရွာတာ။ တကယ့် မိုးတွင်း ရောက်နေသလို လေကြီးမိုးကြီး ကျတာ။ ဖယ်ရီ ကား က အမိုးမပါဘူး။ အလုပ်သမားတွေ အားလုံး မိုးရွာထဲ ငုတ်တုတ်ပေါ့။ တချို့ ထီးထုတ်ဆောင်းပေမဲ့ ကားမောင်းနေတဲ့ အရှိန် ကြောင့် မလုံပါဘူး။ မိုးစက်တွေ က စွေစောင်းစောင်း ကျလာတယ်။ လေ အရှိန်၊ ကားအရှိန် ကြောင့် မိုးစက်တွေ နဲ့ ထိလိုက်ရင် ရေခဲစ လေးတွေ နဲ့ ထိသလို စူးသွားတယ်။ အလုပ် ကနေ အိမ်နားက ကားဂိတ် အထိ ၁ နာရီလောက် မောင်းရတယ်။ မိုးကလည်း တောက်လျှောက်ရွာနေတာ။ အိမ်ရောက်တဲ့ အထိပဲ။ ချမ်းလိုက်တာ။ သွား ချင်း ရိုက်ကုန်တယ်။ အိမ်ရောက်တော့ ကိုယ်ပူ လာတယ်။ ခေါင်းအုံ ပြီး ကိုက်တယ်။ လက်တွေ ထုံနေတယ်။ ဖျားတော့ မယ်ထင်ရဲ့။ ဖြစ်ချင်တာ ဖြစ် ဆိုပြီး ဆေးမသောက်တော့ဘူး။ ထမင်းစားတော့ ချဉ်ပေါင်ကြော်နဲ့ စားတယ်။ မိုးငွေ့ မိုးသက် တွေ ဝိုင်းနေတော့ တော်တော်အေးတယ်။ အိပ်ရာ ထဲ စောင်နှစ်ထပ်ခြုံ ပြီး အိပ်လိုက်တာ မိုးလင်း တဲ့အထိ တစ်ရေးပဲ။ မနက်အိပ်ရာထတော့ နေကောင်းတယ်။ မဖျားဘူး။ ခေါင်းမကိုက်ဘူး။ တော်ပါသေးရဲ့။

     သောကြာနေ့။ နေ့ခင်း ကြည်စိုး နဲ့ တွေ့တယ်။ ညနေ ၃ နာရီ ကျော်ကျော်ဝင်း လက်ဖက်ရည်ဆိုင်မှာ တွေ့မယ်လို့ ပြောတယ်။ ၃ နာရီ ထိုးတော့ Early pass နဲ့ ထွက်လာတယ်။ ညနေ အချိန်ပို မဆင်းတော့ဘူး။ ကြည်စိုး နဲ့ တွေ့ပြီး အိမ်ပြန်လာခဲ့တယ်။

 

     ဒီနေ့ စနေနေ့။ လျှပ်စစ်ရုံးက မီးသမားလာတယ်။ တိုင် အသစ်စိုက်ပြီး မီးကြိုး ပြန်သွယ်ရတယ်။ မီးသမား ကို ၃၀ ပေးရတယ်။ မီးကြိုး ပြန်သွယ်ပြီး မီးရပြီ ဆိုတော့မှ တစ်ရပ်ကွက်လုံး မီးပြတ် သွားပါလေရော။ နေ့ခင်း လာမယ့် ဘောလုံးပွဲ သတင်း အတိုအထွာလေးတောင် မကြည့်ရတော့ဘူး။ ကောင်းပါလေ့။


၂၂၊၀၄၊၁၉၈၈
     ဒီေန႔ သိပ္ေနမေကာင္းခ်င္ဘူး။ ဒီ တစ္ပတ္မွာ စိတ္ေရာလူေရာ ေတာ္ေတာ္ ပင္ပန္းတယ္။
     ဗုဒၶဟူးေန႔။ ပိေတာက္ပြင့္ မိုး ရြာတယ္။ သႀကၤန္က ၿပီးခဲ့ၿပီ။ ရြာေတာ့လည္း အလုပ္ဆင္းခ်ိန္။ ဖယ္ရီေတြ ကလည္း အမိုး မရွိ။ မိုးရြာထဲ ဖယ္ရီေပၚ ငုတ္တုတ္ ထိုင္လိုက္ရတယ္။ ရြာေပမယ့္ သိပ္မသည္းလို႔ ေတာ္ေသးတယ္။ နည္းနည္း စိုရံုေလာက္ပါပဲ။ ဒီႏွစ္ မိုးစက္နဲ႔ ပထမဆံုး ထိေတြ႔ျခင္းေပါ့။ ညအိပ္ေတာ့ ေခါင္းအံု ေနတယ္။ ဖ်ားေတာ့ မဖ်ားဘူး။
     ပိုက္ဆံ အဆင္မေျပဘူး။ ေငြလိုေနတယ္။ ဂ်ိဳး ေက်ာင္းအပ္ရၿပီ။ အိမ္မွာ ဝါယာေလွ်ာ့ျဖစ္ၿပီး မီးျပတ္ေနတယ္။ မီးႀကိဳးလဲရမယ္။ ေငြလိုတယ္။ မီးမရွိေတာ့ အိမ္ဝန္း တစ္ခုလံုး ေမွာင္မည္းေနတယ္။ အိမ္ရဲ႕ ပတ္ဝန္းက်င္ကလည္း သိပ္မေကာင္းဘူး။ သူခိုးေၾကာက္ရတယ္။ တစ္ခါ အခိုးခံ ထားရေတာ့ ဂ႐ုစိုက္ ေနရတယ္။ အိမ္ငွားေတြက ေမာ္လၿမိဳင္ကို သြားတယ္။ ေမေမ နဲ႔ ဂ်ိဳး က သူတို႔ အခန္း မွာ ေစာင့္အိပ္ ေပးရတယ္။ ကၽြန္ေတာ္ က ေအာက္ထပ္ ကို ဆင္းၿပီး အိပ္တယ္။ သူခိုး ခိုးလို႔ ကိုယ့္ပစၥည္း ပါတာ ေတာ္ဦးမယ္၊ သူမ်ား ပစၥည္းပါရင္ ဒုကၡ။ ေကာင္းေကာင္းအိပ္မေပ်ာ္ဘူး။ ၾကမ္းပိုး ကလည္း ကိုက္ေသးတယ္။ အိပ္ရာ ေဘးမွာလည္း လက္ႏွက္ အစံု ခ်ထားရတယ္ ဓါး၊ လွံ၊ တုတ္ အစံုပဲ။ အိမ္ငွား ေတြရဲ႕ မွန္အိမ္ ေျပာင္း ကလည္း ကၽြန္ေတာ္ နဲ႔ တိုက္မိၿပီး ကြဲသြား ေသးတယ္။ မမ က ေျပာတယ္၊ အိမ္မွာ ဖန္ မွန္ ကြဲရင္ တျခားအိမ္မွာ တစ္ပတ္ တိတိ သြားေနရမယ္လို႔ ေဗဒင္ က ေဟာထားတယ္တဲ့။ ဘာႀကီးပဲ ေဟာေဟာ တျခားအိမ္မွာ ေတာ့ သြားမအိပ္ ႏိုင္ပါဘူး။ မီးႀကိဳး ဝယ္ဖို႔ ၾကည္စိုး ကို ေမးၾကည့္တယ္။ အိမ္မွာ လဲ ဖို႔ ၂၀၀ ေလာက္က်မယ္တဲ့။ မွာခဲ့တယ္။ ဦးျမင့္သိန္း က ကၽြန္ေတာ့္ကို ၁၀၀ ေခ်းတယ္။ ဦးထြန္းထြန္း က ဂ်ိဳး ကို ၅၀ ေခ်းတယ္။ ေဒၚေအးေမ က ၃၀၀၊ တင္တင္သန္း အေမ က ၁၀၀၊ ေမေမ့ ကို ေခ်းတယ္။ သူမ်ား ဆီက ေငြ ေခ်း တာမ်ိဳး လံုးဝမလုပ္ခ်င္ဘူး။ ဘယ္ကမွ ေငြဝင္စရာ မရွိေတာ့ ေခ်း ရျပန္တယ္။ မီးႀကိဳးလဲ ဖို႔ နဲ႔ ဂ်ိဳး ေက်ာင္း အပ္ဖို႔ ရၿပီ။ ဒါေပမဲ့ စိတ္ေတာ္ေတာ္ပင္ပန္းတယ္။
     ၾကာသပေတးေန႔ အလုပ္ဆင္းခ်ိန္ မိုးရြာတယ္။ ရြာတာမွ သည္းသည္း မည္းမည္း ကိုရြာတာ။ တကယ့္ မိုးတြင္း ေရာက္ေနသလုိ ေလႀကီးမိုးႀကီး က်တာ။ ဖယ္ရီ ကား က အမိုးမပါဘူး။ အလုပ္သမားေတြ အားလံုး မိုးရြာထဲ ငုတ္တုတ္ေပါ့။ တခ်ိဳ႕ ထီးထုတ္ေဆာင္းေပမဲ့ ကားေမာင္းေနတဲ့ အရွိန္ ေၾကာင့္ မလံုပါဘူး။ မိုးစက္ေတြ က ေစြေစာင္းေစာင္း က်လာတယ္။ ေလ အရွိန္၊ ကားအရွိန္ ေၾကာင့္ မိုးစက္ေတြ နဲ႔ ထိလိုက္ရင္ ေရခဲစ ေလးေတြ နဲ႔ ထိသလုိ စူးသြားတယ္။ အလုပ္ ကေန အိမ္နားက ကားဂိတ္ အထိ ၁ နာရီေလာက္ ေမာင္းရတယ္။ မိုးကလည္း ေတာက္ေလွ်ာက္ရြာေနတာ။ အိမ္ေရာက္တဲ့ အထိပဲ။ ခ်မ္းလိုက္တာ။ သြား ခ်င္း ႐ိုက္ကုန္တယ္။ အိမ္ေရာက္ေတာ့ ကိုယ္ပူ လာတယ္။ ေခါင္းအံု ၿပီး ကိုက္တယ္။ လက္ေတြ ထံုေနတယ္။ ဖ်ားေတာ့ မယ္ထင္ရဲ႕။ ျဖစ္ခ်င္တာ ျဖစ္ ဆိုၿပီး ေဆးမေသာက္ေတာ့ဘူး။ ထမင္းစားေတာ့ ခ်ဥ္ေပါင္ေၾကာ္နဲ႔ စားတယ္။ မိုးေငြ႔ မိုးသက္ ေတြ ဝိုင္းေနေတာ့ ေတာ္ေတာ္ေအးတယ္။ အိပ္ရာ ထဲ ေစာင္ႏွစ္ထပ္ျခံဳ ၿပီး အိပ္လိုက္တာ မိုးလင္း တဲ့အထိ တစ္ေရးပဲ။ မနက္အိပ္ရာထေတာ့ ေနေကာင္းတယ္။ မဖ်ားဘူး။ ေခါင္းမကိုက္ဘူး။ ေတာ္ပါေသးရဲ႕။
     ေသာၾကာေန႔။ ေန႔ခင္း ၾကည္စိုး နဲ႔ ေတြ႔တယ္။ ညေန ၃ နာရီ ေက်ာ္ေက်ာ္ဝင္း လက္ဖက္ရည္ဆိုင္မွာ ေတြ႔မယ္လို႔ ေျပာတယ္။ ၃ နာရီ ထိုးေတာ့ Early pass နဲ႔ ထြက္လာတယ္။ ညေန အခ်ိန္ပို မဆင္းေတာ့ဘူး။ ၾကည္စိုး နဲ႔ ေတြ႕ၿပီး အိမ္ျပန္လာခဲ့တယ္။

     ဒီေန႔ စေနေန႔။ လွ်ပ္စစ္႐ံုးက မီးသမားလာတယ္။ တိုင္ အသစ္စိုက္ၿပီး မီးႀကိဳး ျပန္သြယ္ရတယ္။ မီးသမား ကို ၃၀ ေပးရတယ္။ မီးႀကိဳး ျပန္သြယ္ၿပီး မီးရၿပီ ဆိုေတာ့မွ တစ္ရပ္ကြက္လံုး မီးျပတ္ သြားပါေလေရာ။ ေန႔ခင္း လာမယ့္ ေဘာလံုးပြဲ သတင္း အတိုအထြာေလးေတာင္ မၾကည့္ရေတာ့ဘူး။ ေကာင္းပါေလ့။

No comments:

Post a Comment